Skip to main content

ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင...



ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင့်မပြု



ရန်ကုန်၊ မတ် ၁၂



နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အထက်တန်းကျောင်းများ အနက် စကပ်တိုနှင့် ဘောင်းဘီ ယူနီဖောင်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ဝတ်ဆင်ခွင့် မပြုကြောင်း အခြေခံပညာရေး တာဝန်ရှိသူများထံမှ သိရသည်။



ရန်ကုန်မြို့ရှိ ကောင်းစုံ ကိုယ်ပိုင်အထက်တန်းကျောင်း တီရှပ်၊ စကပ်တိုနှင့် ဘောင်းဘီ ယူနီဖောင်းကြောင့် မတ်လ ၁၂ ရက်နေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့တွင် သတိပေးခံခဲ့ရပြီး အခြား ဘာသာရပ်များကို အဖြူနှင့်အစိမ်း ကျောင်းစိမ်းဝတ်စုံ ဖြင့်သာ လာရောက်ဖြေဆိုရန် သတိပေးခဲ့ကြောင်း အဆိုပါကျောင်း တည်ထောင်သူ ဦးသန်းနိုင်က ပြောကြားသည်။



“ယဉ်ကျေးမှုနဲ့ ဖီလာရင်တော့ ပြောပေါ့။ အခုက ကျောင်းက သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို အသိအမှတ် မပြုတဲ့ ပုံလို့ မြင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။



ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ယူနီဖောင်း အပြည့်အစုံသာ ဝတ်ဆင်ကြပြီး ယင်းသို့ ဖြေဆိုရန် သတိပေး တားမြစ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ICEC ကိုယ်ပိုင် အထက်တန်းကျောင်း တာဝန်ခံ ဦးကျော်မိုးမြင့်က ဆိုသည်။



တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်း အတွင်း ဘောင်းဘီတို၊ ရှည်၊ လည်ဟိုက်အင်္ကျီ၊ စကပ်ကဲ့သို့ သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ ရှောင်ကြဉ်ရန်၊ ခြေညှပ်နှင့် ကွင်းထိုး ဖိနပ်များသာ စီးရန် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနက ညွှန်ကြားထားကြောင်း အလယ်တန်းပြ ဆရာမတစ်ဦးက The Voice သို့ ပြောကြားသည်။



ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း များကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင် ခွင့်ပြုထားသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုမူ အစိုးရ စာစစ်ဌာနများ တွင်သာ လာရောက်ဖြေဆိုရန် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ငါးသိန်းရှစ်သောင်း ကိုးထောင်နီးပါး ဖြေဆိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/PvTRei

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...