Skip to main content

ဓါးထောက် လုယက်သူ ဓါးဒဏ်ရာနဲ့ သေဆုံးခဲ့ ပြီးနောက် လုယက်ခဲ့ မှု(၁၄)မှု ထပ်မံပေါ်ပေါက်



ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်း ကျဆင်းရေးနှင့် ပြည်သူ့ ဘဝလုံခြုံရေး စီမံချက်အား အရှိန်မြှင့် ဆောင်ရွက်လျက်ရှိစဉ် လုယက်မှုမှ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ စစ်ဆေးရာမှ လှိုင်သာယာမြို့နယ်အတွင်း လုယက်ခဲ့ မှု(၁၄)မှု ထပ်မံပေါ်ပေါက်

ရန်ကုန်၊ အောက်တိုဘာ ၂၀


၂၃.၉.၂၀၁၄ရက်နေ့ ၂၀၅၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)၊ ဦးရွှေဘင်လမ်းသွယ်၌ အောင်ကိုချစ်နှင့် မမိုးသန္တာတို့(၂)ဦးအား လှိုင်သာယာ မြို့နယ်နေသူများ ဖြစ်သည့် ၀င်းထွဋ်ဦး၊ ဇွဲ(ခ) စိုးဇင်ဇင်နှင့် စာပေါက်(ခ) အောင်စစ်မျိုးတို့(၃)ဦးမှ ထိုးကြိတ်ကြပြီး ဓါးထောက်ကာ မမိုးသန္တာအောင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုးအား လုယက်ခဲ့ကြသဖြင့် အောင်ကိုချစ်နှင့် ပြန်လည်လုံးထွေး သတ်ပုတ်စဉ် ၀င်းထွဋ်ဦးမှာဓါးဒဏ်ရာရ သေဆုံးခဲ့မှုဖြစ်ပွား ခဲ့ပါသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်တိုင်ကြား ခဲ့ကြသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းတွင် ၀င်းထွဋ်ဦး သေဆုံးခဲ့ရမှုအား (ပ)၁၃၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့်လည်းကောင်း၊ မမိုးသန္တာအောင်နှင့် အောင်ကိုချစ်တို့(၂)ဦး လုယက်ခံရမှုအား (ပ)၁၃၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် လည်းကောင်း အမှုများအသီးသီးရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး စစ်ဆေး ခဲ့ပါသည်။


အဆိုပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သူ လှိုင်သာယာမြို့နယ်နေ ဇွဲ(ခ)စိုးဇင်ဇင် (၂၁)နှစ်နှင့် စာပေါက် (ခ)အောင်စစ်မျိုး၊(၂၁)နှစ်တို့အား အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေး ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် လှိုင်သာယာမြို့နယ်နေ သူငယ်ချင်းများဖြစ်သော အာကာ(ခ)အာကာစိုး၊ တုတ်တုတ်(ခ)လွင်ကိုကိုနိုင်၊ ဖိုးချက်(ခ)ရာဇာထွန်း၊ ရဲကြီး(ခ)ရဲသူရ၊ ခွေးဘီလူး (ခ)သိန်းသန်းဝင်း၊ ချွတ်နား(ခ)၀င်းမင်းထွန်းတို့နှင့်အတူ လှိုင်သာယာမြို့နယ် အတွင်းရှိ လူအသွားအလာ နည်းပါး၍ အမှောင်ကျသော နေရာများတွင် ချိန်းတွေ့ လေ့ရှိသည့် သမီးရည်းစား စုံတွဲများထံမှ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများကို အကြိမ်ကြိမ်လုယက်ယူဆောင်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


ထိုသို့ပေါ်ပေါက်ချက်အရ ၎င်းတို့အား ဖမ်းဆီးရမိရေး အတွက် မြောက်ပိုင်း ခရိုင်မှုခင်း နှိမ်နင်းရေးမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၅.၉.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာ မြို့နယ်နေသူများဖြစ်သည့် ရဲကြီး(ခ)ရဲသူရ၊(၂၆)နှစ် ၊ ဖိုးချက်(ခ)ရာဇာထွန်း (၁၈)နှစ်တို့(၂)ဦးအားလည်းကောင်း၊ ၆.၁၀.၂၀၁၄ ရက်နေ့တွင် ခွေးဘီလူး(ခ) သိန်းသန်းဝင်း၊ (၂၅)နှစ်နှင့် ချွတ်နား(ခ)ဝင်းမင်းထွန်း၊ (၁၉)နှစ်တို့(၂)ဦးအား လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။


ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများဖြစ်သော အာကာ(ခ)အာကာစိုးနှင့် တုတ်တုတ်(ခ)လွင်ကိုကိုနိုင် (၂)ဦးမှာ ဒလမြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့် ဖမ်းဆီးထားရှိပြီး အရေးယူခံထားရကြောင်း သိရှိရပါသည်။


ထိုသို့ဖမ်းဆီးရမိခဲ့သည့် ဇွဲ(ခ)စိုးဇင်ဇင်၊ စာပေါက်(ခ)အောင်စစ်မျိုး၊ ရဲကြီး(ခ) ရဲသူရ၊ ဖိုးချက်(ခ) ရာဇာထွန်း၊ ခွေးဘီးလူ(ခ)သိန်းသန်းဝင်း၊ ချွတ်နား(ခ) ဝင်းမင်းထွန်း၊ အာကာ(ခ)အာကာစိုး၊ တုတ်တုတ်(ခ)လွင်ကိုကိုနိုင်တို့(၈)ဦး အား လုယက်မှုများနှင့် ပတ်သက်၍ အသေးစိတ်တိုက်ဆိုင် စစ်ဆေးခဲ့ပါသည်။


စစ်ဆေးချက်များအရ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်းက စာပေါက်(ခ)အောင်စစ်မျိုး၊ ရဲကြီး(ခ)ရဲသူရ၊ ဖိုးချက်(ခ)ရာဇာထွန်းတို့(၃)ဦးသည် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)၊ မင်းသိဒ္ဓိကျော်စွာလမ်း၊ ခေတ်သစ်ပွဲရုံအနီးတွင် သမီးရည်းစား စုံတွဲထံမှ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးအား လည်းကောင်း၊ ဇွဲ(ခ)စိုးဇင်ဇင်၊ အာကာ(ခ)အာကာစိုးနှင့် ချစ်ကိုတို့(၃)ဦးသည် ပန်းလှိုင်ဂေါက်ကွင်း အနီးတွင် သမီးရည်းစားစုံတွဲထံမှ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင် ဖုန်း(၁)လုံးအားလည်းကောင်း၊ အာကာ(ခ)အာကာစိုး၊ ဇွဲ(ခ)စိုးဇင်ဇင်၊ ခွေးဘီလူး(ခ)သိန်းသန်းဝင်းနှင့် ချွတ်နား(ခ)၀င်းမင်းထွန်းတို့ (၄)ဦးသည် စက်မှုဇုန်(၅)အတွင်း သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၈)ပဲ ခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအားလည်းကောင်း၊ ဇွဲ(ခ)စိုးဇင်ဇင်နှင့် အာကာ(ခ) အာကာစိုးတို့(၂)ဦးသည် စက်မှုဇုန်(၁)၊ ဆိပ်ကမ်းသာလမ်းတွင် မိန်းမလျာစုံတွဲ (၁)တွဲထံမှ HUAWEI အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အား လည်းကောင်း လုယူခဲ့ကြပြီး ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


