Skip to main content

ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့်...



ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ



ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီးဖြစ်သည်။ (၁၃) နှစ် ပြည့်သော အချိန် ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျဉ်တို့သည် သာသနာပြုလိုသောစိတ် သာသနာပြန့်ပွားလိုသော စိတ်နှင့်အတူ ပရိဟိ တလောကသားများအတွက် ကမ္ဘာတည်သရွေ့မှတ်ကျောက်တင်နိုင်ရန် ပရဟိတ စေတီတော်တည်ထားကိုးကွယ် ရန်ဖြစ်ပေါ်ခဲ့သည်။



ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ်တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီး အား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဥာဏ် များ တောင်းခံခဲ့ပြီး သည့် နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလတွင် မြတ်စွာဘုရားကြွရောက် သာသနာပြုခဲ့ သည့် တောင်ကိုး လုံး တွင်ပါဝင်သော ဖိုးဦး တောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင်



”မဟာပဏ္ဍိတ ပရဟိတအောင်တော် မူစေတီ”နှင့် မြတ်စွာဘုရား ဆင်းတုတော်ကြီး အား တည် ထားကိုး ကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ်ထောင်ကျော် ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက် မြို့နယ်ပင်းဂွေးချိုကျေးရွာအုပ်စု ပင်း မြို့ဟောင်းကျေးရွာ ပုဗ္ဗာရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့တော့သည်။



ထိုသို့ ငြိမ်းချမ်းတိတ်ဆိတ်ငြိမ်သက် သော အရပ်ဒေသတွင် အဓိဋ္ဌာန်ဝင်စဉ် ကျွန်တော့်ထံသို့ အထက်ပါခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာတစ်စောင်ရောက်ရှိ လာခဲ့တော့ သည်။ ထိုစာ၏ အကြောင်းအရာအချက်အ လက်များသည် လောကီကိစ္စရပ်များ ဖြစ်နေသည့်အတွက် ကျွန် တော့်အနေဖြင့် လောကုတ္တရာနယ်ပယ်အတွင်းမှ မည်သို့မျှ မစဉ်းစား မဆုံးဖြတ်လိုပေ။ ထို့ကြောင့် လောကီကိစ္စ ပရဟိတကိစ္စရပ်များနှင့် ပတ်သက်နေ၍ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ၊ ပရဟိတသမားများ၊ ပရဟိ တအ သင်း အဖွဲ့များအား သိရှိစေရန် စာပေတိုက်များသို့ ပြန်လည်၍ ပေးပို့သူရေးသားထားသော မူရင်းအတိုင်း တစ်ဆင့်ပေးပို့ လိုက်ခြင်းပင် ဖြစ်တော့သည်။



ရက်စွဲ-၄-၃-၂ဝ၁၄

”ပရဟိတကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ”



”အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ရင် လူမှုရေးလောကကနေ နုတ်ထွက်တော့မည်ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ” ပြောဆိုပြီး (၂၈-၂-၂ဝ၁၄) ရက် သောကြာနေ့ထုတ် မော်ဒန်ဂျာနယ် မျက်နှာဖုံးမှာ စာလုံးအကြီးကြီးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ရဲ့ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်ရတော့ ကျွန်ုပ်တို့ တော်တော်လေး တုန်လှုပ်ချောက်ချားသွားမိပါတယ်။ ဦးကျော်သူကို ကျွန်ုပ်တို့အနေဖြင့် လူမှုရေးအရ ခင်မင်ရင်းနှီးမှုရှိပါသော်လည်း ယခုကိစ္စကိုကျွန်ုပ်တို့၏ နှုတ်မှ ပြောကြားခြင်းထက် ”နှုတ်တစ်ရာစာတစ်လုံး” ဆိုသလို တလေးတစား စာရေးသားပေးပို့ ဖို့ စိတ်ကူးဖြစ်မိတာပါ။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကြီးကျယ်ကျယ်ရေးသားပေးပို့တယ်လို့ မယူဆဖို့ ဦးစွာမေတ္တာ ရပ်ပါရစေ။



