Skip to main content



စိုးသန်းလင်း


သစ်တောဥပဒေ၊ နည်းဥပဒေတို့က စီးပွားဖြစ်မဟုတ်သော အိမ်သုံး၊ လယ်ယာသုံး၊ ငါးဖမ်းလုပ်ငန်းသုံးတို့ အတွက် ဒေသခံပြည်သူတို့ သစ်ထုတ်လုပ်ယူခွင့် ပေးထားသော်လည်း လက်တွေ့၌ ထိုသို့ဆောင်ရွက်မိသော ပြည်သူတို့ ကျွဲ၊ နွားလှည်းများ ဆုံးရှုံးရုံသာမက ထောင်ပါကျရမည့်ဖြစ်ရပ်များ နိုင်ငံတ၀န်း ရှိနေကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးနှင့် လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါဖြစ်ရပ်များ ပြေလည်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ အမေးအဖြေအစီအစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။


“ဒေသခံတောင်သူလယ်သမားတွေဟာ အိမ်ဆောက်ဖို့ မျှောသားတွေခုတ်တာ၊ ထင်းအတွက် ကိုယ်တစ် နိုင်သုံးဖို့ ခုတ်ရင်းသယ်ရင်းက ဒီလိုပြဿနာတွေ ဖြစ်နေကြပါတယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ တရား ရုံးတင်တာ၊ ထောင်ဒဏ်ကျတာ၊ လှည်းနွားတွေသိမ်းပြီး လေလံပစ်ခံရတာတွေ ရှိနေကြပါတယ်၊ ဒီကိစ္စ က သစ်တောရေးရာဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ ၀ိုင်းဝန်းဖြေရှင်းကြ မှသာ ပြေလည်နိုင်ပါတယ်၊ ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော်ရေးရာ ပြည်သူ့အင်အားစီမံခန့်ခွဲရေး ကော်မတီဘက်ကလည်း လိုပါမယ်။ သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ဘက်ကလည်း လိုပါလိမ့်မယ်။ ဒါသည် အစိုးရအဖွဲ့မှာသာ တာဝန်ရှိတာမဟုတ်ဘဲ လွှတ် တော်မှာလည်း တာဝန်ရှိတဲ့အတွက် ဒီလုပ်ငန်းတွေမှာ သွားရောက် ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုပဲ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်မှာမှတ်တမ်းတင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်းဖြစ်သည်။


တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေ၏ “ဒေသခံပြည်သူတို့ စီးပွားဖြစ် မဟုတ်သော မိမိသုံးသစ်များ ထုတ်လုပ်သယ်ယူခြင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ်ချခြင်း စသည်တို့နှင့်ပတ်သက်ပြီး အဖမ်းခံရသည့်အခါ တရားရုံးမတင်ဘဲ သစ်တောဦးစီးဌာန ၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ၍ ရ၊ မရ”ဟူသော အမေးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ဖြေကြားအပြီး လွှတ်တော်နာ ယကက ပြောကြားခဲ့ခြင်းဖြစ်သည်။


ဦးခင်မောင်ရွှေက “တရားရုံးတင်လိုက်ရင် တရားသူကြီးများက သစ်မှုဆိုတာနဲ့ နည်းနည်း၊များများ ထောင် ချရမှာပဲလို့ ခံယူချက်ရှိနေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ထဲမှာ ကျွန်တော်တို့ဒေသက တောင်သူအချို့ ကျွဲ၊ နွား လှည်းတွေလဲ အသိမ်းခံရ၊ ထောင်လဲကျခဲ့ကြပါတယ်၊ တရားသူကြီးနဲ့ ကျွန်တော် တွေ့တော့လဲ သစ်မှုဆို ရင် ထောင်ချရမယ်လို့ အထက်က ခိုင်းထားတယ်လို့ ပြောပါတယ်”ဟု အစချီ ရှင်းပြပြီးမှ အစိုးရအဖွဲ့သို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။


