အောက်တိုဘာ ၁၉ ရက် နံနက် ၄ နာရီခန့်က လသာမြို့နယ် ၃ရပ်ကွက် စဥ့်အိုးတန်း(အောက်လမ်း) လမ်းဘေးယာဉ်ရပ်နားရန် ရေးဆွဲ ထားသော မျဉ်းဝါတန်းအတွင်း ညအိပ်ရပ်နားထားသော ကိုယ်ပိုင် အိမ်စီးယာဉ်နှစ်စီးကို လမ်းအတွင်းဝင် ရောက်လာသော အနက်ရောင်ယာဉ် တစ်စီးကဝင်တိုက်သွားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ရာ လမ်းဘေးရပ်ယာဉ်နှစ်စီး အနည်းပျက်စီးသွားကြောင်း ယင်း နေရာအနီးတွင် နေထိုင်သူအိမ်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၁၈ ရက် ညနေ ၆နာရီခွဲက ကမ်းနားလမ်းမသစ်ကြီး အတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသော Honda Fatz အမျိုးအစား အနက်ရောင် ယာဉ် နံပါတ်မပါ အိမ်စီးယာဉ်ငယ် မောင်းလာစဉ် စဥ့်အိုးတန်းကမ်းနား ဝင်ပေါက်အရောက် ယာဉ်မှာ မီးခိုး များထွက်လာ၍ ကားရပ်ပြီးရေဖြင့် ငြှိမ်းသတ်သော်လည်း မရဘဲ မီး တောက်ကြီးမားလာသဖြင့် ယာဉ် မောင်းမှာ ထွက်ပြေးသွားကြောင်း မကြာမီ မီးသတ်ယာဉ်နှစ်စီးရောက် ရှိလာပြီး ငြှိမ်းသတ်ရကြောင်း၊ အဆိုပါယာဉ်ငယ်မှာ မီးလောင်မှု ဖြစ်စဉ်ကြောင့် လုံးဝပျက်စီးသွား သည်ဟု အဆိုပါဖြစ်စဉ်ကို အစ အဆုံးမြင်တွေ့ခဲ့ရသော ဒလမြို့မှ လသာမြို့အတွင်း အလုပ်လာဆင်း သော လူရွယ်အလုပ်သမားများက ဆိုသည်။
အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီခွဲက ကြည့်မြင်တိုင် ကမ်းနား လမ်းပေါ် နတ်စင်လမ်းမရောက်မီ မြန်မာ့သစ်လုပ်ငန်း အမှတ်(၁) သစ်စက်အနီး ဆင်မလိုက်မှ မြို့တွင်း သို့ မောင်းနှင်လာသော ဆူဇူကီး ပစ်ကပ်အမျိုးအစား နီညိုရောင် 8E/---- မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းညနေ ၆ နာရီဝန်းကျင်တွင်လည်း အလုံမြို့နယ် အလုံကမ်းနားလမ်း ထော်လီကွေ့ဓာတ်ဆီ ဆိုင်ရှေ့လမ်း လယ်တွင် စီးလုံးအငှားယာဉ်တစ်စီး နှင့်စည်ပင်သာယာအမှိုက်သိမ်းယာဉ် ငယ်တစ်စီးကိုတိုက်မှု ဖြစ်ပွား သည်ကို မြင်တွေ့ရသည်ဟု ကမ်းနားလမ်းမတစ်လျှောက် ပြေးဆွဲ နေသော အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။
ခင်ဆိုင်
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vR9Lm2
Comments
Post a Comment