Skip to main content

အစိုးရစစ်တပ်နဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အကြား အပစ်အခတ်ရပ်



တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အစိုးရစစ်တပ်နဲ့ SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အကြား အပစ်အခတ် ရပ်နိုင်ပြီ လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် က ဘီဘီစီ ကိုပြောပါတယ်။

ကျေးသီးမြို့နယ်အတွင်း က SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ စခန်းထိုင်ရာ နေရာတခု ဖြစ်တဲ့ တာဖာဆောင်စခန်း နေရာ ကို အစိုးရစစ်တပ်ဖက် က ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး SSPP-SSA ဖက်က အဲဒီ တောင်းဆိုချက်ကို လိုက်လျောခဲ့ပြီးတဲ့နောက် အခုလို အပစ်အခတ်ရပ်စဲ တာ ပြန်ဖ်ြစ လာခဲ့တာပါ။


၂၀၁၂ ခုနှစ်အတွင်းကတည်းက အစိုးရစစ်တပ်နဲ့ SSPP-SSA တပ်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် တိုက်ပွဲတွေ က ပြန်ဖြစ်ခဲ့ပါတယ်။


အခု အောက်တိုဘာလ အစောပိုင်းတုန်းက လည်း သူတို့ ၂ ဘက်အကြားတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။


အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်ပြီး အရှေ့အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တို့က တိုင်းမှူးတွေပါ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ SSPP-SSA တို့အကြား ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ရလဒ် ရလာခဲ့ကြောင်း SSPP-SSA ကိုယ်စားလှယ်အဖွဲ့ ကို ဦးဆောင်သူလည်းဖြစ်၊ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး လည်းဖြစ်တဲ့ စဝ်ခွန်ဆိုင် က ဘီဘီစီ ကိုပြောပါတယ်။


အခု တာဖာဆောင်စခန်း က ပြန်ဆုတ်ခွာပေးခဲ့တာ ကတော့ နယ်မြေအရလည်းအချက်အချာ မကျတာကတကြောင်း၊ ဒီကိစ္စနဲ့ ရေရှည်မယ့် စစ် ထပ်မဖြစ်စေချင်တာက တကြောင်း တို့ကြောင့် ဆုတ်ခွာပေးခဲ့တာ လို့ပြောပါတယ်။


အပစ်အခတ် ရပ်စဲရေး ရေရှည်နိုင်ဖို့ဆိုတာကတော့ ၂ ဘက်လုံးမှာ တာဝန်ရှိပြီး အစိုးရ စစ်တပ် ဖက်က ပိုတာဝန်ရှိတယ် လို့ သူ ကပြောပါတယ်၊ သူတို့ဘက်က စတိုက်ခိုက်ခဲ့တာ မဟုတ်ပဲ သူတို့ကို လာတိုက်လို့သာ ခုခံ တိုက်ခိုက်ရတာ လို့လည်း ပြောပါတယ်။


အခုဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်က နယ်မြေတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်း ညှိနှိုင်း ရေး ကော်မတီ ဖွဲ့စည်းရေး အပါအဝင် အချက် ၄ ချက်ကို ကမ်းလှမ်းပြီး ဒီအချက်တွေ အပေါ် SSPP-SSA ဘက် က ဗဟိုကော်မီတီ ကို တင်ပြကာ ပြန်အကြောင်းပြန်မယ့်အကြောင်း သိရပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1uqs7EE











SSA တပ်ဖွဲ့ စစ်ရေးပြနေစဉ်




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uqs7EF

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3