Skip to main content

အိုင်အက်စ်ထောက်ပံ့သူနှစ်ဦး ဂျာမန်ရဲတပ်ဖွဲ့ဖမ်းဆီး



ဘာလင် အောက်တိုဘာ ၁၉

ဂျာမန်ရဲတပ်ဖွဲ့သည် အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်)ကို ထောက်ပံ့လျက်ရှိသည်ဟု သံသယ ရှိသော အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး စစ်သွေးကြွ အစ္စလာမ္မစ်အုပ်စုများကို ထောက်ပံ့သူများ ဟု မသင်္ကာရသူ ၁၃ ဦး၏ နေအိမ်များကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း အစိုးရရှေ့နေ များက စနေနေ့တွင် ပြောသည်။


အာချင်မြို့အနောက်ပိုင်း၌ ဖမ်းဆီးခဲ့သော အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ တူနီးရှား နိုင်ငံသား အသက် ၃၈ နှစ်ရှိ ကာဗဲလ်ဘင်ယာဟီယာအက်စ်ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၂၈ နှစ်ရှိ ရုရှားနိုင်ငံသား ယူဆွတ်ဂျီ ဖြစ်ကြောင်း အစိုးရရှေ့နေများ၏ ကြေညာချက် တွင် ဖော်ပြထားသည်။


တူနီးရှားနိုင်ငံသားသည် ၂ဝ၁၃ ခုနှစ် ဇူလိုင်မှစ၍ အိုင်အက်စ်ကို ငွေသား ယူရို ၃၄ဝဝနှင့် ယူဂို ၁၁ဝဝတန်ဖိုးရှိသည့် အဝတ်အထည်များ ထောက်ပံ့ခဲ့သည်ဟု သံသယရှိသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို တူရကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံသို့ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းရန် တရားမဝင်လမ်းကြောင်းဖြင့် ပို့ပေးခဲ့သည်ဟုလည်း သံသယရှိသည်။


ရုရှားနိုင်ငံသားသည် လူငယ်ကို တရားမဝင် ဆီးရီးယားသို့ပို့ရာ၌ အကူအညီပေးခဲ့သည်ဟု လည်းကောင်း၊ နိုင်ငံခြား အကြမ်းဖက်အုပ်စုဝင်တစ်ဦးဖြစ်သည်ဟုလည်းကောင်း သံသယ ရှိသည်။ အခြားသံသယရှိသူများသည် အိုင်အက်စ် သို့မဟုတ် အခြားဆီးရီးယားစစ်သွေးကြွအုပ်စု အာရာအဲလ်-ရှန်ကို ထောင်နှင့်ချီသော စစ်ဖိနပ်များနှင့် စစ်ဝတ်စုံများကို ထောက်ပံ့ပေးခဲ့သည်ဟု အာဏာပိုင်များက ယုံကြည်သည်။


အနောက်ပိုင်းပြည်နယ်များဖြစ်သော မြောက်-ဝက်စ်ဖာလီယာ၊ အက်စ်ဆီ၊ ဘာဒင်း-ဝူယာတင်းဘတ်၊ မန်းဘတ်၊ ဇိုင်းလင်း-ပါလာတီနိတ်၊ ဆက်လီစ်ဝစ်အိုးစတိန်းနှင့် အရှေ့ပိုင်း ပြည်နယ် ဆာဇိုနီတို့တွင် ရဲတပ်ဖွဲ့က ဝင်စီးခဲ့ခြင်းဖြစ်သည်။


ဘီဘီစီ။

The Mirror Daily

http://ift.tt/1n2DVIZ






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uqs8Zi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...