ကသာခရိုင် ပင်လည်ဘူးမြို့နယ် မြို့မရဲစခန်း၏ တောင်ဘက်မိုင် ၂ဝ ခန့် အကွာ ကမ်းနီအုပ်စု အင်းဂါးကျေးရွာ၌ အမျိုးသမီးတစ်ဦး ရေခပ်ရာမှ ရေတွင်း ထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပင်လည်ဘူး မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်ဦးသည်ရဲစခန်းတွင် စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီ၌ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က အင်းဂါးကျေးရွာတွင် အမျိုး သမီးငယ်တစ်ဦးမှ ရေတွင်းထဲပြုတ်ကျပြီးရေနစ်သေဆုံးကြောင်း သတင်းပေးပို့ ချက်အရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရေတွင်းထဲပြုတ်ကျပြီးရေနစ်သေဆုံးသူမှာ ပင်လည်ဘူးမြို့နယ် အင်းဂါး ကျေးရွာနေ မသိန်းမြ(၁၈ နှစ်)ဖြစ်ပြီး အင်းဂါးကျေးရွာ ရွာလယ်ပိုင်းရှိ ရေတွင်း၌ ရေခပ်နေစဉ် ရေတွင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးကြောင်း တွေ့ရှိ ရသည့်အပြင် ရေတွင်းထဲမှ သွပ်ရေပုံးတစ်ပုံးအရှည် ၁၂ ပေခန့်ရှိ နိုင်လွန် ကြိုးတစ်ချောင်း၊ မိန်းမစီးကော်ဖိနပ်တစ်ရန်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဦးရဲ(ကသာ)
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1we9g35
Comments
Post a Comment