အမေရိကန်နိုင်ငံ၌ ဆင်းရဲနွမ်းပါးသူ ၄၈ သန်း ရှိရာတွင် ကလေး ၁၆ ရာခိုင်နှုန်း ပါဝင်နေကြောင်း အမေရိကန် သန်းခေါင်စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံ ပြည်နယ်အချို့၌ ဆင်းရဲသူများ သိသိသာသာတိုးလာသည့်အတွက် အဆိုပါစာရင်းဇယားတွင် ဆင်းရဲသူများ အသစ်ထပ်မံတိုးလာသည်ဟု ဆိုသည်။
''ဒီအရေအတွက်က အမေရိကန်နိုင်ငံမှာတော့ ဆိုးရွားတဲ့ရလဒ်တစ်ခုပါ။ ဝါရှင်တန်တက္ကသိုလ်က သုတေသနပြုလေ့လာခဲ့တဲ့အထဲမှာတော့ ဆိုးရွားတဲ့အနေအထား ပါပဲ''ဟု သန်းခေါင်စာရင်းတာဝန်ရှိသူ ရောဘတ်ဒိုရာက ပြောသည်။
အမေရိကန်နိုင်ငံ၌ ဆင်းရဲနွမ်းပါးသူအများစုကို မြို့ကြီးများ၌တွေ့ရကြောင်း၊ မြို့ကြီးများ၌ နေထိုင်သူများသည် တည်းခိုနေထိုင်စရိတ်၊ စားစရိတ်နှင့် ခရီးသွားလာစရိတ်တို့အတွက် တစ်နှစ်အမေရိကန်ဒေါ်လာ ၃ဝဝဝဝ ဝင်ငွေရှိမှသာဖြစ်နိုင်ကြောင်းဖြင့်လည်း ၄င်းအစီရင်ခံစာ၌ ဖော်ပြသည်။
ကယ်လီဖိုးနီးယားတွင် ယမန်နှစ်က ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၃ ဒသမ ၄ ရာခိုင် နှုန်းအထိ တိုးလာသည်ဟု ဆိုသည်။ လူပေါင်း ၁၁ သန်း ခန့်သည်ဆေးဖိုးကုန်ကျစရိတ်များကြောင့် ဆင်းရဲသား အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့အား အလုပ်ပိုလုပ်စေခဲ့ပြီး လုပ်ခတိုးပေးရန် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိသည်။
(ပရက်စ်တီဗွီ)
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yQ1U9p
Comments
Post a Comment