Skip to main content

ဖားကန့်မှာ မိုင်းကွဲလို့ လူ ၃ ဦး ဒဏ်ရာရ



အစိုးရ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ် (ကေအိုင်အေ) တိုက်ပွဲဖြစ်ဖို့ ဟန်ပြင်နေတဲ့ ဖားကန့် ဒေသက ရွာတရွာ မှာ မနေ့ ညနေ ပိုင်းက မိုင်းကွဲလို့ လူ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။

ဖားကန့်နဲ့ ၁၆ မိုင် လောက် ဝေးတဲ့ ကံစီးရွာ တွဲဖက် အတန်းကျောင်း နောက်မှာ မိုင်းတလုံး ပေါက်ကွဲ ခဲ့လို့ ဒေသခံ မိသားစု ၃ ဦး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား ပါတယ်။


လက်ရှိ ကံစီးရွာ ပတ်ဝန်းကျင် မှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရ တပ်ရင်း တွေက နေရာယူ ထားပြီး တော့ မလှမ်းမကမ်း ဥရုချောင်း တဘက် မှာတော့ ကေအိုင်အေ တပ်ရင်း ၆ က တပ်စွဲ ထားပါတယ်။


ကံစီးရွာထဲမှာ ပေါက်ကွဲလို့ ကေအိုင်အေ မဝင်အောင် တပ်က ထောင်တဲ့ မိုင်းလို့လည်း ဆိုကြပါတယ်။


ကံစီးမှာ ကွဲခဲ့တဲ့ မိုင်းဟာ ဘယ်လို အမျိုးအစားလဲ ဘယ်သူ့ လက်ချက် ဖြစ်နိုင်လဲ ဆိုတာ သွားစစ်ဆေးလို့ မလွယ်သေးလို့ သိနိုင်ဖို့ ခက်တယ်လို့ လုံးခင်း ရဲစခန်းက ဆိုပါတယ်။ လတ်တလော အနေအထား ကို ရဲတပ်ဖွဲ့ ကလည်း စောင့်ကြည့် ပြီး အသင့် အနေအထား နေပေးနေရ တယ်လို့ လည်း လုံးခင်း ရဲစခန်းက ပြောပါတယ်။


တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အဓိက နေရာတွေ မှာတော့ အထုပ်အပိုးနဲ့ ဘယ်မှ မသွား မလာရ တားထားလို့ အစိုးရ စစ်တပ် က တားမြစ် ထားလို့ ဒေသခံတွေ ရိက္ခာ အခက်ခဲတွေ ဖြစ်နေတယ် လို့ သိရပါတယ်။ လက်ရှိ အခြေအနေ မှာ စစ်ရေးပြင်တဲ့ အနနဲ့ အစိုးရ တပ်ဘက် ကလည်း လက်နက် ရိက္ခာတွေ ရှေ့တန်းကို ပို့နေသလို ကေအိုင်အေ ဘက်ကလည်း အသင့် အနေအထား နဲ့ စောင့်ဆိုင်း နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။


နိုဝင်ဘာ ၁၄ ရက်က ဖားကန့် ပတ်ဝန်းကျ င်မှာ ရှိနေတဲ့ တပ်မ ၆၆ တပ်မမှူးက ကေအိုအေ တပ်ရင်း ၆ ကို နောက်ဆုတ် ပေးဖို့ အကြောင်း ကြားစာ ပို့ခဲ့ပေမယ့် ဒီနေ့အထိ ကေအိုင်အေက ဆုတ်မပေးလို့ အခြေအနေ တင်းမာ နေတာ ဖြစ်ပါတယ်။


တိုက်ပွဲ ဖြစ်နိုင်တဲ့ နေရာ တဝိုက် မှာရှိနေတဲ့ ဒေသခံ တွေက တော့ တကယ်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရင် အရင်နှစ်က တိုက်ပွဲတွေကြောင့် ဖားကန့်နဲ့ လုံးခင်းမှာ ဖွင့်ထားတဲ့ စစ်ရှောင် ဒုက္ခသည် စခန်းတွေကို သွားနေဖို့ ပြင်ဆင် ထားတယ် လို့ ပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1kqGx3F











ကျောက်စိမ်းထွက်တဲ့ ဖားကန့်နယ်မြေ




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uqs8bA

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3