Skip to main content

#emg_opinions လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ (Written By - တက္ကသိုလ်မိုးဝါ) မေ...



#emg_opinions



လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ



(Written By - တက္ကသိုလ်မိုးဝါ)



မလေးရှားလေယာဉ်ပျံသန်းမှု အမှတ် ၃၇၀ (Flight 370) အစအနမကျန်အောင် ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့မှုမျိုးမှာ ယခုမှဖြစ်ခဲ့ဖူးသည်မဟုတ်။



၂၀၀၃ ခုနှစ်တုန်းကလည်း ဘိုးအင်း ၇၂၇ တစ်စင်းသည် အင်ဂိုလာနိုင်ငံ၏မြို့တော် လူအန်ဒါ၌ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ဖူးသည်။ ယင်းလေယာဉ်သည် Quatro de Fevereiro အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၀၃ ခုနှစ် မေ ၂၅ ရက်တွင် ပျံတက်သွားပြီး လေယာဉ်၏ ရေဒီယိုဆက်သွယ်ရေးကိရိယာမှာလည်း အလုပ်ကောင်းစွာ မလုပ်ဟုဆိုသည်။



ယင်းလေယာဉ်ပေါ်တွင် အင်ဂျင်နီယာတစ်ဦးနှင့် အခြားခရီးသည်သုံးဦး လိုက်ပါခဲ့သည်ဟု သတင်းများအရ သိရသည်။ အဆိုပါလေယာဉ်အစိတ်အပိုင်းနှင့်တူသော အစအနများကိုပင် ယနေ့တိုင်ရှာဖွေမတွေ့ဘဲ ရှိနေလေသည်။



၂၀၀၉ ခုနှစ် ပြင်သစ်လေကြောင်းဆိုင်ရာ ပျံသန်းမှုအမှတ် ၄၄၇ (Flight 447) ( အဲဘတ်စ်အေ ၃၃၀ အမျိုးအစား) သည် ပါရီမြို့သို့သွားရန် ရီယိုဒီဂျနေရိုးမှ ထွက်ခွာခဲ့ရာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး နာရီအနည်းငယ်အကြာတွင် မြေပြင်ဗဟို ထိန်းချုပ်ဌာနသို့ ရေဒီယိုဖြင့် နောက်ဆုံးဆက်သွယ်မှု ပြုလုပ်လိုက်သေးသည်ဆိုသည်။ ယင်းမှာ ၂၀၀၉ ခုနှစ် မေ ၃၁ ရက်တွင်ဖြစ်သည်။



ထိုကဲ့သို့ ဖြစ်ပျက်သည့်နေရာမှာ အနီးဆုံးဆိပ်ကမ်းမှ သင်္ဘောဖြင့် သုံးရက်ခန့်သွားရသည့် ရေလမ်းခရီးဖြစ်၏။ နှစ်နှစ်ခန့်အကြာတွင်မှ လေယာဉ်၏ ကိုယ်ထည်နှင့် အစအနများအား သေဆုံးသူတို့၏ အလောင်းများနှင့်အတူ ရှာဖွေတွေ့ခဲ့သည်။ လေယာဉ်ပေါ်ပါလာသူ ၂၂၈ ယောက်စလုံး သေဆုံးခဲ့သည်ဆိုသည်။ ၂၀၁၂ ခုနှစ်တွင်မှ ပြင်သစ်အာဏာပိုင်တို့က အဆိုပါလေယာဉ် ပင်လယ်ထဲသို့ ထိုးဆင်းသွားရသည့် အကြောင်းရင်းမှာ ရေခဲပုံဆောင်ခဲလေးများက လေယာဉ်၏မြန်နှုန်း အလိုအလျောက်ထိန်းသည့်စနစ်အား နှောင့်ယှက်ဖျက်ဆီးလိုက်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့လေသည်။



