Skip to main content

ထောင်ကျ နိုင်/ကျဉ်းတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်း ထောက်ပံ့မည် နန်းလွင်နှင်းပွင့...



ထောင်ကျ နိုင်/ကျဉ်းတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်း ထောက်ပံ့မည်



နန်းလွင်နှင်းပွင့်| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်



မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများအစည်းအရုံးက ဇွန်လမှစတင်၍ အကျဉ်းထောင်များအတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို လစဉ် ကျပ်ငွေ ၅၀,၀၀၀ ထောက်ပံ့သွားမည်ဟု အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေ ၂၉ ရက်တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောသည်။



၎င်းက “တစ်လကို သိန်း ၅၀ ခန့် ကုန်ကျဖို့ လျာထားတယ်”ဟု ပြောသည်။အစည်းအရုံးစာရင်းအရထောက် ပံ့ ရမည့် အကျဉ်းသား ၈၅ ဦးရှိပြီး ထောက်ပံ့ကြေးများကို မိသားစုကတစ်ဆင့် ပေးသွားမည်ဖြစ်သည် ယင်းအပြင် မိသားစုများ သွားလာရေးစရိတ်များကိုလည်း ထောက်ပံ့သွားမည်ဟု ၎င်းက ပြောသည်။



အစည်းအရုံးဥက္ကဋ္ဌ ဦးမောင်မောင်သန်းက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသည့် နောက်ပိုင်း တွင် မိသားစု စားဝတ်နေရေး အခက်အခဲများရှိ၍ ထောက်ပံ့ကြေးများ ရရှိမှသာလျှင် ပြန် လည်ရပ်တည် နိုင်မည်ဖြစ်၍ ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။



ထို့အပြင် ပညာသင်စရိတ် မတတ်နိုင်သည့် တက္ကသိုလ်ဝင်တန်းတက်မည့် မည်သူကိုမဆို ထောက်ပံ့ကြေး များပေးနိုင်ရန် စီစဉ်ထားပြီး တစ်လလျှင် ငွေကျပ်နှစ်သိန်းခန့်ဖြင့် ထောက်ပံ့သွားမည်ဖြစ်သည်။



ပညာသင်ဆု ထောက်ပံ့ကြေး လာရောက်လျှောက်ထားသူများမှာ တက္ကသိုလ် သို့တက်ရောက်ရန် အမှန်တ ကယ် မတတ်နိုင်ကြောင်း၊ ရပ်ကွက်၊ မြို့နယ် ထောက်ခံချက်များ၊ ကိုယ်ရေးရာဇ၀င် အချက်အလက်ဖောင် များမှတစ်ဆင့် စစ်ဆေးရွေးချယ်မည်ဖြစ်ပြီး ပြည်ပတွင် ပညာသင်နိုင် ရန် အရည်အချင်းများရှိလာပါက လည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ်သည်။



ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၏ စီးပွားရေးလုပ်ငန်းများကရရှိသည့် အမြတ်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ထောက်ပံ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1gGzveo

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...