Skip to main content

မြောက်ကိုရီးယားက ဖမ်းထားတဲ့ အမေရိကန်တဦးကို လွှတ်ပေး



မြောက်ကိုရီးယား အစိုးရဟာ သူတို့ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ အမေရိကန် နိုင်ငံသား ၃ ဦးထဲက တဦးဖြစ်တဲ့ Jeffrey Fowle ကို ရုတ်တရက် ပြန်လွှတ် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၂ ဦးကိုတော့ ဆက်ပြီး ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။

Mr. Fowle ဟာ မြောက်ကိုရီးယားကနေ ထွက်လာပြီး အမေရိကန် ပြည်ထောင်စု ကို ပြန်လာနေပြီလို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။


မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်နဲ့ ရောက်ရှိသွားတဲ့ Mr. Fowle ဟာ ဒီနှစ်အစောပိုင်းက စားသောက်ဆိုင်မှာ သမ္မာကျမ်းစာအုပ် ကျန်ခဲ့ပြီးနောက် ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။


သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုးမရှိဘဲ သူ့မိသားစုကလည်း သူဟာ ခရစ်ယာန် သာသနာပြုဖို့ မြောက်ကိုရီးယားကို သွားတာမဟုတ်ဘူးလို့ ငြင်းဆိုနေတာပါ။


အခု Mr. Fowle ကို ပြန်လွှတ်ပေးလိုက်တာကို အမေရိကန် အရာရှိတွေက ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြန်မလွတ်သေးတဲ့ နောက်ထပ် ၂ ယောက်အတွက် စိုးရိမ်နေဆဲပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ပြောပါတယ်။ ပြန်လွတ်လာတဲ့ Mr. Fowle ကိုတော့ ဆရာဝန်နဲ့ စစ်ဆေးပေးပြီး ကျန်းကျန်းမာမာရှိပါတယ်လို့ Ms. Harf ကပဲ ပြောပါတယ်။


ဖမ်းခံနေရဆဲ ၂ ဦးဖြစ်တဲ့ Kenneth Bae နဲ့ Matthew Miller တို့မှာတော့ Mr. Miller ကို မြောက်ကိုရီးယား အစိုးရအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချထားတာပါ။ Mr. Bae ကိုလည်း အလားတူ ပြစ်မှုနဲ့ပဲ ထောင်ဒဏ် ၁၅ နှစ် ပစ်ဒဏ်ချထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

http://ift.tt/1t9X8Bw






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1t9X7xk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...