၁၉၉၉ ခုနှစ်။ အီဂျစ်လေကြောင်း ပျံသန်းမှုအမှတ် ၉၉၀ (Flight 990) သည် ကောင်းကင်အမြင့်ပေ ၁၄၀၀၀ မှ ၃၆ စက္ကန့်အတွင်း မြေပြင်သို့ ထိုးစိုက်ဆင်းသွားခဲ့သည်။ ယင်းလေယာဉ်သည် ကိုင်ရိုမှ နယူးယောက်သို့အသွား အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်။ နောင်တွင် ၎င်းလေယာဉ်၏ အပိုင်းအစများအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ခရီးသည်ပေါင်း ၂၁၇ ဦး သေဆုံးစေခဲ့သော ယင်း ၁၉၉၉ ခု အောက်တိုဘာလ၏ ပျက်ကျမှုဖြစ်စဉ်အကြောင်းရင်းကို ယနေ့တိုင် မရေမရာ မှန်းဆနေကြသေး၏။ လေယာဉ်မှူး၏ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဟု ယူဆသူလည်းရှိသလို လေယာဉ်မောင်းခန်း၌ အပိုင်စီးရန် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဖြစ်သည်ဟုလည်း ယူဆခဲ့ကြသည်။ အီဂျစ်အာဏာပိုင်တို့ကမူ လေယာဉ်စက်ချွတ်ယွင်းမှုကြောင့်ဟု အကြောင်းပြခဲ့သည်။



၁၉၉၆ ခုနှစ်။ TWA Transworld Atlantic Flight 800 ။ ပါရီမြို့သို့ ပျံသန်းမည့် ယင်းလေယာဉ်သည် နယူးယောက်မှ ပျံတက်လျှင်တက်ချင်း လေထဲ၌ ပေါက်ကွဲသွားခဲ့၍ လိုက်ပါသူ လူ ၂၃၀ အားလုံး သေဆုံးခဲ့သည်။



မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ အလင်းတန်းတစ်ခုနှင့် မီးလုံးကြီးတစ်ခုအား တွေ့လိုက်ရသည်ဆိုသည်။ အကြမ်းဖက်သမားများက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သံသယရှိခဲ့ကြသည်။ သက်ဆိုင်ရာအာဏာပိုင်တို့ကမူ လျှပ်စစ်ပတ်လမ်းတို (Short Circuit) တစ်ရပ်ကြောင့် လေယာဉ်ဆီကန်ကို လောင်ကျွမ်းပေါက်ကွဲစေခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ချအတည်ပြုခဲ့သည်။ သို့ရာတွင် ဇာတ်ရှုပ်တစ်ခုအား မဖြေရှင်းနိုင်၍ အစိုးရက တစ်စုံတစ်ရာကို ဖုံးကွယ်နေခြင်းဖြစ်သည်ဟု အများက ထင်မြင်ယူဆခဲ့ကြ၏။



၁၉၄၇ ခုနှစ် ။ ဗြိတိသျှကြယ်မှုန့် (British Stardust) အမည်ရ လေယာဉ်တစ်စင်းသည် ဗျူနိုအေရီးစ်လေဆိပ်မှ ပျံတက်ပြီးနောက် အာဂျင်တီးနားတောင်တန်းများထဲသို့ စုံးစုံးမြုပ်ပျောက်ကွယ်သွားခဲ့သည်။ အနှစ် ၅၀ ကုန်လွန်ခဲ့သည့်တိုင် ဗြိတိသျှကြယ်မှုန့်အား ရှာမတွေ့နိုင်သေးသဖြင့် အခြားကမ္ဘာမှ ဂြိုဟ်သားတို့ ဖမ်းဆီးသွားသည်ဟု ဇာတ်လမ်းထွင် ပြောဆိုခဲ့ကြသည်။



သို့စေကာမူ ၂၀၀၀ ပြည့်နှစ်တွင် ရေခဲတုံးကြီးတစ်ခုထဲ နစ်မြုပ်နေသော လေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းလေယာဉ်မပျက်မီ ပေးပို့လိုက်သော မော့စ်ကြေးနန်း သင်္ကေတစာလုံးမှာ STENDEC ဖြစ်ပြီး ယနေ့တိုင် ယင်းစာလုံး၏ ဆိုလိုရင်းအနက်ကို ဖော်ထုတ်မရသေးဟုဆိုသည်။