ယခင်ကဆိုလျှင် ဒေသခံပြည်သူတို့ မိမိအိမ်သုံးအတွက် သစ်လိုအပ်သည့်အခါ သစ်တောဦးစီးဌာနသို့ သွားခဲ့ပြီး လိုအပ်သည့် သတ်မှတ်ပမာဏအတွင်းရှိ သစ်တန်အတွက် လျှောက်လွှာတင်ရကြောင်း၊ လိုင် စင်လဲ ချပေးကြောင်း၊ လိုင်စင်ရချိန်တွင် သစ်တောဝန်ထမ်းများက တောထဲအထိ လိုက်လာပြီး တံဆိပ် ရိုက်ပေးကြောင်း၊ ယခုနောက်ပိုင်း ဤသို့ လျှောက်ခွင့်မရှိသည့်အတွက် ကိုယ်ပိုင်သုံးသစ်များကို ဥပဒေ နှင့်မညီဘဲ ထုတ်လာကြရသဖြင့် မလိုလားအပ်သောဖြစ်ရပ်များ ကြုံရကြောင်း၊ ကိုယ်ပိုင်သုံး သစ်ထုတ် ခွင့်ကို စနစ်တကျ စီမံပေးမည်ဆိုလျှင် အားလုံး အဆင်ပြေနိုင်မည်ဖြစ်၍ သစ်တောရေးရာဝန်ကြီးဌာနက ဤသို့ညွှန်ကြားထားသည်များ ရှိပါသလားဟုလည်း ၎င်းက မေးမြန်းခဲ့သေးသည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးက “ယခင် အေးချမ်းဖြိုးအစိုးရလက်ထက်တွင် နည်းဥပဒေပါ အချက်အလက်များအတွက် ပြည်သူလူထုကို ခံစားခွင့်မပြုခဲ့ပါဘူး၊ သစ်အသုံးပြုသူများ ဘက်ကရော ကြပ်မတ်ဆောင်ရွက်ရတဲ့ ၀န်ထမ်းများဘက်ကပါ နှစ်ဖက်စလုံး ရိုးသားဖြောင့်မတ်မှု မရှိခဲ့ ကြလို့ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။


“ဒီကိစ္စကို ပြတ်ပြတ်သားသား ဆင့်ကဲဆင့်ကဲ ညွှန်ကြားနေပါတယ်၊ အကယ်၍များ အောက်ခြေအထိ မရောက်သေးရင်လဲ ကျွန်တော်တို့ကို အကြောင်းကြားပါ၊ ပြန်စိစစ်ပေးပါ့မယ်”ဟုလည်း ဦးဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။


မိမိသုံး သစ်ထုတ်လုပ်သယ်ယူကြသည့် ဒေသခံပြည်သူတို့ အဖမ်းခံရ၊ လှည်းနွား အသိမ်းခံ၊ ထောင်ချခံ ရခြင်းတို့အတွက် သစ်တောရေးရာဝန်ကြီးဌာနတစ်ခုတည်းက ဖြေရှင်းပေး၍မရကြောင်း၊ ဥပဒေကို ထိန်း သိမ်းသည့် ရဲတပ်ဖွဲ့ အကောက်ခွန်နှင့် တပ်မတော် စသည့် အဖွဲ့အစည်းများလည်း ရှိနေသေးကြောင်း၊ ထိုကြောင့် နည်းဥပဒေက ပေးထားသည်မှန်သော်လည်း မိမိသုံးသစ်များ ထုတ်လုပ်ခွင့်ကို မြို့နယ်အဆင့် တွင် လျှောက်ထားကြပြီး ခွင့်ပြုချက်ရမှသာ သယ်ယူကြစေလိုကြောင်း ၀န်ကြီးက မဇ္ဈိမကို ဖြေကြားခဲ့ သည်။






from Mizzima - News in Burmese's Facebook Wall http://ift.tt/Nq5YYg

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...