Skip to main content

ချစ်တင်းနှောခြင်းအတွက်...ကျန်းမာရေးဆုလာဘ်







၁) ခေါင်းကိုက်ခြင်းကိုသက်သာစေပါသည်

The University of Mumster မှ အာရုံကြောရောဂါရှာဖွေရေး သုတေသီများက ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာသည်အမျိုးသား အမျိုး သမီးအယောက် ၁ဝဝဝ ဖြင့် လေ့လာမှုများပြုခဲ့ရာ ထိုလူနာ၏ ၆ဝ ရာခိုင်နှုန်းခန့်က ဖို-မ ဆက်ဆံ ပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာသက်သာလာတယ် လို့ဆိုပါတယ်။


(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်


The Berman Center(ခေါ်) အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ ကျန်းမာရေးစင်တာမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများအိပ်ရာမဝင်မီ လိင်ကိစ္စပြီးမြောက်ခြင်းက စိတ် ဖိစီးမှုများပြေလျော့ကာ တစ်ခဏ အတွင်း အိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။


(၃) ကယ်လိုရီလောင်မြိုက်စေပါ တယ်


ကိုယ်အလေးချိန်ကျလိုသူများ အတွက် သတင်းကောင်းလေးပါ။ မိနစ် ၃ဝကြာ ချစ်တင်းနှောခြင်း က ၁၄၄ကယ်လိုရီလောင်မြိုက်စေ ပြီး မကြာခဏပွေ့ဖက်နမ်းရှုံ့ခြင်း က ၆၈ကယ်လိုရီ လောင်မြိုက်စေ ကြောင်း Women’s Day ဂျာနယ် တစ်စောင်တွင် ဖော်ပြထားပါ တယ်။


(၄) နှလုံးကျန်းမာစေပါတယ်


ချစ်တင်းနှောခြင်းက ကိုယ် အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု များပြေပျောက်ပြီး ညဘက် အိပ် မောကျခြင်းစသည့် အကျိုးကျေးဇူး များရစေ၍ နှလုံးကို တစ်ဖက်တစ် လမ်းမှ အားပြည့်စေတဲ့အတွက် နှလုံးကျန်းမာရေးကို အထောက် အကူ ဖြစ်စေပါတယ်။


(၅) ကြွ က်သားများ သန်မာစေပါ တယ်


နှလုံးကြွက်သားများကိုကောင်း ကျိုးပြုကာ သက်လုံကောင်းစေရုံ သာမက ဖို-မ ဆက်ဆံခြင်းအနေ အထားအရကြွက်သားများ အား စိုက်ထုတ်ရခြင်းကြောင့် ကြွက် သားများသန်မာစေပါတယ်။


(၆) နာကျင်မှုဝေဒနာများ သက် သာစေပါတယ်


ချစ်တင်းနှောချိန်မှာ Oxytocin ဟော်မုန်းထွက်ရှိပါတယ်။ နာ ကျင်မှုသက်သာစေရန် ဦးနှောက်မှ ထုတ်ပေးသည့် ထိုဟော်မုန်းကြောင့် ခန္ဓာကိုယ်ရှိနာကျင်မှုဝေဒနာများ ကို လျော့ပါးသွားပါတယ်။


(၇) ကိုယ်ခံစွမ်းအားတိုးတက် မြင့်မားလာစေပါတယ်


The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင် များက အနည်းဆုံး ရက်သတ္တပတ် လျှင် တစ်ကြိမ်ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို ၃ဝ ရာခိုင်နှုန်း မျှ တိုးတက်ကောင်းမွန်လာစေတာ ကြောင့် အအေးမိ၊ တုပ်ကွေးစ သည့် ရာသီကူးစက်ဖျားများမဖြစ် စေနိုင်ဘူးလို့ ဆိုပါတယ်။