၎င်းအပြင် သြဂုတ်လအတွင်းက စာပေါက်(ခ)အောင်စစ်မျိုး၊ ရဲကြီး(ခ)ရဲသူရ၊ ဖိုးချက်(ခ)ရာဇာထွန်း တို့(၃)ဦးသည် (၇)ရပ်ကွက်၊ ဘုရင့်နောင်ပန်းခြံလမ်းတွင် သမီးရည်းစားစုံတွဲထံမှ Coolpad အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံးအားလည်းကောင်း၊ အပြင်ပဒံကျေးရွာ၊ ရွှေသံလွင်ဝင်း အတွင်းတွင် သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၆)ပဲခန့်ရှိ MC ရွှေဆွဲကြိုး(၁)ကုံးအား လည်းကောင်း၊ ဇွဲ(ခ)စိုးဇင်ဇင်၊ အာကာ(ခ)အာကာစိုး၊တုတ်တုတ်(ခ)လွင်ကိုကိုနိုင် နှင့် ဖိုးချက်(ခ)ရာဇာထွန်းတို့ (၄)ဦးသည် စက်မှုဇုန်(၂)၊ အောင်သူလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်တွင် သမီးရည်းစားစုံတွဲထံမှ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊ ၂၇.၈.၂၀၁၄ ရက်နေ့ တွင် ညောင်ရွာ၊ (၅၅၅)သဲကွင်း၊ ဆိပ်ကမ်းသာလမ်းဘေးရှိ သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၇)ပဲ (၅)ရွေးခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအားလည်းကောင်း၊ စာပေါက်(ခ)အောင်စစ်မျိုး၊ ဇွဲ(ခ)စိုးဇင်ဇင်နှင့် အာကာ(ခ)အာကာစိုးတို့(၃)ဦးသည် ရွှေလင်ဗန်းစက်မှုဇုန်၊ အုန်းတောတံတားအနီးတွင် သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၅)မူးသားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအားလည်းကောင်း၊ အာကာ(ခ) အာကာစိုးနှင့် တုတ်တုတ်(ခ)လွင်ကိုကိုနိုင်တို့(၂)ဦးသည် ငွေပင်လယ်စက်မှုဇုန် အတွင်း၌ သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၈)ပဲခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့် လက်စွပ်အသေး(၂)ကွင်းတို့အားလည်းကောင်း၊ ဇွဲ(ခ) စိုးဇင်ဇင်၊ အာကာ(ခ) အာကာစိုး၊ တုတ်တုတ်(ခ) လွင်ကိုကိုနိုင်တို့(၃)ဦးသည် စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းတွင် သမီးရည်းစားစုံတွဲထံမှ HUAWEI အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံးအားလည်းကောင်း၊ ဇွဲ(ခ)စိုးဇင်ဇင်၊ အာကာ (ခ)အာကာစိုးတို့(၂)ဦးသည် စက်မှုဇုန်(၂)၊ ဦးရွှေအိုးလမ်းသွယ်တွင် သမီးရည်းစားစုံတွဲထံမှ အလေးချိန်(၅)ပဲ(၁)ခြမ်းရှိ ရွှေဟန်းချိန်(၁)ခုအား လည်းကောင်းလုယူခဲ့ကြပြီး ပေါင်နှံရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


စက်တင်ဘာလအတွင်းကလည်း စာပေါက်(ခ)အောင်စစ်မျိုး၊ ရဲကြီး(ခ)ရဲသူရ၊ ဖိုးချက်(ခ)ရာဇာထွန်း တို့(၃)ဦးသည် စက်မှုဇုန်(၂)၊ အဆင့်မြင့်ကားမှတ်တိုင် အနီးတွင် သမီးရည်းစားစုံတွဲထံမှ အလေးချိန် (၂)ပဲ(၃)ရွေးရှိ မောင်းကွင်းလက်စွပ် (၁)ကွင်းအားလည်းကောင်း၊ ၂၂.၉.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်က စာပေါက် (ခ)အောင်စစ်မျိုးနှင့် ဇွဲ(ခ)စိုးဇင်ဇင်တို့(၂)ဦးသည် စက်မှုဇုန်(၁)အတွင်း၌ အမျိုးသား တစ်ဦး၏ စက်ဘီးခြင်းအတွင်းမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး အားလည်းကောင်း လုယူခဲ့ပြီး ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


ထိုသို့ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း နိုင်ခဲ့ပြီး ၎င်းတို့(၈)ဦးကို လှိုင်သာယာမြို့မရဲစခန်းနှင့် သောင်ကြီးနယ်မြေရဲစခန်း တို့တွင် အမှုများ အသီးသီးရေးဖွင့်ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်း ရာဇဝတ်မှုခင်းများ လျော့နည်းကျဆင်းရေး၊ ခိုး၊ဆိုး၊လု၊ နှိုက်များ ဖော်ထုတ်ဖမ်းဆီးရေး အထူးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

http://ift.tt/1oASl5N









from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FAsSni

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3