Skip to main content

လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျ...



လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



တောင်ကြီးမြို့-မတ်၁၈

ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) တို့ပူးပေါင်း၍ လက်နက် ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်မှ ၂ဝ ရက်အထိ

(၃) ရက်ကြာ ကျင်းပလျက်ရှိသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ် (၂၇) ခုမှ ခွဲစိတ်ဆရာဝန် များနှင့် ခရိုင်/မြို့နယ်/မြို့နယ်ခွဲ/တိုက်နယ်များမှ ဆရာဝန်များ စုစုပေါင်း (၂၅) ဦးခန့်တက်ရောက်လျက်ရှိသည်။

''ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ အိုင်စီအာရ်စီနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအကြား လက်နက်ကြောင့်ထိခိုက်ဒဏ်ရာရထားတဲ့လူနာတွေကို ပြုစုကုသတဲ့အတွေ့အကြုံနဲ့ နည်းပညာတွေ ဖလှယ်ဖို့ဖြစ် ပါတယ်'' ဟု ရှမ်းပြည်နယ်မှ အိုင်စီအာရ်စီလုပ်ငန်းများအတွက်တာဝန်ခံ မစ္စကလော်ဒီယာမက်တာက ပြောသည်။

လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများကုသရာတွင် ဝါရင့်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်သော ဒေါက်တာဂွန်တာ ဝင်းမ်ဟော့ဖ်ဖာမှဦးဆောင်ကာ ရှမ်းပြည်နယ်အတွင်း ခွဲစိတ်ကုသမှုလုပ်ဆောင်လျက်ရှိသော ခွဲစိတ်ဆရာဝန်များအား အတွေ့အကြုံဗဟုသုတများ လက်ဆင့်ကမ်းပေးမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ၏ ဝိသေသလက္ခဏာများကို ဆွေးနွေးပို့ချမည် ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် ခွဲစိတ်ကုသရာ၌ အကောင်းဆုံးနည်းလမ်းများကို ဆွေးနွေးကြပြီး၊ ဖြစ်စဉ်နမူနာများဖြင့်လည်း လေ့လာကြသည်။

ဤအလုပ်ရုံဆွေးနွေးပွဲများကြောင့် ဝေးလံခေါင်သီသော တိုက်နယ်၊ မြို့နယ်များနှင့် အထွေထွေရောဂါကုဆေးရုံများမှ ဆရာဝန်များသည် လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများကိုကုသရန် နည်းပညာဗဟုသုတနှင့် လက်တွေ့ ကျွမ်းကျင်မှုများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းသိရသည်။

အိုင်စီအာရ်စီသည် ၂ဝ၁၃ ခုနှစ်အတွင်းက အလားတူအလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့ များတွင် ကျင်းပခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း (၆ဝ) ဦးကျော်ခန့် တက်ရောက်ခဲ့ကြသည်။ ၂ဝ၁၄ ခုနှစ် မတ်လ နှောင်းပိုင်းတွင် လားရှိုးမြို့၌ စတုတ္ထမြောက်အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။

အိုင်စီအာရ်စီသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်ကတည်းက အခြေစိုက်ရုံးဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပါသည်။ ယခုလက်ရှိတွင် အိုင်စီအာရ်စီသည် ရှမ်းပြည်နယ်အတွင်း သောက်သုံးရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံချက်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။





from Popular Myanmar News Journal's Facebook Wall http://ift.tt/1iXzSC7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...