Skip to main content

ထိုင်းရောက်မြန်မာများဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ ဖနိဒါ ချင်းမိုင်၊ မဇ္ဈိမ။...



ထိုင်းရောက်မြန်မာများဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ



ဖနိဒါ



ချင်းမိုင်၊ မဇ္ဈိမ။ ။ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်းကုန်ဆုံးသော မြန်မာရွှေ့ပြောင်းအလုပ်သမားများဗီဇာသက်တမ်းတိုးခသတ်မှတ်ထားသည့် ဈေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများနစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဥက္ကဋ္ဌဦးအောင်ကျော်ကပြောသည်။



၂၀၁၃ ခုနှစ် သြဂုတ်လမှစတင်၍ ဗီဇာ ၄ နှစ်ကုန်ဆုံးသောအလုပ်သမားများအတွက် သက်တမ်း ၂ နှစ်တိုးမြင့် လိုက်ရာပုံမှန်အားဖြင့် ဘတ် ၃,၀၀၀(ကျပ် ၉၀,၀၀၀ ဝန်းကျင်)မှ ဘတ် ၃,၇၀၀ (ကျပ် ၁၁၀,၀၀၀ ဝန်းကျင်)သာပေးသွင်းရန် သတ်မှတ်ထားသော်လည်း ယခုဘတ် ၉၅၀၀ (ကျပ် ၂၈၅,၀၀၀ ဝန်းကျင်)မှ ဘတ်၁၀,၀၀၀ (ကျပ် ၃၀၀,၀၀၀ဝန်းကျင်)အထိပေးသွင်းနေရသဖြင့် အလုပ်သမားများ အတွက် မြန်မာအစိုးရထံထပ်မံတင်ပြသွားမည်ဟုသူကမဇ္ဈိမကိုပြောသည်။



“ထိုင်းအစိုးရကနေ မြန်မာအလုပ်သမားတွေကိုသက်တမ်း ၂ နှစ်ဗီဇာတိုးပေးနေပါတယ်။ သက်တမ်းတိုးတာကို ကျွန်တော်တို့ သေချာလေ့လာကြည့်လိုက်တဲ့အခါမှာအမှန်တကယ် တရားဝင် ပေးသွင်းရမယ့် ငွေကြေးထက်ကိုများစွာကျော်လွန်နေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေတယ်။ ဒါကြောင့် မြန်မာအစိုးရကို လှမ်းအကြောင်းကြားဖို့ ရှိပါတယ်။ လောလောဆယ် အချက်အလက်တွေ စုဆောင်းနေပါတယ်”ဟုဦးအောင်ကျော်ကပြောသည်။



ထိုင်းအစိုးရကတရားဝင် သတ်မှတ်ထားသောဈေနှုန်းမှာဗီဇာ ၂ နှစ် သက်တမ်းတိုးခဘတ်၅၀၀ (ကျပ် ၁၅,၀၀၀ ဝန်းကျင်)၊ သွေးစစ်ခဘတ် ၆၀၀ (ကျပ် ၁၈,၀၀၀ဝန်းကျင်)၊ ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် အလုပ်လုပ်ခွင့် (work permit) ဘတ် ၁၉၀၀(၅၇,၀၀၀ဝန်းကျင်)စုစုပေါင်းဘတ်၃၀၀၀ (ကျပ် ၉၀,၀၀၀)ပေးသွင်းရန် ဖြစ်ပြီး ကုန်ခြောက်လုပ်ငန်းများ လုပ်ကိုင်သော အလုပ်သမားများအတွက်မူ ဘတ်၃၇၀၀ (ကျပ် ၁၁၀,၀၀၀) ပေးသွင်းရမည်ဖြစ်သည်။



အလုပ်သမားများသည် ထိုင်းဘာသာစကားနှင့် စာပေ ကျွမ်းကျင်မှု မရှိသလို၊ ထိုင်းအစိုးရကလည်း မြန်မာအလုပ်သမားများကိုယ်တိုင် လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိဘဲအလုပ်ရှင်နှင့်အတူပူးပေါင်းလုပ်ရန် သတ်မှတ်ထားသဖြင့် ကုန်ကျငွေ ပိုမိုပေးနေရခြင်းသည် နှစ်ဖက်အစိုးရတွင်တာဝန်ရှိကြောင်းသူကပြောသည်။



“အမှန်တကယ် အလုပ်ရှင်တွေ ကိုယ်တိုင်မလုပ်ဘဲ။ အေဂျင်စီလိုမျိုးတွေကိုတခါထဲအပ်လိုက်တာတွေလည်းပါတယ်။ ထိုင်းအစိုးရဝန်ထမ်းတွေ အကျင့်ပျက် ယူတာတွေလည်းတွေ့နေရတယ်။ ဒါကြောင့် တင့်သင့်မျှတတဲ့ တရားဝင် ဈေးနှုန်းတွေကိုအလုပ်သမားတွေ ပေးချေနိုင်အောင် နှစ်ဖက်အစိုးရကစီစဉ်ပေးဖို့ လိုအပ်တယ်။”ဟုဦးအောင်ကျော်က ဆက်ပြောသည်။



