Skip to main content

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ေ...



ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၏ တောင်းဆိုချက်များအား လျစ်လျူရှု၍ မဆုံးဖြတ်ရန် ရခိုင်အမျိုးသားကွန်ရက် တောင်းဆို



ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်တို့အား လျစ်လျူရှု၍ ဆုံးဖြတ်သည်တို့ကို ရှောင်ရှားရန် အထူးလိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က မတ် ၁၅ ရက်က ပြုလုပ်သည့် နှစ်နှစ်ပြည့်အခမ်းအနား သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။



“ပြည်သူကို ဗဟိုပြုပြီး ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ခဲ့တာမျိုးတွေ မရှိဘူး။ ဒီအချက်တွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ အများကြီး လိုအပ်တယ်”ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။



ထို့ပြင် ပြည်ထောင်စုအစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရတစ်ရပ်ဆီသို့ အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေပါသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် အဘက်ဘက်တွင် ပြုပြင်ပြောင်းလဲမှုများ ရှိနေသည်ဟု ယူဆရလောက်အောင် ထူးခြားသည့် အပြောင်းအလဲဟူ၍ မတွေ့ရှိရကြောင်းလည် ကြေညာချက်တွင် ထောက်ပြထားသည်။



ယင်းထောက်ပြမှုအပေါ် ဦးတင်ထူးအောင်က “ အခုထိ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေအနေတစ်ရပ်အထိ တိုးတက်အောင် လုပ်ကိုင်နေတာ မတွေ့ရဘူး။ ဒုက္ခသည် ပြဿနာ၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့ ရခိုင်မျိုးနွယ်စုတွေ ရှိတယ်။ အဲလိုပြဿနာတွေကိုလည်း မဖြေရှင်းနိုင်သေးဘူး။ နောက်ထပ် တရားဥပဒေ စိုးမိုးမှုကိုလည်း မဖြေရှင်းနိုင်ဘူး။ ဒါက လက်ရှိအစိုးရကို ထောက်ပြတာဖြစ်သလို ပြည်သူလူထုလည်း သိစေချင်လို့ပါ” ဟု ပြောကြားသည်။



ပဋိပက္ခများဖြစ်ပွားရခြင်း အကြောင်းရင်းများအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် သိရှိထားပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း နှင့် ဘင်္ဂါလီပြဿနာများကို ဖြေရှင်းရန် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို အလေးထားသော စီမံကိန်းတစ်ရပ်ကို ချမှတ်ကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ အမြန်ဆုံးစစ်ဆေး အရေးယူပေးပါရန်လည်း ရခိုင်အမျိုးသားကွန်ရက်က တောင်းဆိုထားသည်။



ရခိုင်အမျိုးသားကွန်ရက်အနေဖြင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအကြမ်းဖက်သမားများက ရခိုင်ပြည်သူလူထုအား ထပ်မံဒုက္ခမပေးနိုင်အောင် ကာကွယ်သွားရန်၊ ၎င်းတို့၏ နိုင်ငံသားဖြစ်လိုမှု မူဝါဒအပေါ်တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးမှ တိုင်းပြည်အန္တရာယ်အဖြစ် သိမြင်နားလည်ပြီး စုပေါင်းကာကွယ်နိုင်အောင် လုပ်ဆောင်သွားရန်၊ အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးဘ၀တို့ကို ဖျက်ဆီးမရနိုင်ရန်အတွက် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်သွားရန်ဟူသော မဟာဗျူဟာများ ချမှတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1fLDEeT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...