Skip to main content

မြန်မာ့ဆေးဖက်ဝင် ပရုတ်ပင်







Item Name -------- Camphor (ပရုတ်ပင်)

Category ------------ Raw Material

Botany Term ------- Cinnamomum camphora Nees

Species Family ----- Lauraceae

မြန်မာ နိုင်ငံ နေရာ အနှံ့ အပြားတွင် စိုက်ပျိုးပေါက် ရောက်သည် ကို တွေ့ရသည်။သမပိုင်း ဖြစ်သည့် မြန်မာပြည် မြောက်ပိုင်းတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။ မြေမျိုး မရွေး ဖြစ်ထွန်း နိုင်သည်။ ကျင်း ၂၄’’ x ၂၄’’ သို့မဟုတ် ၃၀’’ x ၃၀’’ စနစ် အရ ပြုပြင် ပေးရ၍ တစ်တန်း နှင့် တစ်တန်း ၂၄ ပေ အထိ ခွာပြီး တစ်ပင် နှင့် တစ်ပင် ၄-၆ ပေ အထိ ခွာထား သင့်သည်။ မျိုးစေ့ ပျိုးရာ၌ ပလတ်စတစ် အိတ်သော် လည်းကောင်း၊ ၀ါးဆစ် သော် လည်းကောင်း၊ ခြင်းတောင်း သော် လည်းကောင်း အသုံးပြု၍ ပျိုးထောင် ရမည်။ အပင် ပေါက်ရန် ၃-၄ လ အထိ ကြာတတ် သည်။အပင် ပေါက်နှုန်း ညံ့သည့် အတွက် ခြင်းတောင်း တစ်ခြင်း တွင် မျိုးစေ့ ၃-၄ စေ့ သာ ချ သင့်သည်။စိုက်ကျင်းများ ၂’ x ၂’ တွင်းတူး၍ သဘာဝ မြေသြဇာ ၃၀% အပေါ်ယံမြေ ၃၀% နှင့် အောက်ခံ မြေများ ရောစပ်၍ ထည့်ပေးပြီး စိုက်ပျိုးရမည်။ တူး၍ အသင့် ပြင်ဆင် ထားသည့် စိုက်ခင်း၌ မိုးဦးကျ အချိန် တွင် တစ်နှစ်သားခန့် ပျိုးပင်များ ကို မြေချ စိုက်သင့်သည်။ ပေါင်းရှင်း မြေဆွခြင်း ၊ ရေလောင်းခြင်း လုပ်ငန်း များကို လိုအပ်သလို ဆောင်ရွက်ရမည်။အပင် ၃-၄ နှစ်သား အရွယ်မှ စ၍ အရွက်ရင့် များကို ကိုက်ညှပ် ယူရသည်။အပင် အမြင့် ၆ ပေ မှ ၈ ပေ ထက် ပို၍ မြင့်မသွား စေရန် မှန်မှန် အကိုင်းနှင့် အရွက် များကို ဖြတ်ယူ သင့်သည်။အရွက် ဖြတ်ခြင်း လုပ်ငန်းအား တစ်နှစ်လျှင် ၃ ကြိမ် အထိ ဖြတ်ယူ နိုင်သည်။ထိုသို့ ကိုက်ညှပ်၍ ရသည့် အရွက်များမှ ပရုတ်အဆီ ထုတ်ယူ ရရှိ နိုင်သည်။အထွက် အနေနှင့် တစ်ပင်လျှင် ပျမ်းမျှ အရွက်ပေါင်း ၂၀ ပေါင်ခန့် ဖြတ်ယူ ရရှိ နိုင်သည်။ ပရုတ်ဆီမှ ပရုတ်ခဲကို ဓာတုဗေဒ နည်းအရ ပြုပြင် ထုတ်လုပ် နိုင်သည်။


♥ အပင်


အပင်လတ် မျိုးဖြစ် သည်။ အမြင့်ပေ ၃၀-၄၀ အထိ မြင့်၏။ အကိုင်း များ များစွာ ဖြာထွက် လေ့ ရှိသည်။ပင်စည် ဖြောင့်မတ် သည်။


♥ အရွက်


ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှိသည်။ ရွက်ရင်း သွယ်ပြီး ရွက်ထိပ် ချွန်သည်။ရွက်ပြား မထူ မပါး ဖြစ်သည်။အရွက်နု များ ပန်းရောင် သန်းသည်။ ရွက်ကြော များ ထင်ရှားသည်။ ရွက်နား လှိုင်းတွန့် ရှိသည်။


♥ အပွင့်


ကြားထွက် ပန်းခိုင်မှ အနီရောင် သေးငယ် သည့် ပန်းပွင့် ကလေးများ စုပြုံပွင့် သည်။


♥ အသီး


လုံးဝိုင်း သည်။ ပုဏ္ဍရိက် သီးအရွယ် ရှိသည်။မှည့်လာပါက အမည်းရောင် ပြောင်းသွားသည်။ အသီးတွင် အရည်များ စွန်းထင်း နေတတ်သည်။


► အသုံးဝင်ပုံ


အဆီ


♥ အာနိသင်


မြန်မာ ဆေးကျမ်းများ အလို အရ ပရုတ်သည် ခါး၏။ အေး၏။ ကြေကျက်က စပ်၏။ကြေလွယ်၏။ အဆုတ်ကို အားရှိစေ၏။ မျက်စိကို အကျိုးပြု၏။ လေ၊ သည်းခြေကို နိုင်၏။ ရေငတ်ခြင်း၊ ခံတွင်းခြောက်၊ နှုတ်မမြိန်ခြင်း၊ အနံ့ မကောင်းခြင်း တို့ကို ပျောက်စေ၏။


► အဆီအသုံးပြုပုံ


၁။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။

၂။သွားတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။

၃။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ၀မ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။

၎။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။

၅။ပရုတ်ကို နှင်းဆီရည် နှင့် စိမ်၍ တိုက်က စိန် အဆိပ်သင့် ခြင်း ပျောက်၏။

၆။ပရုတ်ဆီ ကို မူးမော်ခြင်း၊ ကိုယ်လက် အင်္ဂါ ကိုက်ခဲခြင်း၊ ဒူလာ မီးယပ် ရောဂါ အမျိုးမျိုး တို့အတွက် ဆေးဖော်စပ်ရာ တွင် ထည့်သွင်း အသုံးပြုသည်။


မြန်မာ့ဆေးဖက်ဝင်အပင်များ


♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥

♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1C09rni

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...