Skip to main content

မြန်မာနိုင်ငံ၏ ဇီဝနည်းပညာသုံး စိုက်ပျိုးမှု ကိုယ်ပိုင်သုတေသနပြု ရှာဖွေရန် တိုက်တွ...



မြန်မာနိုင်ငံ၏ ဇီဝနည်းပညာသုံး စိုက်ပျိုးမှု ကိုယ်ပိုင်သုတေသနပြု ရှာဖွေရန် တိုက်တွန်း



ရန်ကုန်၊ မေ ၂၉



ဇီဝနည်းပညာသုံး သီးပင်စားပင်များ စိုက်ပျိုးမှု ထိပ်တန်းရောက် အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ အိမ်နီးချင်း မြန်မာနိုင်ငံအနေနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်း စနစ်များကို ကိုယ်ပိုင်သုတေသနပြု ရှာဖွေပြီးမှသာ စိုက်ပျိုးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတကာ စီးပွားရေးအကြံပေး Mr. Graham Brooke က The Voice သို့ ပြောကြားသည်။



မေလ ၂၆ ရက်နေ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသော အာဆီယံ ဒေသတွင်း ဇီဝနည်းပညာသုံး စိုက်ပျိုးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး သတင်းမီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။



ကမ္ဘာတစ်ဝန်း ဇီဝနည်းပညာသုံး စိုက်ပျိုးမှုတွင် အမြင့်ဆုံး ရောက်ရှိပြီးသော နိုင်ငံများနှင့် ဈေးကွက်၊ နည်းပညာချင်း အတုယူယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအတွက် ခက်ခဲနိုင်သောကြောင့် ကိုယ်ပိုင်နည်းပညာနှင့် ဖောက်ထွက်ရန် Mr.Graham Brooke က အကြံပြုသည်။



ယင်းအပြင် မြန်မာနိုင်ငံတွင် ဇီဝနည်းပညာသုံး စိုက်ပျိုးမှုများ တိုးတက်စေရန် စိုက်ပျိုးသူများကို အသိပညာပေးခြင်းနှင့် နည်းပညာများ လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း၊ နည်းပညာမြင့် စိုက်ပျိုးမှုများကြောင့် သီးနှံ အထွက်တိုးမြင့်သည့် အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း လျော့ကျစေနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။



သို့သော် ပြည်တွင်းဈေးကွက်တွင် ဇီဝနည်းပညာသုံး မျိုးစေ့များ ဖြန့်ချိရောင်းချရန်အတွက် ထိန်းချုပ်ထားသော ဥပဒေ၊ နည်းဥပဒေများ လက်ရှိအချိန်ထိ မပြဋ္ဌာန်းနိုင်သေးကြောင်း စိုက်ပျိုးရေးပညာရှင်နှင့် လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။



မြန်မာနိုင်ငံတွင် ဇီဝနည်းပညာသုံး ဝါ၊ ပြောင်းဖူး၊ ကြံနှင့် အခြား သစ်သီးဝလံများကို အများဆုံး စိုက်ပျိုးလျက် ရှိပြီး အဆိုပါ မျိုးစေ့မျိုးစုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။



“ဆန်စပါး အဓိကထားတဲ့ မြန်မာအတွက်ဆို ဇီဝနည်းပညာဆန်က နောက်ပိုင်း အသုံးဝင်မှာပါ” ဟု Mr. Graham Brooke က ပြောကြားသည်။



ဇီဝနည်းပညာသုံး စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စားသုံးရန် သင့်မသင့် အငြင်းပွားနေဆဲသာ ရှိပြီး လက်ရှိ အချိန်ထိ မျိုးရိုးဗီဇ ပြောင်းလဲထားသော ဇီဝနည်းပညာသုံး သီးပင်စားပင်များ၏ ဆိုးကျိုးများနှင့် ပတ်သက်၍ တိကျရေရာသော သုတေသနများ မရှိသေးချေ။



မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဇီဝနည်းပညာသုံး စိုက်ပျိုးသော ၂၇ နိုင်ငံတွင် အဆင့် ၁၅ ခုမြောက် အများဆုံး စိုက်ပျိုးရာ နိုင်ငံဖြစ်ပြီး ငွေချည် ၆ အမည်ရှိ ဝါပင်ကို အများဆုံး စိုက်ပျိုးသည်။

from The Voice Weekly's Facebook Wall http://ift.tt/1wwApyP

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...