Skip to main content

နားနေခြင်းနှင့် အောင်မြင်မှု



မကြာသေးမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောစဉ် အလုပ်အောင်မြင်မှုနှင့် အားလပ်ချိန်ကိစ္စ ဆွေးနွေး ဖြစ်ခဲ့ကြသည်။ စီးပွားရေး စွမ်းဆောင်ရှင် အချို့သည် အလုပ်ပြီး အလုပ်

ချာလည် ပတ်လည် နေကြသဖြင့် နားရကောင်းမှန်း မသိကြတော့။ မည်သည့်နှစ်၊ မည်သည့်အချိန်မဆို အောင်မြင်သော စီးပွားရေး လုပ်ငန်းသို့ သွားရာလမ်းတွင် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်း တို့သည် အခြားအရာများနှင့် အတူ ပါဝင်သည် ဆိုသည်ကို သတိရ နေရမည် ဖြစ်၏။


ကျန်းမာရေး ဆိုင်ရာ ပြပွဲ တစ်ခုတွင် ကောင်းစွာ အိပ်ပျော်ရေးသည် မည်မျှ အရေးကြီးကြောင်း ပြသထားသည်။ လုံလောက်စွာ မအိပ်လိုက်ရသည့်အခါ ထိုနေ့တစ်နေ့လုံး အဆင်မပြေ ဖြစ်နေ တတ်သည် ဟုဆိုသည်။ စီးပွားရေး စွမ်းဆောင်ရှင်များ၊ ထူးချွန် ထင်ရှားသူများတွင် အများစုသည် တစ်ညလျှင် အိပ်ချိန် လေးနာရီ၊ ငါးနာရီမျှသာ ရှိကြောင်း သိရသည်။


စီးပွားရေး စွမ်းဆောင်ရှင် များစွာသည် အလုပ်လုပ်ခြင်းကို တန်ဖိုး ထားကြသလောက် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်းတို့၌ တန်ဖိုး မထားတတ်ကြသည် ကို တွေ့ရ ၏။ အောင်မြင်ရေး အတွက် လှုပ်ရှားမှု အရေးကြီးသလို နားနေခြင်းလည်း အရေးကြီးပါသည်။ နားနေခြင်းသည် ကျန်းမာခြင်း၊ စိတ်သက်သာ ပျော်ရွှင်ခြင်း အတွက်သာ မက အောင်မြင်သော စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးရေး အတွက်ပါ အရေးကြီးလှသည်။


အလုပ်၏ခရီး အဘယ်မျှ ပေါက်မြောက် ခဲ့ပြီးပြီ၊ ရှေ့ရည်မှန်းချက် ဘာတွေထားမည်၊ ရှေ့ခရီး မည်သို့ ဆက်မည် စသည်တို့ကို သုံးသပ်ဆင်ခြင်ခြင်း၊ စစ်ဆေးခြင်း များ ဆောင်ရွက်နိုင်ရန် အတွက် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်း လုပ်ဖို့လိုအပ်သည်။ ထို့ပြင် စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးအဖြစ် ပုံမှန် တွန်းထိုး ယှဉ်ပြိုင်လှုပ် ရှား နေရမှုများမှ ခေတ္တခဏ လွတ်မြောက်ရာ တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခုရှိဖို့ လိုအပ်သည်။ ထိုနေရာတွင် နေထိုင်ခြင်းမှ ရရှိသည့် အကျိုး ရလဒ်လိုအပ်သည်။


လေ့လာမှုများ အရ အိပ်ရေး မဝသည့်အခါ အာရုံ စူးစိုက်နိုင်မှု စွမ်းအား၊ စိတ်အခြေအနေနှင့် ဘက်စုံ ကျန်းမာရေးတို့ ထိခိုက် နိုင်ကြောင်းသိရသည်။ ယင်းအခြေ အနေက မိသားစု အပေါ် သက်ရောက်မှု ဖြစ်သလို မိမိလုပ်ငန်းနှင့် ဆက်နွှယ်သည့် သူများအပေါ်လည်း သက်ရောက်မှု ဖြစ်နိုင်သည်။ အိပ်ရေး မဝခြင်းက ကိုယ်အလေး ချိန် လျော့ကျမှု ကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု ဖြစ်စေပါသည်ဟု ဆရာဝန်တစ်ဦးက ပြောသည်။


ကျောင်းကားမောင်းသူ တစ်ဦး အချက်ပြ မီးပွိုင့်တွင် ကားခဏရပ်စဉ် လက်ကိုင်ဘီးပေါ်၌ ရုတ်တရက် အိပ်ပျော် သွားကြောင်း၊ အချက်ပြမီး အပြောင်းစောင့်နေသည့် အချိန်တို အတွင်း အိပ်ပျော် သွားခြင်း ဖြစ်ကြောင်း သတင်းများ ကြားရသည်။ အန္တရာယ် များလှပါသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်း လုံလောက်သော အနားရရှိမှု မရှိခြင်းသည် ချီးကျူးစရာ မဟုတ်ပေ။ သင်စိတ်ဖြေလျှော့ အနားယူဖို့ သင့်အလုပ်များက နေ့အချိန်၌ သင့်ကိုခွင့်မပြု ခဲ့လျှင် ညဘက် အိပ်ရေးဝဝ အိပ်လိုက်ပါ။


လူများက မိမိတို့တွင် အနားယူဖို့ အချိန်မရှိကြောင်း ပြောကြသည့်အခါ အိပ်ရေးမဝသော လေယာဉ်မှူး သို့မဟုတ် ခွဲစိတ် လုပ်ငန်း မစတင်မီ အိပ်ချိန်နည်းနည်းသာ ရခဲ့သော ခွဲစိတ် ဆရာဝန်တို့ နေရာမှဝင်၍ စဉ်းစားကြည့်ရန် ပြောလိုပါသည်။ မိမိကိုယ်ကို ဂရုစိုက်ရမည်။ မိသားစုကို ဂရုစိုက်ရမည်။ ထို့ပြင် လုံလောက်သော အနားယူမှု ရရှိနေခြင်းဖြင့် သင်၏ ဘက်စုံ အောင်မြင်ရေး လမ်းကြောင်းကို စတင်ရန်ဖြစ်ပါသည်။


ယင်းသည် သင့်ဘဝတွင် အရာရာ ပိုမိုဟန်ချက်ညီ မျှတမှုရှိသော အောင်မြင်ရေး လမ်းကြောင်း ဆီသို့ ဦးတည်သည့် ကောင်းသော ခရီး စတင် လိုက်ခြင်းပင် မဟုတ်ပါလော။ ။


စိန်ဝင်းနွယ်


မြ၀တီ

http://ift.tt/1BsNVpH







from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1Bt0Kml

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...