မကွေး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက်ပင် ကျေးရွာမူလတန်းကျောင်းအနီး ဒီဇင်ဘာ ၁၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရက်-မင်းတုန်းကားလမ်းအတိုင်း သရက်မြို့မှ ကျောက်ကြီးကျေးရွာဘက်သို့ယာဉ်မောင်း စောနောင် (၃ဝ နှစ်) ကသစ်ကန်ကျေးရွာ အောင်လံမြို့နယ်နေ သူသည် ၉ဌ/---- လိမ္မော်ရောင် FAW ခြောက်ဘီး ကျောက်သယ်ယာဉ်ကို တစ်ဦးတည်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၈)အနီးအရောက်တွင် လမ်း၏ ဝဲဘက်သို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် စောနောင် တွင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သရက်မြို့မ ရဲစခန်းက ယာဉ်မောင်း စောနောင်ကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ကျော်ဇေယျ
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1zoEPKe
Comments
Post a Comment