လိင်စိတ်ကို အားပေးတဲ့အစား အစာများမှာ-

(၁) တရုတ်နံနံပင်ထဲတွင် ပါရှိ သော ဗညိမသျအနမသညန ဓာတ်က ကျားဟော်မုန်းထွက်ရှိမှုကို လွန်စွာ အားပေးတဲ့အတွက် အမျိုးသားများ ညအိပ်ရာမဝင်မီ တရုတ်နံနံပင်ကို အစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။ (၂) ဂုံးကောင်/ကမာကောင်ထဲရှိ သဘာဝဇင့်ဓာတ်နှင့် Androsterone ဟော်မုန်းတို့က လိင်စိတ်ကိုသုံးဆမျှ တိုးပွားလာစေကာ အမျိုးသားများ သုက်ရည်ထုတ်ပေးသောဆဲလ် များကို အထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်/ကမာ ကောင်ကိုမဖြစ်မနေ စားပေးသင့် ပါတယ်။ (အကယ်၍ ကနုကမာ ကောင်မကြိုက်သူများအနေဖြင့် ၄င်းနှင့် အစွမ်းသတ္တိတူသော ရွှေဖရုံစေ့လှော်ကို စားပေးနိုင်ပါ တယ်။) (၃) ငှက်ပျောသီးထဲတွင် ပါရှိသော Bromelain အင်ဇိုင်းနှင့် ဗီတာမင်များက ကျားခွန်အားကို ပြည့်ဝစေလို့ နေ့တိုင်းငှက်ပျောသီး စားပေးပါ။ (၄) ရှေးမက္ကဆီကို တိုင်းရင်းသားများက ထောပတ် သီးကို Testicle Tree (ဝါ) သုက်ရည်ထွက်စေတဲ့အပင်ဟု မှည့်ခေါ်ကာ ဖို-မခွန်အားတိုးဆေး အဖြစ် စားသုံးလာခဲ့ကြပါတယ်။ (၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီး အက်စစ်များဟာ ကျားဟော်မုန်း ထုတ်ပေးနိုင်စွမ်းရှိလို့ ဗာဒံစေ့ အစိမ်းကိုအစိမ်းလိုက်(အချို/ အငန် မရောဘဲ)ဝါးစားပါ။

(၆)သဖန်းသီး၊ သရက်သီး၊ မက်မုံသီးနှင့်စတော် ဘယ်ရီသီးများက ဖို-မစွမ်းအား တိုးမြှင့်ပေးလို့ ၄င်းသစ်သီးလေးမျိုး ကိုရောစား၍သော်လည်းကောင်း၊ တစ်မျိုးချင်း သီးသန့်စား၍သော် လည်းကောင်း အဆင်ပြေသလိုစား ပေးနိုင်ပါတယ်။(၇) ကြက်ဥထဲမှာ ပါတဲ့ ဗီတာမင် B5 နှင့် B6တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး ဟော် မုန်း ပမာဏကို တိုးပွားလာစေပါ တယ်။ ကြက်ဥကိုအစိမ်းသောက် ခြင်းက ကျား-မ သဘာဝစွမ်းရည် ကို ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလို အစွမ်းသတ္တိပါရှိကြပါတယ်။ (၈) ကြက်သွန်ဖြူထဲရှိ Allicinဓာတ်က ကျား-မ လိင်အင်္ဂါထဲရှိသွေးများကို လျင်မြန်စွာ စီးဆင်းလည်ပတ်စေလို့ ရာဂစိတ်ကြွစေပါတယ်။ (၉) အနက်ရောင်ချောကလက်ထဲမှာ ပါတဲ့ Phenylethylamine ဓာတ် ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ် မှီဝဲစားသုံးသင့်ပါတယ်။(၁ဝ) မြန်မာ့ တိုင်းရင်းဆေးကျမ်းများမှာ မြင်းခွာ ရွက်ကို ခြောက်လတိတိစားပေး ပါက ခွန်အားဗလကြီး၍ လူပျိုလို ဖြစ်စေကြောင်း ညွှန်းဆိုထားပါ တယ်။ အိန္ဒိယနိုင်ငံ Aruna ဘုရင် မင်းမြတ်ဟာ နေ့စဉ်မြင်းခွာရွက် စားလို့သက်လုံကောင်းပြီး မိဖုရား မောင်းမမိဿံ အယောက် ၅ဝ အတွက် လိင်ကိစ္စကို စွမ်းဆောင် နိုင်ကြောင်း အိန္ဒိယရာဇဝင်သမိုင်း တွင် ဖော်ပြထားပါတယ်။ မြင်းခွာ ရွက်ဟာ လိင်စိတ်ကြွစေသော အစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်း နိုင်ငံ ဆေးအဘိဓာန်မှာ လိင်စိတ် ကို အားပေးတဲ့ သဘာဝဆေး(ဝါ) Youth Vitamin ဟု မှတ်တမ်းတင်ထားပါတယ်။ (၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေ တဲ့ အားဖြည့်ဆေးပါပဲ။ (၁၂) ဖောလစ်အက်စစ် ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကို တိုးမြင့်ပေးကာ မျိုးအောင်စေပါတယ်။ (၁၃) ဟင်နရီ-၇ ဘုရင်နှင့် ရှေးအာရှ ဘုရင်မင်းမြတ်များ လက်ထပ်က တည်းကပင် မောင်းမမိဿံစွမ်း ဆောင်ရည် အားကောင်းဆေး အဖြစ် ဂျင်းပြုတ်ရည်ကို မှီဝဲလာခဲ့ ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ ဆိုကြပါ တယ်။


ပေါက်ပေါက်

The Union Daily

http://ift.tt/1Ny2aiZ





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1FwCIF2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...