ပြီးခဲ့တဲ့ရက်အနည်းငယ်က တောင် ဦးကျော်သူနဲ့ ကျွန်ုပ်ပုသိမ်မြို့ စာပေဟောပြောပွဲမှာ အတူတကွသွားတုန်းကတောင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး (၅) ဦးနဲ့တွေ့ဆုံတော့ ကျွန်ုပ်အတူ ပါခဲ့ပါသေးတယ်။ အဲဒီမှာ ဦးကျော်သူကိုတောင် ဝန်ကြီးတွေက လူမှုရေးနှင့်ပတ် သက်ပြီး အကြံဥာဏ်ပေးဖို့နှင့် ”လူမှုရေး အဖွဲ့တွေကို ကျွန်တော်တို့ စကားအခွန်းတစ်ရာပြောတာနဲ့ ဦးကျော်သူ စကားတစ်ခွန်းပြောတာ ပိုထိရောက်ကြောင်း” ကို ဝန်ကြီး အဖွဲ့တွေက တကယ့်ကို လေးလေးစားစားနဲ့ ခင်မင်ရင်းနှီးစွာတွေ့ဆုံခဲ့တာ အမှတ်ရမိသေးတယ်။ အဲဒီမှာဝန်ကြီးတစ်ဦးကအသင်းအဖွဲ့တွေမှာ လိုင်စင်မဲ့ကားကိစ္စတွေ တရားဝင်ဖြစ်ဖို့အကြောင်း ဦးကျော်သူနဲ့ ဆွေးနွေးခဲ့တာ ကျွန်ုပ်မှတ်မိနေပါတယ်။



အဲဒီနောက် ကျွန်ုပ်လည်း မိမိတို့ကိုယ့်အရပ်ဒေ သကို ပြန်ပြီးရောက်ရုံ ရှိ သေး တယ်။ မော်ဒန်ဂျာနယ်က ဦးကျော်သူ အင်တာဗျူးဖတ်လိုက်မိတော့ မတုန်လှုပ်ဘဲ ရှိနိုင်ပါ့မလားဗျာ။ အဲဒါနဲ့ ဦးကျော်သူထံ ဖုန်းဆက်ပြီး မေးကြည့် မယ် လုပ်ပြန်တော့ မကွေးတိုင်း နတ်မောက်မြို့ကို သွားရောက်ပြီး အဓိဋ္ဌာန်စခန်းဝင်တယ် ဆိုတာသိရပါတယ်။ အဲ ဒါကြောင့် ယခုလို စာရေးပြီး အိတ်ဖွင့် ပေးစာ ပေးပို့ရတာကို သာသနာပြု အလုပ် သွားရောက်လုပ်ကိုင်နေတဲ့ ဦးကျော်သူအနေနဲ့ အနှောင့်အယှက်ပေးတယ်လို့ သဘောမထားဘဲ သတိတရဖတ်မိပါစေလို့ ဆုတောင်းရင်း ဒီစာကို ရေးပါရစေ။



ဦးကျော်သူ ခင်ဗျာ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ လူမှုရေးအသင်းများအားလုံးနီးပါးဟာ သူတို့ရဲ့ ပရဟိတခေါင်းဆောင်ကြီးအဖြစ်၊ ပရဟိတ ဖခင်ကြီးအဖြစ်၊ လူမှုရေးပရဟိတ သူရဲ ကောင်းကြီးအဖြစ်၊ လူမှုရေးအသင်းအ ဖွဲ့များ၏စံပြပုဂ္ဂိုလ်ကြီးအဖြစ်၊ လူမှုရေး အသင်းအဖွဲ့များရှေ့မှာ မားမားမတ် မတ်နှင့် ရပ်တည်ကာ ကွယ်စောင့်ရှောက် ပေးနေတဲ့ ပရဟိတကာ/ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြတယ်ဆိုတာ ဦးကျော် သူတစ်ယောက် သိစေချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကိုလွှတ်တော်က အတည်ပြုလိုက်လို့ ပရဟိတလောကကနေအပြီး နုတ်ထွက် သွားတော့မယ်ဆိုရင် ကျွန်ုပ်တို့လူမှုရေးလောကကြီးရဲ့ ခေါင်း ဆောင် သူရဲကောင်းတစ်ယောက် ကျဆုံးသွားသလို ခံစားကြရမှာပါ။ ဒီနေ ရာမှာ ကျွန်တော် ဒီဥပဒေကြမ်းနှင့် ပတ်သက်လို့ လေ့လာမိသလောက် (မိ ချောင်းမင်းရေခင်းပြတယ်လို့ မထင်ပါနဲ့) နားလည်သလို တင်ပြပါရစေခင်ဗျာ။



ဒီအသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို ကျွန်တော်စတင် လေ့လာမိသည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက (၂၇-၇-၂ဝ၁၃) ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ စ တင်ဖော်ပြတဲ့အချိန် မှာ သေသေချာချာ လေ့လာ ကြည့်မိပါတယ်။ အဲဒီ ဥပဒေထဲမှာ အဓိက ပြဿနာသည် ယခုတည်ဆဲဥပဒေဖြစ် သော ၆/၈၈ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေထက်မနိမ့်သော ပြစ်မှုပြစ်ဒဏ် အခန်းတွေကအစ ပါလာတာတွေ့ရှိရ ပါတယ်။ ဦးကျော်သူ အင်တာဗျူးတွေမှာ ပြောနေသလိုကိုယ့်ထမင်းကိုယ်စား ကြီးေ တ်ာနွား ကျောင်းနေရတဲ့ ကျွန်တော်တို့ ပရဟိတသမားတွေဟာ ဥပမာ ခန္ဓာ ကိုယ်ထဲကသွေးလည်းဖောက်ပြီး လှူခွင့်ရဖို့ အစိုးရကို မှတ်ပုံတင်ကြေးတင်ဆောင်ပြီးမှ လုပ်ရ မယ်ဆိုတာ ဖြစ်သင့်သလား။



နောက်ပြီး မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနေတဲ့ လူမှုရေးသမားတွေကို ဥပဒေတွေနဲ့ ကိုင်ချုပ်နေ တာ ဟာ မြတ် စွာဘုရားကို ဥပဒေနဲ့ ထိန်းချုပ်နေသလို မဖြစ်ဘူးလားဆိုပြီး ဦးကျော်သူ ပြောခဲ့တာကို ကျွန်တော်တို့ လူမှုရေးအသင်းတွေအား လုံးတစ်ညီတ စ်ညွတ် တည်း ထော က်ခံခဲ့ကြပါတယ်။



နောက်ပြီး ဦးကျော်သူ အ မြဲတမ်းပြောပြောနေတဲ့ NGOအဓိပ္ပာယ်ဟာ အစိုးရမဟုတ်သော အဖွဲ့အစည်းဆိုပြီး ဘာလို့အစိုးရက ဥပဒေထုတ်ပြီး ထိန်းချုပ်ချင်နေတာလဲဆို တာကိုလည်း ကျွန်တော်တို့ တော်တော်လေး စဉ်းစား မိပါတယ်။ ထားလိုက်ပါတော့လေ။ အဲဒီ ၂၇-၇-၂ဝ၁၃ ရက်နေ့ထုတ် ကြေးမုံမှာပါတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို လူမှုရေးအသင်းအဖွဲ့တွေက လက်မခံနိုင်ကြောင်း အသံတွေထွက်လာတော့ ၁၉-၈-၂ဝ၁၃မှာ ဒုတိယ အကြိမ် မူကြမ်းအဖြစ် ပြန်လည် ထွက်ရှိလာပြန် ပါတယ်။ အဲဒီထဲမှာ ပြစ်မှုပြစ်ဒဏ်တွေပါလာတာ မတွေ့ တော့ပြန်ဘူး။ အဲဒီနေရာမှာဦးကျော်သူပဲ စဉ်းစားကြည့်ပါဗျာ။



ဒီဥပဒေကြမ်းကို ဘယ်သူတွေက ရေးဆွဲနေတာလဲ၊ ဘယ်သူတွေက အကြံဥာဏ်တွေပေးနေတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတာပေါ့။ ဒါနဲ့ ဒီဥပဒေကြမ်းရေးဆွဲနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ကို လေ့လာကြည့်မိ ပါ တယ်။ ဘာတွေ့ရသလဲဆိုတော့ ဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲနေတဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ် စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးပြီးမှ ရေးဆွဲနေပါ တယ်လို့ ဂျာနယ်တစ်စောင် အင်တာဗျူး တွေကနေ တွေ့မြင်နေရပါတယ်။



