Skip to main content

သန်းခေါင်စာရင်းကောက် ကျောင်းအုပ်ဆရာမတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၊ တစ်ညတာ သတိလစ်သွာ...



သန်းခေါင်စာရင်းကောက် ကျောင်းအုပ်ဆရာမတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၊ တစ်ညတာ သတိလစ်သွား



ကိုတိုးကြီး



ယင်းမာပင်၊ ဧပြီ ၆



သန်းခေါင်စာရင်းကောက်ယူရာမှ ပြန်လာသည့် သန်းခေါင်စာရင်းကောက်ကွက်တာဝန်ကျမူလတန်း ကျောင်းအုပ် ဆရာမတစ်ဦးသည် ဆိုင်ကယ်တိမ်း မှောက်ရာမှ ဦးခေါင်းဒဏ်ရာရပြီး တစ်ညတာ သတိ လစ်မေ့မျောသွားသည့် ဖြစ်စဉ်တစ်ခုကို စစ်ကိုင်းတိုင်း၊ ယင်းမာ ပင်မြို့နယ်တွင် ဧပြီလ ၅ ရက် ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော် လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားခြင်း ဖြစ်သည်။



ယင်းမာပင်မြို့နယ်အတွင်းရှိ ကောက်ကွက် အမှတ်(၂)ဖြစ်သည့် အင်းကျေးရွာအုပ်စု၊ ပေါက်သဖကျေးရွာ တွင် တာဝန်ကျသူ ယင်းမာပင်မြို့နယ်၊ မန်းကျည်းကုန်းကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခင်မာကြည်သည် သန်းခေါင်စာရင်းကောက် ယူအပြီး ပြန်လာစဉ် ညနေ ၆ နာရီခန့်၌ မြောက်ယမား ဆည် လက်တံမြောင်း ပေါင်ပေါ်တွင် ၎င်းကိုယ်တိုင် တစ်ယောက်တည်း စီးနင်းလာသည့်ဆိုင်ကယ်တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ၀န်ထမ်းက ဆိုသည်။



“ပေါက်သဖကျေးရွာကနေ သန်းခေါင်စာရင်းကောက်ယူပြီး အပြန်ပုလဲ မြို့နယ် ပိတောက်ကုန်းကျေးရွာနဲ့ သာ စည်ကျေးရွာအကြား ဆည်မြောင်းလက် တံပေါင်ပေါ်မှာ ဖြစ်တာ။ တစ်ယောက်တည်းပြန်လာတာ။ အနီးက ယာခင်းသမားတွေက ၀ိုင်းကူပြီး ယင်းမာပင် ဆေးရုံပို့တယ်။ ဖြစ်ချင်းသတိမရဘူး။ ခဏနေသတိ ပြန်ရလာတယ်။ ဒါပေမဲ့ ပြန်ပြီး သတိမေ့သွားတာ တစ်ညလုံးပဲ။ အခုတော့ မန္တလေးဆေးရုံကြီးမှာ။ သတိ ရနေပြီလို့ လူနာစောင့်တွေက ဖုန်းဆက်တယ်”ဟု အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ အမည်မဖော်လိုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧပြီလ ၆ ရက် ညနေပိုင်းတွင် အတည်ပြုပြောကြားသည်။



သန်းခေါင်စာရင်းကောက်ကွက် သွားရာတွင် အသုံးပြုစီးနင်းသော ဆိုင်ကလုန်း ၁၁၀ အမျိုးအစား ဆိုင် ကယ်ဖြစ်ပြီး တိမ်းမှောက်ရာနေရာသည် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အကြား ပုလဲမြို့နယ်လမ်းပိုင်း တွင်ဖြစ်သည့်အတွက် အခင်းဖြစ်ပွားမှုကို ပုလဲမြို့နယ် ရဲစခန်းက တာဝန်ယူဖြေရှင်းသွားမည်ဟုလည်း ၎င်းကဆက်ပြောသည်။



အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပုလဲမြို့နယ် ရဲစခန်းသို့ ဧပြီလ ၆ ရက် ညနေပိုင်းတွင် တယ်လီ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့သဖြင့် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ်ခဲ့သည်။



ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ကျ ၀န်ထမ်းဖြစ်သူ မခင်နုက “ရဲစခန်းကတော့ ဒီဆိုင်ကယ်တိမ်း မှောက်မှု သတင်းကိုပြောတယ်။ အမှုဖွင့်မယ် မဖွင့်ဘူးကတော့ ဘာမှမပြောဘူး” ဟု မဇ်္ဈိမ ကို ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်တိမ်းမှောက်သည့် ဒေါ်ခင်မာကြည်ကိုယ်စား ၎င်း၏ သန်းခေါင်စာရင်းကောက်ကွက် နေရာ များတွင် စာရင်းစစ်ဌာနမှ ဒေါ်သန်းသန်း လွင်သို့ လွှဲပြောင်းတာဝန်ပေးအပ်ထား ကြောင်းလည်း အမည်မဖော်လိုသည့် လ၀ကမှူးတစ်ဦးက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PDG5pC

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...