Skip to main content

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ



အောက်တိုဘာ ၂၁ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် တာ့ဖါဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ တပ်ဆုတ် လိုက်သည့် နောက်ပိုင်း အစိုးရတပ်များလည်း တပ်ဆုတ်မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေး သော်လည်း တပ်များ မဆုတ်သေးဘဲ အင်အား ထပ်ဖြည့်နေသည်ဟု ဆိုသည်။


အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံတပ်ရင်း များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ်တန်း ၁၀ စီးထက်မနည်း၊ စစ်သည်အင်အား ၂၀၀ ကျော် ပို့ဆောင်နေသည်ဟု ဒေသခံ များကပြောသည်။


“အခုက တအားထူးခြားတယ်။ အင်အားဖြည့်လာတဲ့ ဗမာတပ်က စစ်ကားကြီးနဲ့ မဟုတ်တော့ဘူး၊ ဆောက်လုပ်ရေးကာနဲ့လာတား၊ စစ်ယူနီဖေါင်းလည်းမဝတ်ဘူး၊ အရပ်ဝတ်နဲ့လာတာ၊ သေနတ်လဲ ဖွက်လာတယ်။ လားရှိုးဘက်က လာတာလဲဒီလိုဘဲ။ ခိုလမ်ဘက်ကနေလာတာလဲဒီလိုဘဲ” - ဟု ခလရ ၂၈၆ မိုင်းနောင်နှင့်နီးစပ်သည့် သူတဦးကပြောသည်။


ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖါဆောင်တပ်စခန်းတွင်လည်း အစိုးရတပ် အစားထိုးတပ်ချ နေကြောင်း၊ တပ်ဆုတ်မည့်အလားအလာမမြင်ရသည့်အပြင် ဒေသခံများအား သစ်၊ ဝါး၊ သက်ကယ် နှင့် လုပ်အားများ ပေးရန် နေ့စဉ်ဆင့်ဆိုနေကြောင်း ဒေသခံများကပြောသည်။


“ရလခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်ကပြောတယ်။ တာ့ဖါဆောင်ကို လာတိုက်တဲ့ တပ်စခန်းတွေ ဆုတ် ပေးမယ်တဲ့။ တပ်ရင်း နှစ်ရင်း ဝင်ပြီး ၅ ရင်းထွက်မယ်တဲ့။ ပြန်ထွက်မဲ့အလားအလာမရှိဘူး။ တပ်စခန်း တွေ ခံတုတ်ကျင်းတွေတောင် ပြင်ဆင်နေသေးတယ်။ မိုင်းရှူးဘက်မှာလဲ မိုင်းအွတ်ဘက် စစ်ယာဉ် တန်းကား ၁၀ စီးသွားတယ်။ တန့်ယန်းဘက်ကတော့ ၁၇ ရက်နေ့ကတည်းက ၆ စီးဆင်းလာတာ တွေရှိတယ်” - ဟု ရှေ့တန်းတပ်မှူး တဦးက ပြောသည်။


ရလခ တိုင်းရုံးလက်အောက်ခံ စစ်ဗျူဟာကမူ - ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စု တာဖါဆောင်၊ ပန်စယ့်၊ လွယ်ရွဲ ဒေသ အတွင်းကနေ ၅ ရက်အတွင်း တပ်များအားလုံးဆုတ်ပေးရန်၊ တပ်ဆုတ်ပေးခြင်း မရှိက ပြင်းထန်သည့် တိုက်ပွဲဆင်နွဲတိုက်ခိုက်မည်ဟု SSPP/SSA အား ခြိမ်းခြောက်ထားသည်ဟု ဌာန ချုပ်ရုံးအရာရှိ ဗိုလ်မှူး တဦးကပြောသည်။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည် မှာ သုံးနှစ်ရှိတော့မည်ဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်တန့်နိုင်ခြင်းမရှိသေးဘဲ နယ်မြေကျူးကျော် အခြေချမှုဟု စွပ်စွဲကာ စခန်းသိမ်းတိုက်ပွဲများ အစိုးရတပ်မတော်ဘက်မှ ပြုလုပ်နေဆဲဖြစ်သည်။


သျှမ်းသံတော်ဆင့်

http://ift.tt/1lQu8oX






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10kcM1c

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...