Skip to main content

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဟစ်တိုင် ဇွန်လဆန်း စတင်အသုံးပြုခွင့်ပေးမည် ပုသိမ်၊ေ...



ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဟစ်တိုင် ဇွန်လဆန်း စတင်အသုံးပြုခွင့်ပေးမည်



ပုသိမ်၊ မေ ၂၉



ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်တွင် ပြည်သူများ၏ မကျေနပ်ချက်၊ ခံစားချက်နှင့် နစ်နာချက်များကို ထုတ်ဖော် ပြောဆိုနိုင်သည့် ပရိသတ် ၅၀၀ နီးပါးဆံ့ ပြည်သူ့ဟစ်တိုင်ကို ဇွန်လဆန်းမှ စတင်၍ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။



ပြည်သူ့ဟစ်တိုင်အဖြစ် သတ်မှတ် ဆောင်ရွက်ခွင့်ပြုမည့် နေရာမှာ ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း ကန်သာယာကန်ဘေး (တိုင်းဒေသကြီး မိခင်နှင့် ကလေးရုံးနှင့် ဧရာရွှေစင် စက်သုံးဆီ အရောင်းဆိုင်ကြားရှိ) မြေကွက်လပ် အလွတ်တွင် သတ်မှတ် ပေးထားကြောင်း၊ ယင်းကွင်းထိပ်တွင် ၁၂ ပေ ပတ်လည် အမြင့်ငါးပေရှိ စင်မြင့်တစ်ခု တည်ဆောက် ပေးထားကြောင်း၊ ယင်းစင်မြင့်ဘေးတွင် ‘ပြည်သူ့ဟစ်တိုင်’ ဟူသော စာတိုင်ကိုကျွန်း (သို့မဟုတ်) အုတ်တိုင်ဖြင့် ရှေးမြန်မာမင်းများ ပုံစံအတိုင်း စိုက်ထူပေးထားမည်ဟု ၎င်းကပြောဆိုသည်။



“ပြည်သူ့ဟစ်တိုင် နေရာမှာ ပြည်သူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေ၊ ခံစားချက်တွေ၊ နစ်နာ ဆုံးရှုံးမှုတွေကို တင်ပြခွင့် ရမယ်ဆိုရင် ပြည်သူတွေရဲ့ အသံကို အစိုးရအဖွဲ့က ကြားသိနိုင်သလို ဆောင်ရွက်ပေးရမယ့် အချက်တွေ သိလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေ ပိုရှိလာမယ်လို့လည်း ထင်ပါတယ်” ဟုလည်း ၎င်းကရှင်းပြသည်။



ယင်းကဲ့သို့ တိုင်းဒေသကြီး အစိုးရက ပြည်သူများ နစ်နာမှု၊ မကျေနပ်မှုနှင့် ခံစားချက်များကို ပြောဆိုနိုင်မည့် ပြည်သူ့ဟစ်တိုင် ထားရှိပေးမည်ဟု ပြောဆိုထားသော်လည်း အစိုးရ အဖွဲ့ဝင်များက ပြည်သူများ၏ ပြောဆိုချက်များကို နားထောင်ခြင်း မရှိပါက အကျိုးရှိနိုင်မည် မဟုတ်ကြောင်း ပုသိမ်ဒေသခံ ရှေ့နေကြီး ဦးဝေလှိုင်ထွန်းက ပြောဆိုသည်။



ပြည်သူ့ဟစ်တိုင်နေရာ သတ်မှတ် ခွင့်ပြုပေးခြင်းမှာ ပုသိမ်မြို့တွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ဦးနုအစိုးရ လက်ထက်ကလည်း ပုသိမ်မြို့တွင် မရှိခဲ့ကြောင်း အမှတ် (၅) ရပ်ကွက်မှ အသက် ၈၀ ကျော်အရွယ်ရှိ ဦးခင်သိန်းက ပြောကြားသည်။



“ဟစ်တိုင်လုပ်တာကို ဘာမှမပြောလိုပါဘူး၊ ခွင့်ပြုတဲ့လူတွေက မနက်ပိုင်းလောက်ပဲ ခွင့်ပြုပေးစေချင်တယ်၊ ညနေပိုင်းဆို ကျွန်တော်တို့ ဘောလုံးကစားလို့ ရမှာမဟုတ်ဘူး” ဟု ပြည်သူ့ဟစ် တိုင်ကွင်းနှင့် ကပ်လျက်ရှိသည့် ဘောလုံးကွင်းတွင် ပုံမှန် လာရောက်ကစားသည့် အမှတ် (၃) ရပ်ကွက်က ဦးတေဇာအောင်က ပြောဆိုသည်။



ပြည်သူ့ဟစ်တိုင်အဖြစ် အသုံးပြုနိုင်မည့် နေရာကို မေလ ၂၀ ရက်နေ့က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်၌ ‘ပြည်သူ့ဟစ်တိုင်’ ဟူသော စာတိုင် စိုက်ထူရန်သာ ကျန်ရှိတော့ကြောင်း၊ ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့တွင် စတင်ခွင့်ပြုပေးခြင်း ဖြစ်ပြီး ကျန်ခရိုင် မြို့ကြီး များတွင်လည်း ခွင့်ပြုပေးမည်ဟု ယူဆကြောင်း၊ ပုသိမ် ပြည်သူ့ဟစ်တိုင် နေရာကို အသုံးပြုရန် ခွင့်ပြုချက် တောင်းခံပါက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ သတ်မှတ်ချက်အတိုင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် ရရှိပြီးပါက ရဲတပ်ဖွဲ့ အစောင့်အရှောက်အပြင် အသံချဲ့စက် အသုံးပြုခွင့်ပါပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။



ဟစ်တိုင်နေရာများကို ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ထားရှိပေးထားကြောင်း၊ ဟစ်တိုင် ဆိုသည်မှာ ပြည်သူလူထုက ဘုရင်အား လျှောက်တင် ဖွင့်ဆိုလိုသော နေရာဟု ခေါ်ကြောင်း၊ ၁၉၅၄ ခုနှစ် ဦးနုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံနေရာ၌ ဟစ်တိုင်တစ်ခု ထားခဲ့ဖူးကြောင်း၊ ဟစ်တိုင်တွင် လာရောက်တင်ပြ ပြောဆိုသူများကို မနှောင့်ယှက်နိုင်ရန် ရဲအစောင့်အရှောက် ပေးခဲ့ကြောင်း၊ ပထမဆုံး လာရောက် ပြောဆိုသူမှာ အလံနီ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးကျော်စိုး ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ်မှစ၍ ဟစ်တိုင်များ မရှိတော့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်စွာ ပြောပိုင်ခွင့်နှင့် ရေးသားပိုင်ခွင့် ရှိသဖြင့် ဟစ်တိုင်များ ထားရှိပေးခြင်းဖြင့် ဒီမိုကရေစီကို ကျင့်သုံးရာ ရောက်ကြောင်း ဟစ်တိုင်နှင့် ပတ်သက်သည့် မှတ်တမ်းများတွင် ဖော်ပြထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1ixXBmT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...