ဟုတ်ပါပြီ အဲဒီအရပ်ဘက် အဖွဲ့အစည်းတွေ ဆိုတာ ဘယ်အရပ်ဘက် အဖွဲ့အစည်းတွေလဲ ဘယ်တိုင်းဘယ်မြို့နယ်က အသင်းအဖွဲ့တွေကို ဘယ်လောက်ကိုယ် စားပြုနို င်တဲ့ မေးခွန်းထုတ်စရာ ဖြစ်မ လာဘူးလား။ ကောင်းပြီ ဒီလိုအကြိတ် အနယ်ဆွေးနွေးဖို့ နေပြည်တော်သင်္ဂဟ ဟိုတယ်ကြီးမှာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သူ တစ်ယောက်ရဲ့ ရင်ဖွင့်သံ ကို ဦးကျော်သူကြီးပဲ နားထောင်ပြီး စဉ်း စားကြည့်စမ်းပါဗျာ။



သူက ဘာပြောသလဲဆိုတော့ သူဟာ မန္တလေးမြို့နယ်ထဲက အဖွဲ့အ စည်း တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်ပေါ့။ သူတို့ နေပြည်တော် မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီ အသင်းအဖွဲ့ဥပဒေကြမ်းကိစ္စ ဆွေးနွေးဖို့ ဖိတ်ကြားခြင်း ခံရတယ်တဲ့။ ၃ ရက် ကြာတယ်လို့ ပြောပါတယ်။ နေ့တွက် တစ်ရက်ကို ကျပ် (၁ဝဝဝဝိ/-) ပေးတဲ့ အပြင် ခရီးစရိတ်အသွားအပြန်နဲ့ တည်း ခိုစရိတ် (နှစ်ယောက်ခန်းကို ၈ဝဝဝဝိ/-လောက်တန်တဲ့ဟိုတယ်) နဲ့ အစားအသောက်အလျှံအပယ် ကျွေးမွေး ဧည့်ခံ ကြောင်း၊ တယ်လီဖုန်းကတ်တွေ ပေးပြီး စည်းရုံးပြောဆိုသွားတော့ ကျွန်တော် လည်း ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့။



ပထမတော့ ဦးကျော်သူ ဦး ဆောင်တဲ့အဖွဲ့ဆိုတော့ ဘာပဲဖြစ်ဖြစ်တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲလို့ထင်ပြီး လိုက်သွားတာ ဟိုရောက်တော့မှ နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော် သူမဟုတ်ဘဲ သူ့နဲ့နာမည်တူတဲ့ အဲဒီ ပုဂ္ဂိုလ်ကလည်း ဆံပင်အရှည် နှုတ်ခမ်းမွေးနဲ့ အရပ်ထောင်ထောင်မောင်းမောင်း နဲ့ INGO အဖွဲ့တစ်ခုက ဦးကျော်သူဖြစ်နေတော့ နည်းနည်းကြောင်သွားတယ်။ ကျွန်တော်တို့လို ဦးကျော်သူမှားပြီးယောင်တောင်တောင်ပါသွားတဲ့လူတွေ အများကြီးဆိုတာ ဟိုရောက်မှသိတော့ ကျွန်တော် နည်းနည်းဖြေသာလိုက်ပါတယ်။ ဒါတင်ဘယ်ကမလဲ နာမည်တူကိစ္စ ဂျာနယ်တွေမှာ ဖတ်မိသေးတယ်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူထံကို မန္တလေးမြို့မှာ ရှိနေတုန်း ဖုန်းဝင်လာတယ်။