လက်ရှိ ၄ နှစ်ဗီဇာကုန်ဆုံးသွားသောအလုပ်သမားများသက်တမ်းတိုးရန် ဘန်ကောက်မြို့ မဟာချိုင်ဒေသနှင့် စမွတ်ပကန်တို့တွင် ထိုင်းအလုပ်သမားရုံးဖွင့်လှစ်၍ ထုတ်ပေးနေသည်ဟုသိရသည်။



အဆိုပါ ဗီဇာ ၂ နှစ်သက်တမ်းတိုးပေးနေသတ်မှတ်ထားသောဈေးနှုန်းထက် ပိုမိုပေးသွင်းနေရမှုသဖြင့် ငွေကြေးအခက်အခဲကြောင့် ပြုလုပ်နိုင်ခြင်းမရှိသေးဟု မြန်မာအလုပ်သမားတစ်ဦးဖြစ်သူကိုမင်းမင်းကမဇ္ဈိမကိုပြောသည်။



“အခုသက်တမ်းတိုးဖို့ကတသောင်းကနေ၊ ၁ သောင်းနှစ်ထောင်ထိကောက်နေလို့ မလုပ်ရဲဘူး။ ကုန်ကျငွေ တအားများတော့ မဖြစ်နိုင်ဘူး။ တောမောမှာလည်းစာရွက်စာတမ်းအတွက် ရှင်းရတယ်ဆိုတော့ မလုပ်သေးဘူး။ ပုံမှန်က ၄ ထောင်ကျော်လောက်ပဲကုန်တာ။ အခုကထက်ဝက်ကျော်တောင်ပေးရတယ်ဆိုတော့ ကျွန်တော်က မြန်မာအစိုးရကဘာလုပ်ပေးနိုင်မလဲဆိုတာစောင့်ကြည့်ဦးမယ်”ဟုကိုမင်းမင်းကပြောသည်။



မြန်မာအလုပ်သမားများအပေါ် ငွေကြေးကောက်ခံမှု များပြားနေသောသတင်းများ ကြားသိရသဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားပြီးမေလ ၃၁ရက်တွင် မြန်မာအလုပ်သမားဝန်ကြီးနှင့် ထိုင်းအစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါ ကိစ္စကိုလည်းဆွေးနွေးရန် စီစဉ်ထားသည်ဟုထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ကပြောသည်။



“အန်ကယ်တို့လည်းအဲဒီလိုသတင်းကြားလို့ နေပြည်တော် အလုပ်သမားဝန်ကြီးရုံးချုပ်ကိုဆက်သွယ်ပြီးတင်ပြထားတယ်။ ဒါပေမဲ့ ထိုင်းဘက်ကနေအဲဒီလိုကောက်တယ်ဆိုတာတရားဝင် ဘာမှ ညှိနှိုင်းတာလည်းမရှိဘူး။ ခေါ်ယူပြီးတော့ ဆွေးနွေးတာလည်းမရှိသေးဘူး။ အဲဒါကြောင့်မလို့ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ဆွေးနွေးဖို့ လုပ်တာ။ သူကလည်းလာအိုဘက်ကိုခရီးသွားနေလို့လေ”ဟုသူကမဇ္ဈိမကိုပြောသည်။



ပြီးခဲ့သည့် မေလ ၆ ရက်က မြန်မာအလုပ်သမားဒုတိယဝန်ကြီးဦးထင်အောင်နှင့် ထိုင်းအစိုးရတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအခက်အခဲ၊ ပြဿနာများအပေါ် တစ်လတစ်ကြိမ် ဆွေးနွေးရန် သဘောတူထားသဖြင့် မေလ ၃၁ရက်တွင်တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။



ထိုင်းအာဏာသိမ်းမှုကြောင့် မြန်မာအလုပ်သမားများအပေါ် မူဝါဒပြောင်းလဲခြင်းမရှိသလို၊ သက်တမ်း ၂ နှစ် ဗီဇာတိုးမြင့်ပေးရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလ ၁၄ ရက်က အမိန့်ထုတ်ပြန်ထားသည်ဟု သူကဆက်ပြောသည်။



ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာ ၄ နှစ် သက်တမ်းတိုးနိုင်ရန်နှင့် ယာယီနိုင်ငံကူးလက်မှတ် အစား သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် မတ်လတတိယအပတ်ကထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂သန်းကျော် ရှိပြီးတရားဝင် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ထားသူပေါင်း ၁၇ သိန်းရှိကာထိုအထဲမှ ၄ နှစ်ဗီဇာကုန်ဆုံးသွားသူအလုပ်သမား၃ သိန်းခန့် ရှိသည်ဟုသိရသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1k6pKXE

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...