Skip to main content



မျိုးသန့်


မန္တလေးမြို့လမ်းမများပေါ်တွင် ပြိုင်ကားများကို စည်းကမ်းမဲ့မောင်းနှင်ခြင်းကြောင့် အများပြည်သူ အနှောင့်အယှက်မဖြစ်စေရန် မတ်လမှစ၍ စစ်ဆေးအရေးယူမှုများကို တင်းကျပ်စွာ လုပ်ဆောင်တော့မည်ဖြစ် ကြောင်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက မတ်လ ၁၇ ရက်က မဇ္ဈိမကို ပြောသည်။


“ပြိုင်ကားတွေကို စည်းကမ်းမဲ့မောင်းနှင်တာ၊ သတ်မှတ်အရှိန်ထက် ပိုမောင်းနှင်တာ၊ ဆူညံအောင် တမင် ပြုလုပ်မောင်းနှင်တာတွေကို နေရာအလိုက် ဖမ်းဆီးစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ နောင် အဲလိုမဖြစ် အောင် ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်အောင်လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြော သည်။


ကျုံးဘေးပတ်လည်၊ အဓိကလမ်းမကြီးများတွင် ရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ စည်းကမ်းမလိုက်နာဘဲ မောင်းနှင်နေသော ပြိုင်ကားမောင်းသူများကို ကျူးလွန်သည့်ပြစ်မှုပေါ် မူတည်ကာ ပြစ်ဒဏ်များကို ချမှတ်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသော ပြစ်ဒဏ်များမှ ပြောပလောက်သောပြစ်ဒဏ်မဟုတ်လျှင် ထိုက်သင့်သောပြစ်ဒဏ်များကို ပြင်ဆင် ချမှတ်သွားမည်ဖြစ်သည်။


“ပြိုင်ကားမောင်းပြီး ယာဉ်တိုက်မှုဖြစ်ပွားတာတွေ၊ အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်တာ တွေကို တွေ့ရင် လိုင်စင်ပိတ်သိမ်းမယ်၊ ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်။ မည်သူကိုမဆို လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။


ယင်းလုပ်ဆောင်ချက်အပြင် တခြား စက်တပ်ယာဉ်များ စည်းကမ်းချိုးဖောက်မှုမရှိစေရန်လည်း ယာဉ်ထိန်း ရဲအရာရှိပါဝင်သော ဆိုင်ကယ်အဖွဲ့များဖြင့် လိုက်လံစစ်ဆေး အရေးယူသွားမည်ဖြစ်သည်။


အများပြည်သူသွားလာမှုများသော နံနက် ၇ နာရီမှ ၉ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီတို့တွင် အဓိကလမ်းမများ ယာဉ်လမ်းကြောရှင်းလင်းစေရန်လည်း ပြင်ဆင်ဆောင်ရွက် ထားရှိမည်ဖြစ်သည်။ နှစ်ထပ်ရပ်နား ထားသောယာဉ်များ၊ စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးမည်ဖြစ်ပြီး ကုန်တင်ကုန်ချကားများကိုလည်း အများပြည်သူသွားလာမှုများသည့်အချိန်တွင် အဓိကလမ်းမများ၌ အတင်အချလုပ်ဆောင်ခွင့် ပေးမည် မဟုတ်ဟု ဆိုသည်။





from Mizzima - News in Burmese's Facebook Wall http://ift.tt/1nzYe72

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...