ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်
မန္တလေး၊ မတ် ၁၂ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
from Voice http://ift.tt/1ifsE9L
Comments
Post a Comment