Skip to main content

မြန်မာ-စင်ကာပူ ဆရာဝန်များဖြင့် နှလုံးသွေးကြောချဲ့ ကုသခြင်းကို မန္တလေးဆေးရုံကြီးတွ...



မြန်မာ-စင်ကာပူ ဆရာဝန်များဖြင့် နှလုံးသွေးကြောချဲ့ ကုသခြင်းကို မန္တလေးဆေးရုံကြီးတွင် ဆောင်ရွက်နိုင်



ဖြိုး| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်



အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းကို ပိုမိုထိရောက်စွာကုသနိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနနှင့် စင်ကာပူနိုင် Tan Tock Seng Hospital တို့က သဘောတူစာချုပ်ချုပ်ဆိုကာ နှစ်နိုင်ငံပညာရှင်များ ပူးတွဲကုသခြင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် မေလ၂၉ရက်မှ စတင်ကုသပေးနေပြီဖြစ်သည်



မန္တလေးပြည့်သူဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနတွင် နှလုံးရောဂါဝေဒနာရှင်များအတွက် ကုန်ကျစ ရိတ် သက်သာစွာဖြင့် နိုင်ငံခြားဆေးရုံကြီးများကဲ့သို့ ခွဲစိတ် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဌာ နမှ တာဝန်ခံဆရာဝန်က ပြောသည်။



နှလုံးနှင့်သွေးကြောများ ပုံရိပ်ဖော်ကုသသောစက်သစ် Cardiac Catheterization Laboratory နှင့် နှလုံး ခုန်ချက်မမှန်သော ရောဂါများကို ရှာဖွေကုသနိုင်သော Elect- rophysiology Study Unit and Radio-frequency Ablation Set စက်သစ်ကြီးဖြင့် နှလုံးရောဂါဝေဒနာရှင်များ ခွဲစိတ်ကုသ နိုင်မည်ဖြစ်သည်။



ယခင်က အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းကို ပြည်ပနိုင်ငံများတွင် ကုန်ကျစရိတ်များစွာဖြင့် ကုသခဲ့ ရပြီး ယခုအခါတွင် မန္တလေးဆေးရုံကြီးတွင် ယင်းစက်ဖြင့် ခွဲစိတ်ကုသမည်ဆိုပါက စက်အသုံးပြု ခနှစ်သိန်း ကျပ်သာကျသင့်မည်ဖြစ်ရာ ပြည်တွင်း ပုဂ္ဂလိကဆေးရုံများထက် စက်အသုံး ပြုခ ဆယ်ဆခန့်သက်သာ မည်ဖြစ်သည်။ ၎င်းစက်များဖြင့် နှလုံးသွေးကြောပိတ်ရော ဂါခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ ယာ ယီနှလုံးနှိုးစက်တပ်ဆင်ခြင်း၊အမြဲတမ်းနှလုံးနှိုးစက်တပ်ဆင်ခြင်း၊ လေးဘက်နာ နှလုံးရောဂါကြောင့် ကျဉ်း သွားသော နှလုံးအဆို့ရှင်ချဲ့ခြင်း၊ မွေးရာပါနှလုံးအပေါက်ပိတ်ခြင်းနှင့် ရုတ်တရက်နှလုံး သွေးပိတ်ရောဂါ သည်များအတွက်အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rncHF7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...