Skip to main content

ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးတောင်းဆိုဖို့ ရခိုင်ကိုယ်စားလှယ်တွေ ဆုံးဖြတ်



ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်နေရာမှာ အစိုးရအနေနဲ့ တိကျမှန်ကန်စွာ စိစစ်ပေးဖို့ တင်ပြတောင်းဆို သွားမယ်လို့ ရခိုင်ပြည်နယ်တစ်ခုလုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေတဲ့ စစ်တွေမြို့ ဆွေးနွေးပွဲကနေ မနေ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ခြင်းမရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ သားသမီးတွေဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာတဲ့ကိစ္စတွေဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။


"ဒီနိုင်ငံမှာ ၄၈ မတိုင်ခင်ကတည်းနေတယ်၊ ၄၈ နောက်ပိုင်းမှာ ၈၂ အတည်ဖြစ်တဲ့အချိန်အထိ နေတယ်ဆိုတဲ့ အထောက်အထားတွေရှိသလားဆိုတာကို ကျမတို့စိစစ်နေပါတယ်၊ ဒါတွေကိုစိစစ်ပြီးမှသာလျှင် နိုင်ငံသားဖြစ်တဲ့လူတွေက မွေးတဲ့လူတွေအပေါ်ကျန်ခဲ့လို့ရှိရင် နိုင်ငံသားပြုခွင့် လျှောက်ထားခွင့်ရပါမယ်၊ မွေးမိပြီးတဲ့ အမိအဖတွေကိုယ်တိုင်က လျှောက်ထားခဲ့တာမျိုးမရှိဘူး၊ နိုင်ငံသားဖြစ်ခြင်းမရှိခဲ့ဘူးဆိုတာကို ဒီအချိန်ကျပြီးမှ ၈၂ ဥပဒေရေးဆွဲချက်အရ လျှောက်မယ်ဆိုတာမျိုးက ဥပဒေနဲ့မညီဘူးဆိုတာကို ကျမတို့ဆွေးနွေးကြတာဖြစ်ပါတယ်"


ဒါ့အပြင် နှစ်ရက်တာ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ မြို့နယ်အဆင့် စိစစ်ရေးကော်မတီတွေကို အစိုးရက ဖွဲ့စည်းတဲ့အခါ ရခိုင်တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်နဲ့အညီဖွဲ့စည်းဖို့၊ ကမန်လူမျိုးအမည်နဲ့ ပန်းရောင်နိုင်ငံသားလက်မှတ်တွေ ကိုင်ဆောင်ထားသူတွေကို ကမန်လူမျိုးအစစ်အမှန် ဟုတ်၊ မဟုတ် စိစစ်ပေးဖို့ အချက်တွေကို တောင်းဆိုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wYSe81

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3