Skip to main content

တရားမ၀င် ၀င်ရောက်လာသော တူရကီနိုင်ငံသား များအား ဆိုင်ကယ်ဖြင့် ခေါ်လာသူများကို အမှုဖွင့် အရေးယူ



ကျိုင်းတုံ ၊ ၂၀-၁၀-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံသို့ အထောက်အထားမဲ့ တရားမဝင် ခိုးဝင်လာသည့် တူရကီ နိုင်ငံသား များကို ဆိုင်ကယ်ဖြင့် ပို့ဆောင် ပေးခဲ့သူ မြန်မာနိုင်ငံသား ဆိုင်ကယ် ကယ်ရီသမား များကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ အရ အမှုဖွင့် အရေးယူ ထားသည် ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့အမှတ်(၂) ရပ်ကွက် လက်ဖက်ရည်ဆိုင် တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီခန့် က မသင်္ကာဖွယ် တွေ့ရသော တူရကီ နိုင်ငံသား ငါးဦးကို ခေါ်ယူ စစ်ဆေးခဲ့ရာ ၄င်းတို့သည် ခိုင်မာသည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသောကြောင့် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက အရေးယူ ပေးရန် တိုင်တန်းမှုကို ကျိုင်းတုံမြို့နယ် ရဲစခန်း က (ပ) ၁၂ဝ/၂ဝ၁၄၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၅) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။


ဖြစ်စဉ်ကို စစ်ဆေး ခဲ့ရာတွင် အဆိုပါ တူရကီ နိုင်ငံသား ငါးဦးကို ဆိုင်ကယ် ကယ်ရီမောင်းသူ မြင့်နိုင် ပါ မြန်မာ နိုင်ငံသား ငါးဦး က ဆိုင်ကယ် ကယ်ရီ ငါးစီးဖြင့် အောက်တိုဘာ ၁၁ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ မှတစ်ဆင့် တစ်ဦးလျှင် ငွေကျပ် ခုနစ်သိန်းဖြင့် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသဖြင့် ၄င်းတို့ကိုပါ အမှုဖွင့် အရေးယူ ထားခြင်း ဖြစ် သည်ဟု ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။


ကမ္ဘာ့ အကြမ်းဖက် သမားများ ၏ စာရင်းကို မြန်မာနိုင်ငံမှ လက်ခံ ရရှိပြီးနောက် မြန်မာနိုင်ငံသို့ အကြမ်းဖက် သမားများ မဝင်ရောက် လာနိုင်ရေး အတွက် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်ပမှ ဝင်နိုင် ထွက်နိုင်သော နေရာများ အား အထူးစစ်ဆေး စောင့်ကြပ်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


#PyiChitThar

http://ift.tt/11UcGOl






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/11UcFdh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...