”ဦးကျော်သူ ဘယ်ရောက်နေလဲ ကျွန်တော်တို့ တောင်ကြီးကပါ” တဲ့ အဲဒီမှာ ဦးကျော်သူက ကျွန်တော်အ ခု မန္တလေးမှာလို့ပြောတော့ ဒီနေ့တောင်ကြီးကိုလာပြီး အသင်း အဖွဲ့တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ဆိုပြီး မေးတော့ ဘယ်ကလာရှိရမှာလဲ ကျွန်တော်ကအခု ရန်ကုန် ပြန်တော့မှာဆိုတော့ အဲဒီတောင်ကြီးကလူက ဒီနေ့ ဦးကျော် သူေ တာင်ကြီးက လူမှုရေးအဖွဲ့တွေကို တွေ့မယ်ဆိုတော့ ဒီကအသင်းအဖွဲ့တွေကဝမ်းသာအားရ နဲ့ ဦးကျော်သူကို ကြိုဆိုနေတာသွားပါ ပြီဗျာ။ ဘယ်က နာမည်တူက ပေါ် လာပါလိမ့်ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချသွားတယ်။ အဲဒီမှာ ဦးကျော်သူက တောင်ပြန်ပြောလိုက်သေးတာ ကျွန်တော် မှတ်မိသေးတယ်။



ခင်ဗျားတို့ ကျော်သူ စစ်မစစ်သိချင်ရင် ”သင်္ချိုင်းကုန်းတစ်ခုကို ခေါ်ပြီး မသာထမ်းသွားခိုင်းလို့ရရင် ကျော်သူစစ်တယ်လို့ တောင် ပြောတော့ ကျွန်တော်ကိုယ်တိုင်ဖတ်ကြည့်ပြီး သက်ပြင်း အခါခါချမိပါသေးတယ်။ ဦးကျော်သူရေ ပုသိမ်ဘက်တုန်းကလည်း ပြောသံကြားလိုက်သေးတယ်။ ပုသိမ်ကို ဦးကျော်သူလာပြီး အသင်းအဖွဲ့တွေနဲ့ တွေ့ဖို့လာမယ်ဆိုတော့ ပုသိမ်မြို့က အာဏာပိုင်ကတောင် မင်းသားကျော်သူထင်ပြီး ခွင့်ပြုမိန့်တောင်း လက်မှတ်ထိုးပေးပြီးမှ နာမည်တူတဲ့ ဦးကျော်သူ ဖြစ်နေကြောင်း၊ ပုသိမ်မြို့နယ်အုပ် ချုပ် ရေးကတောင် ဖုန်းဆက်ပြီးပြောတယ် ဆိုတော့ ဒီနာမည်တူကိစ္စအား ကာယကံရှင်တွေ နာမည်တူနေတာ ဘာမှ မထူးဆန်းပေမယ့် လူတူမရှား နာမည်တူမရှားဆိုတာ လက်ခံပေမယ့်အခုကိစ္စက ဒီ နာမည်တစ်ခု နောက်မှာ ရှိနေတဲ့လူမှုအ ဖွဲ့အစည်းတွေအနေနဲ့ ကတော့ တော်တော်လေး ယောင်တောင်တောင်ဝါး တားတားနဲ့ဖြစ် သွားကြ တာတော့ မကောင်းဘူးပေါ့။



ဦးကျော်သူ (မင်းသားဦးကျော်သူ)ကြီးရေ အဲဒီတော့ ဦးကျော်သူနဲ့ အမည်တူ NGO က ကိုကျော်သူကိုလည်း တွေ့ရင်ပြောပေးပါ။ နောက်နောင် နယ်အသင်း အဖွဲ့တွေ ကို တွေ့တော့မယ်ဆိုရင် ကျွန်တော်ကတော့ ဘယ်အဖွဲ့ကဘယ်သူပါ ဘာအတွက် လာရောက်ဖို့ရှိ ကြောင်းရှင်းလင်းစွာ အရင်ပြောဆိုပြီးမှ သွားရောက်တွေ့ ဆုံရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပြုပေးစေချင်ပါတယ်။ တချို့အသင်းအဖွဲ့တွေက ကျော်သူကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပဲ ထင် ထင်နေကြတော့ မိမိ အတွက်လည်း မကောင်းကြောင်း အကြံ ပြုပေးပါခင်ဗျာ။



