အောင်ကိုဦး
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ကံကြီးကုန်းရွာရှိ အထက်မြန်မာပြည် ဆေးဝါးထုတ်လုပ်ရေးစက်ရုံဝင်းပြင် ပရှိ တောကို တောမီးကာကွယ်ရန် ပေါင်းရှင်းမီးရှို့ရာမှ စက်ရုံဝင်းအတွင်းသို့ ကူးစက်လောင်ကျွမ်းလာ သည့်အတွက် အဆောက်အအုံများထံ မကူးစက်စေရန် စက်ရုံဝန်ထမ်းများနှင့် ပြင်ဦးလွင်ခရိုင်မီးသတ်တို့ ၀ိုင်းဝန်းငြှိမ်းသတ်နေကြရာ ညနေ ၆ နာရီခွဲအထိ ဆက်လက် လောင်ကျွမ်းဆဲဖြစ်သည်။
တောမီးရှို့ရခြင်းမှာ တောမီးရန်မှကာကွယ်ခြင်းဖြစ်ပြီး တစ်နှစ်ကို နှစ်ကြိမ်ခန့် ယခုကဲ့သို့ လုပ်ကြောင်းနှင့် စက်ရုံသို့ ကူးစက်လောင်ကျွမ်းလာပါကလည်း ငြှိမ်းသတ်ရန် မီးသတ်ဆေးဘူး ၇၈ ဘူး၊ မီးသတ်ငုတ် ၄၀ ရှိကြောင်း၊ ပိုက်ခွေကြီးများလည်း ရှိကြောင်းနှင့် ရေသုံးသိန်းဆန့် မြေအောက်ကန်များနှင့် ရေဂါလန် လေး သိန်းဆန့် မြေပေါ်ကန်များလည်း လုပ်ထားကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက မဇ်္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီမှာက နှစ်ကြိမ်လောက် လုပ်ပေးရတယ်။ ဒီလိုတွေ ငြှိမ်းနိုင်အောင်လည်း သရုပ်ပြမှုတွေ နှစ်စဉ် လုပ်ထားတယ်။ စက်ရုံမှာလည်း မီးသတ်ဖွဲ့စည်းထားတယ်။ ၃၅ ဦးနဲ့ပါ”ဟု ၎င်းက ပြောသည်။
တောမီးရှို့ရာမှ စက်ရုံဝင်းအတွင်းသို့ ကူးစက်လာသော အဆိုပါမီးကို ၀ိုင်းဝန်းငြှိမ်းသတ်သဖြင့် အဆောက်အအုံများ မထိခိုက်ဘဲ ၀င်းအတွင်းစိုက်ပျိုးထားသော အပင်များသာ လောင်ကျွမ်းသွားကြောင်း နှင့် တောမီးမှာ စက်ရုံဘက်သို့ မလာတော့ဘဲ ဘေးဘက်တောင်ပေါ်သို့ ညနေ ၆ နာရီခွဲကျော်သည်အ ထိ ဆက်လက်လောင်ကျွမ်းနေကြောင်း သိရသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/Nq5Yrt
Comments
Post a Comment