Skip to main content

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များလက်မှ ISIS စစ်သွေးကြွများ ကသိမ်းပိုက်



ဒမတ်စကတ် ၊ ၂၂-၁၀-၂၀၁၄

ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များ လက်မှ ယမန်နေ့တွင် သိမ်းပိုက်နိုင် ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ခဲ့သည်။


ISIS စစ်သွေးကြွ များသည် နိုင်ငံအတွင်း တိုက်ခိုက်မှု များကို နှစ်လခန့် အကြာ ပြုလုပ် နေခဲ့သော်လည်း ပထမဆုံး အကြိမ် အဖြစ် အဆိုပါမြို့ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု များအတွင်း နှစ်ဖက် စလုံးမှအများအပြား သေဆုံး ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သေဆုံးသူ အရေအတွက် အတိအကျ ကိုမူ အဆိုပါ စောင့်ကြည့် လေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။


အဆိုပါမြို့သည် မြို့တော် ဒမတ်စကတ်မှ အရှေ့မြောက် ဘက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိပြီး အီရတ်နိုင်ငံ နယ်စပ်အနီး တွင် တည်ရှိသည်။


အမေရိကန် နှင့် ညွန့်ပေါင်းတပ် များ၏ လေကြောင်းမှ တိုက်ခိုက်မှု ကိုခံရခဲ့သည့် ISIS စစ်သွေးကြွ များ၏ ဒီယားအယ်လ်ဇောမြို့ အနီးရှိ စက်မှုဇုန် အပါအဝင် ဒေသ အများအပြား ကို သိမ်းပိုက် ထားနိုင်ခဲ့ပြီး ယခု အခါတွင် အဆိုပါမြို့၏ ထက်ဝက်ခန့်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ISIS စစ်သွေးကြွ များသည် ယင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အတွက် စစ်ကူများကို လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက ခေါ်ယူခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ရာမီအဗ္ဗဒူရာမင် က ပြောကြား ခဲ့ကြောင်း သိရသည်။


ISIS စစ်သွေးကြွ များသည် တစ်ချိန်တည်း မှာပင် ဆီးရီးယားနိုင်ငံ နှင့် တူရကီနယ်စပ် ရှိ ကိုဘာနီမြို့ ကို သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် တိုက်ခိုက်လျက် ရှိသော်လည်း ယင်း ဒေသအတွင်း ရှိ ကာ့ဒ်တပ်ဖွဲ့ဝင် များက ၄င်းတို့ကို ခုခံ တိုက်ခိုက်လျက် ရှိသည့်အပြင် အမေရိကန် နှင့် ညွန့်ပေါင်းတပ် များကလည်း ISIS စစ်သွေးကြွ များ၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသောကြောင့် ISIS စစ်သွေးကြွ အများအပြား သေဆုံး ခဲ့ကြောင်း သိရသည်။


#PyiChitThar

http://ift.tt/1rcUQf0






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rcUQf4

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3