လူတစ်ယောက်ကို ၃ဝဝဝဝဝိ/- သုံးသိန်းဝန်းကျင်လောက် အကုန်အကျခံသုံးပြီး ဒီဥပဒေမူကြမ်း ကိစ္စတိုင် ပင်ဖို့ကို ဘယ်သူက အဲဒီစရိတ်ငွေကြေးတွေ စိုက်ထုတ်သလဲ INGO လို့ခေါ်တဲ့ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းကနေ မှတ်ပုံတင်လိုချင်အားကြီးပြီး စိုက် ထုတ်ပေးနေသလား အစိုးရဘက်ကပဲ လူမှုရေးအသင်းတွေ ကို ထိန်းချုပ်ချင်အားကြီးပြီး အကုန်အကျခံသလား စသဖြင့် သို့လောသို့လော တွေ ကျွန်တော်တို့ လူမှုရေး အမည်တွေ ကြားဂယက်ရိုက်သွားတာပေါ့။



ဦးကျော် သူကြီးပဲစဉ်းစားကြည့်လေ ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းဆိုတာအများ ပြည်သူ ချွေးနည်းစာထဲကနေ အများ ပြည်သူတွေအတွက် သဒ္ဓါတရားထက် သန်စွာနဲ့ လှူဒါန်းပေးတဲ့ ဒီအလှူငွေတွေ ကို ဒီလို မလိုအပ်ဘဲအကုန်အကျအ များကြီးခံပြီး လုပ်သင့်ပါသလားဗျာ။ သုံးတဲ့သူတွေရော စားတဲ့သူတွေပါ သံရည်ပူတွေ စားမိသလို အပူတွေတပွေ့တစ်ပိုက်ကြီး ရသွားကြမှာပေါ့။ ဒါနဲ့ သေသေချာချာ အကဲခတ်ကြည့်တော့ အဲဒီအဖွဲ့တွေအများစုဟာ INGO တွေ များနေ တာ တွေ့နေရ ပါတယ်။ INGO ဆိုတာ ပြည်ပအထောက်အပံ့နဲ့ ပြည်တွင်းမှာ ပြန်ပြီးကူညီနေကြတာဆိုတော့ သူတို့အနေနဲ့ တရားဝင်မှတ်ပုံတင်ရရှိရေး အတွက် ငွေကြေးပေးဆောင်ဖို့ အခက်အခဲမရှိသလို (ဒီနေရာမှာ INGO များကို ကျွန်ုပ်မကောင်းပြောနေတာ မဟုတ်ပါ) INGO တွင် လုပ်အားပေးမရှိပါ။ အားလုံးလခစား ဝန်ထမ်း များဖြင့် ဆောင် ရွက်ေ နသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် သူတို့အိတ်စိုက်ဘယ် သူမှ မလုပ်ကြပါဘူး။



NGO ဆိုသော ကျွန်ုပ်တို့ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့တွေ ကျတော့ ပြည် တွင်းရှိ အများ ပြည်သူများရဲ့ ချွေးနဲစာနဲ့ လှူဒါန်းငွေ တွေနဲ့ ရပ်တည်နေရတဲ့ လူမှုရေးပရဟိတ အဖွဲ့တွေအနေနဲ့ကတော့ မှတ်ပုံတင်ကြေးတို့ ဘာတို့ဆိုတာ ဘယ်ပိုက်ဆံနဲ့ တင်ရ မှာလဲ။ ကိုယ့်ထဲကပိုက်ဆံထုတ်ပြီး အိတ် စိုက်လုပ်ကိုင်နေကြသော ပရဟိတလူမှု အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီအ သင်းအဖွဲ့ ဥပဒေမူကြမ်းဟာ လက်ခံစ ရာလုံးဝမရှိကြောင်း တွေ့နေရပါတယ်။