၁၉၄၂ ခုနှစ်။ ပျံသန်းရမည့်လမ်းကြောင်း သွေဖည်သွားသည့် ဗြိတိသျှ တိုက်လေယာဉ်တစ်စင်းသည် ၁၉၄၂ ခု ဇွန် ၂၈ ရက်တွင် အီဂျစ်ဆာဟာရ သဲကန္တရထဲသို့ ပျက်ကျသွားခဲ့၍ ယင်းကိုရှာဖွေမတွေ့တော့ချေ။ သို့ရာတွင် လွန်ခဲ့သောနှစ်အနည်းငယ်က ရေနံကုမ္ပဏီလုပ်သားတစ်ဦးက ၎င်းလေယာဉ်၏ ကိုယ်ထည်၊ တောင်ပံ၊ အမြီးပိုင်းနှင့် လေယာဉ်မောင်းခန်းရှိ စက်ကိရိယာများအားလုံး တွဲလျက်ရှိနေသေးသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။



၁၉၃၇ ခုနှစ် ။ လေယာဉ်ပျံသန်းမှုတွင် စံချိန်ချိုးနေကျဖြစ်သူ အမျိုးသမီးလေယာဉ်မှူး အမီလျာအီးယားဟတ် (Amelia Earhart) ပျောက်ဆုံးသွားမှုဇာတ်လမ်းမှာ လေယာဉ်ဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုကိစ္စများအနက် အကျော်ကြားဆုံးအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပေသည်။



၁၉၃၇ ခုနှစ်တွင် အင်ဂျင်နှစ်လုံးတပ် Lockheed Electra လေယာဉ်ဖြင့် သူမသည် ကမ္ဘာကိုပတ်ရန် ဆန္ဒအလွန်ပြင်းပြခဲ့သည့် အားလျော်စွာ ခရီးစဉ်တစ်ခုလုံးအနက် မိုင် ၇၀၀၀ သာ ကျန်ရှိတော့သည်တွင် သူမက ပစိဖိတ်သမုဒ္ဒရာအလယ်ရှိ ဟောင်းလင်းကျွန်း (Howland Island) ပေါ်သို့ စွန့်စွန့်စားစား ဆင်းသက်ရန်ကြိုးပမ်းခဲ့ရာ မအောင်မြင်ဘဲ အသက်ဆုံးရှုံးခဲ့ရသည်။



ဒေါ်လာလေးသန်းကုန်ကျပြီး ပင်လယ်ပြင်အကျယ် စတုရန်းမိုင်ပေါင်း နှစ်သိန်းခွဲမျှ သူမအား ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။



၂၀၁၄ ခုနှစ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ပေကျင်းသို့ ၈-၃-၂၀၁၄ နေ့က ပျံသန်းထွက်ခွာသွားခဲ့သော ဘိုးအင်း ၇၇၇ လေယာဉ်သည် တစ်နာရီခန့်အကြာ ပျောက်ဆုံးသွားခဲ့သည်။



ဤဆောင်းပါးရေးနေချိန်အထိ ( ၁၄- ၃-၂၀၁၄) ၎င်းလေယာဉ်နှင့်အတူ ခရီးသည် ၂၃၉ ဦး၏ ကံကြမ္မာကို မည်သို့မျှ ပြောဆိုခြင်း မပြုနိုင်သေး။ ယင်းအဖြစ်အပျက်သည် လေယာဉ်ပျံသန်းမှု ကျွမ်းကျင်သူ ပညာရှင်များနှင့် အစိုးရအာဏာပိုင်များအတွက် ခေါင်းခဲစရာ၊ ဦးနှောက်ရှုပ်ထွေးစရာ ပဟေဠိပုစ္ဆာတစ်ပုဒ်ပင် ဖြစ်နေပေသည်။

from Eleven Media Group's Facebook Wall http://ift.tt/1fUZMTZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...