Skip to main content

မြန်မာလုပ်ငန်းပိုင်ရှင်တဦး ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်းအုပ်စုကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီး







ကွာလာလမ်ပူ ဆန်တူတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် ပိုင်ရှင်တဦးကို ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီ သံသရှိသူ ၂ ဦးကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ပြီ လွန်ခဲ့တဲ့လ နိုဝင်ဘာ ၁၂ ရက်နေ့က Pusat Bandar Utara Sentulရှိ အသတ်ခံရတဲ့သူ၏ နေထိုင်ရာ စားသောက်ဆိုင်သို့ အမည်မသိ လူ ၄ ဦးကနေပြီ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီနောက် သေဆုံးနေတဲ့ အလောင်းကို လမုပင် ခြေရင်ရှိ ရွှံ့ဗွက်နေရာတွင် မြေမြုပ်ထားပစ်ခဲ့ပြီ အသတ်ခံရသူ၏ အလောင်းအား ယခုလ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်တယ် ထိုအသတ်ခံရသူမှာ အသက် ၃၀ နှစ်အရွယ်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ဘားနားမာ သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဒီလူသတ်သမား သံသယရှိသူ၂ ဦးက စင်္ကာပူဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် စင်္ကာပူနယ်စပ်ဂိတ်နေရာတွင် ဒီဇင်ဘာ ၃ ရက်နေ့က လူသတ်သမား ၂ ဦးကို တွေ့ရှိခဲ့ပြီနောက် လူသတ်သမား ၂ ဦးကို နယ်စပ်ဂိတ်နဲ့ခပ်လှမ်းလှမ်းတဲ့နေရာက ဖမ်းဆီးခဲ့တာဖြစ်တယ် သူတို့ရဲ့ နောက်ကွယ်မှာ လူဆိုး ဂိုဏ်ခေါင်းဆောင်တွေနဲ့ ပါဝင်ပတ်သက်မှုရှိနေကြောင်း အသတ်ခံရတဲ့အမှုကို ဆက်လက် စုံစမ်းဖော်ထုတ် ပြုလုပ်သွားမည်ဟု ရဲအရာရှိ ACP R. Munusamyက ပြောဆိုသွားသည်။


ပထမဆုံး လူသတ်သမားအုပ်စုထဲက ဖမ်းမိတဲ့လူသတ်သမားကို နယ်မြေခံ ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂၀ ရက်နေ့က ကလန် Bantingနေရာတွင် ဖမ်းမိခဲ့တာဖြစ်ပြီ ဖမ်းမိတဲ့ အသက် ၄၁ နှစ်အရွယ်ရှိ လူသတ်သမားကို ရဲစစ်ဆေးရေးစခန်သို့ လွဲပြောင်းပေးပြီခဲ့နောက် ၁၂ ရက်ကြာမှာ လူသတ်မှုကို ဆက်လက်စုံစမ်းခဲ့တာဖြစ်သည်။


လူသတ်မှုရဲ့ နောက်ကွယ် ချုပ်ကိုင်ထားတဲ့လူတွေက လူသတ်သမား ၄ ဦးကို သေနတ်နဲ့ တခြားလက်နက်တွေ အသုံးပြုရန် ထုတ်ပေးပြီ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ရှင်ကို ဒီလက်နက်တွေနဲ့ ချိန်ရွယ်ပြီတော့ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်သည်။


အခင်းဖြစ်တဲ့နေ့ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ရှင် ခေါ်ဆောင်သွားစဉ် ဒီနိုင်ငံသား ဇနီးဖြစ်သူ၊ သူ၏ ၅ နှစ်အရွယ်ကလေး နှင့် ဆိုင်မှာလာစားတဲ့ဧည့်သည် ၆ ယောက်တို့က မြင်တွေ့ခဲ့ရတာဖြစ်ပြီ သို့သော် အဲဒီပိုင်ရှင်က သူ့ကိုယ် ကူညီမဲ့သူ မရှိလို့ ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်သည်။


သူ့ ယောက်ျားကို ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် ညနေ ၆ နာရီတွင် ခေါ်ဆောင်သွားတဲ့လူတွေက ဖုန်းဆက်သွယ်လာခဲ့ပြီ ဖုန်းဆက်လာတဲ့သူက မလေးရင်းဂစ် ၂ မီလီလျံကို ဘန်ကောက်ဘဏ်သို့ လွဲပြောင်းထည့်ပေးရန် သူ့မိန်းမကို ပြန်ပြောဆိုခဲ့ပြီ တကယ်လို့ အဲဒီငွေပမာဏ မပေးနိုင်ရင် နင့် ယောက်ျား အသက် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။


မူရင်းသတင်း ဘားနားမာ

Thuriya

http://ift.tt/1ol0GJm






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GLRnvt

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...