နိုင်ငံတကာ စံနှုန်းနဲ့လေ့လာပြီးမှ ရေးဆွဲနေတာပါလို့ပြောတဲ့ ပုဂ္ဂိုလ်ကြီး ကိုလည်း ဦးကျော်သူ ပြောပေးစမ်းပါ ဗျာ။ ကိုယ့်ပြည်တွင်းစံနှုန်းနဲ့ ကိုက်ညီ အောင်ပဲ အရင် လုပ် ပါ။ နိုင်ငံတကာစံ နှုန်းဆိုရင် ထပ်ပြောမယ် အခြားနိုင်ငံ တွေမှာ ပရဟိတလူမှုအဖွဲ့အစည်းတွေ ကို ဒီလို အခွန်အခကောက်ခံပြီး ဥပဒေ နဲ့ ထိန်းချုပ်ဖို့နေနေ သာသာ သူတို့ အစိုးရ တွေက လူမှုရေးအဖွဲ့အစည်းတွေ လို အပ်သမျှ ပံ့ပိုးကူညီသလို ¤င်းလူမှုရေး အဖွဲ့တွေကို လှူဒါန်းနေတဲ့ အလှူရှင် တွေရဲ့ စီးပွားရေး ဝင်ငွေခွန် (အမြတ် ခွန်)တွေ ကိုတောင် အဲဒီလို လှူဒါန်းတဲ့ အလှူငွေပေါ်ကြည့်ပြီး အခွန်လျှော့ချ ပေးတာမျိုးတွေ ရှိနေတယ်။



ဒီမှာလို ပြည်ပက အလှူငွေတွေကိုတောင် ၁ဝ ရာခိုင်နှုန်း အခွန်ဖြတ် တာမျိုးက ဝေးစွ။ အဲဒီလိုနဲ့ ၂-၁၁-၂ဝ၁၃ ကြေးမုံမှာ တတိယအကြိမ် အသင်းအဖွဲ့မူကြမ်းဆို ပြီး ၂၉-၁-၂ဝ၁၃ရက်နေ့ ထပ်မံပြီး မူ ကြမ်း ထုတ်လာပြန်တယ်။ ဒါကိုပဲ ဒီက နေ့ လွှတ်တော်မှာ ဆွေးနွေးအတည်ပြု ဖို့လုပ်နေတာဆိုတာသိရပါတယ်။ မသာ အလောင်းတစ်လောင်းမချဖူးသူ၊ သွေး တစ်လုံးမှ ခန္ဓာကိုယ်က ဖောက်ထုတ် မလှူ လူနာတစ်ယောက်တောင် ကျန်း မာရေးစောင့်ရှောက်မပေးရသူ၊ ပရဟိတ လူမှုရေးဘာတစ်ခုမှ အတွေ့အကြုံမရှိ သော ပုဂ္ဂိုလ်တွေက တကယ် လူမှုဒု က္ခ တွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ ဒူးတွေ့ ကူညီလုပ်ဆောင်ပေးနေသော အနယ် နယ်အရပ်ရပ်က လူမှုရေးသမားတွေ လောက် သိပါ့မလား။ လူမှုရေးအဖွဲ့အ စည်းတွေ မှာ ဘာအခက်အခဲရှိသလဲ၊ နာရေးကိစ္စတွေမှာ ဘာအခက်အခဲရှိ သလဲ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ မှာ ဘာတွေ လိုအပ်နေသလဲ စသည်ဖြင့် ဘယ်သူတွေက ပိုသိနိုင်မလဲ။



ဦးကျော် သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ချန်လှပ်ရုံတင်မကဘဲ တစ်တိုင်းပြည် လုံးမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ဆန္ဒ သဘောထားတွေကို လျစ် လျူ ရှုပြီး ရေးဆွဲမည်ဆိုရင်တော့ ဒီအသင်းအဖွဲ့ ဥပဒေက ဘယ်လိုမှ ပြည့်စုံလာမှာ မ ဟုတ်သလို တစ်ချိန်မှာ ကန့်ကွက်မှုတွေ ကြုံတွေ့လာလိမ့်မယ်ဆိုတာ မလွဲမသွေ ကျွန်ေ တ်ာပြောရဲတယ်။ တကယ်တမ်း ပြင်သင့်တာကတော့ ဒီဥပဒေကြမ်းကို ရေးဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးက ဒီဥပဒေ သက်ရောက်မည့် အသင်းအ ဖွဲ့တွေရဲ့ သဘော ဆန္ဒတွေဟာ အဓိက ကျပါတယ်။



ဥပဒေရေးဆွဲမယ့် ပုဂ္ဂိုလ် တွေအနေနဲ့ နယ်ပေါင်းစုံက အသင်းအ ဖွဲ့တွေကို တွေ့ဆုံဖို့ခက်ခဲနေမယ်ဆိုရင် ဥပမာ သက်ဆိုင် ရာ တိုင်းက တာဝန်ခွဲ ဝေယူပြီး နောက်ခရိုင်၊ မြို့နယ် ရပ်ကွက် အဆင့်ဆင့် တာဝန်ခွဲဝေယူပြီး ၎င်းတို့သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ရှိ နေတဲ့ လူမှုရေးအ သင်း အဖွဲ့တွေရဲ့ ဆန္ဒ သဘောထားတွေကိုတင်ပြပေး ဖို့ တောင်း ခံမယ်ဗျာ။ ပြီးရင် အသင်းအဖွဲ့တွေက တင်ပြလာတဲ့ သဘောထားတွေကို ဥပဒေ ကြမ်းရေးဆွဲမယ့် ပုဂ္ဂိုလ်တွေ က လေ့လာပြီး ဘုံတူညီတဲ့ သဘောထားလေးတွေ ရွေးချယ်ပြီး သတ်မှတ်ရေးဆွဲမယ်ဗျာ။ ပြီးရင် ပြန်ပြီးအသင်းအဖွဲ့တွေကို ပြန် ပြောမယ်ဗျာ လိုအပ်ရင် ပြင်ဆင်ညှိနှိုင်း ပြီး သဘောတူညီမှု ရယူပြီး ပြဋ္ဌာန်းမယ် ဆိုရင်တောင် နည်းနည်းခံသာသေးတယ်။



ဧရာဝတီတိုင်း ဝန်ကြီးပြောသလို အသင်းအဖွဲ့တွေက လိုင်စင်မဲ့ ကား ကိစ္စကို သူတို့ဘက်က တရားဝင်ဖြစ်ချင် နေကြောင်းပြောတာ ကျွန်တော် ကြား တော့ ကျွန်တော်တို့ အသင်းတွေ ကိုယ် တိုင်က ပိုပြီးတရားဝင် လိုင်စင်ကားတွေ ကိုပဲသုံးချင်တာပေါ့ဗျာ။ ဒါပေမဲ့အသင်း တွေရဲ့ ရန်ပုံငွေကြေး မပြည့်စုံလို့သာ အခုလိုသင့်တော်တဲ့ လိုင်စင်မဲ့ ကားတွေ ကို သက်ဆိုင်ရာမြို့နယ် က-ည-န တွေ မှာ သွားရောက်စာရင်းပေးပြီး အစိုးရ ဘက်က ဥပမာ နာရေးကားဆို နိဗ္ဗာန် ယာဉ်နံပါတ်နဲ့ တပ်ဆင်ပြီး ကျန်းမာရေး သုံး ကားဆို ကျန်းမာရေးနံပါတ်ပေးပြီး တရားဝင်အသိအမှတ်ပြုမယ်ဆို ဘယ် လောက်ကောင်းမလဲ။ ကျွန်တော်တို့အ သင်းတွေက လိုင်စင်မဲ့ကားတွေကို 4/G , 5/Gတွေ ပေး စရာမလိုပါဘူး။ ပြန်လည် ရောင်းချလို့မရ၊ ကိုယ်ပိုင်လည်း စီးခွင့် မရှိအောင် နိဗ္ဗာန်ယာဉ်နံပါတ်၊ ကျန်းမာရေးနံပါတ်စသည်ဖြင့် သတ်မှတ်ပေးမယ်ဆိုရင် မရနိုင်ဘူးလား ခင်ဗျာ။ အ ကယ်၍ အသင်းတွေက ၎င်းကားတွေကို ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာတွေ့ရင် လိုင်စင်ပြန်လည်ရုပ်သိမ်းပြီး ထိ ရောက်စွာအရေးယူပါ လို့အကြံပြုပေးပါ ဦးကျော်သူကြီးရေ။ ဦးကျော်သူရေ ဥပဒေဆိုတာ ထုတ်ပြီးရင်လည်း ပြည်သူလက်မခံရင် .....



ဆက်ဖတ်ရန် >> http://ift.tt/O4B1de





from Popular Myanmar News Journal's Facebook Wall http://ift.tt/O4B1di

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3