Skip to main content

ဒု-ကာချုပ်ဟောင်း ဦးထွန်းရီအတွက် ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင...



ဒု-ကာချုပ်ဟောင်း ဦးထွန်းရီအတွက် ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀မ်းနည်းစကားပါး



ဝေမာသိမ့်



ရန်ကုန်၊ ဧပြီ ၆



တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီ (ငြိမ်း) ကွယ်လွန်သွားခြင်းအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ၀မ်းနည်း စကားပါးခဲ့သည်ဟု ဦးထွန်းရီ၏ စတုတ္တမြောက်သမီးဖြစ်သူ မဥမ္မာထွန်းက မဇ္ဈိမ ကိုပြောသည်။



အသက် ၈၈ နှစ်အရွယ်တွင် ဧပြီလ ၄ ရက်က ကွယ်လွန်သွားသည့် ဦးထွန်းရီ၏ နာရေးသို့ ဦးသန်းရွှေက မြေးဖြစ်သူ ကိုနေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကိုစေလွှတ်ကာ ၀မ်းနည်းစကားပါးခဲ့ခြင်းဖြစ်သည်ဟု မဥမ်္မာထွန်းက ပြောသည်။



“ဗိုလ်ချုပ်မှူးကြီးရဲ့မြေးလာတယ်။ အဘိုးကလွှတ်လိုက်လို့ဆိုပြီး ၀မ်းနည်းကြောင်း ပါးလိုက်တယ်ဆိုတဲ့ အကြောင်း ပြောရင်း နာရေးကို လာမေးသွားတယ်” ဟု မဥမ္မာထွန်းက ပြောသည်။



အလားတူပင် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မ တော် (ကြည်း၊ ရေ၊ လေ) မိသားစုကိုယ်စား မလာရောက်နိုင်သည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဆန်းဦးမှတစ်ဆင့် ဂါရ၀ပြု ၀မ်းနည်းကြောင်း အမှာစကားပါးလာသည်ဟု မဥမ္မာထွန်းက ပြောသည်။



ဧပြီ ၆ ရက် နေ့လယ် ၁၂ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည့် နာရေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါပို့ ဆောင်ခဲ့ကြသည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။



ဥက္ကဋ္ဌ ကွယ်လွန်သွားခဲ့သည့်အတွက် မကြာမီတွင် ပါတီအစည်းအဝေး အဆင့်ဆင့် ခေါ်ယူကာ ပါတီ ဥက္ကဋ္ဌသစ်ကို အမြန်ဆုံး ရွေးချယ်သွားရမည်ဖြစ်ကြောင်း ဦးဟန်ရွှေက ပြောသည်။



အတ္ထုပ္ပတ္တအကျဉ်း



- ဦးထွန်းရီကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ၀မ်းပြည့်ရွာတွင် အဘ ဦးခနှင့် အမိ ဒေါ်အေးတို့က ၁၉၂၆ ခုနှစ်၊ မေလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး မြင်းမူမြို့နှင့်မန္တလေးမြို့များတွင် ပညာသင်ကြားခဲ့ကာ ၁၉၄၂ ခုနှစ် တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။



- ၁၉၄၃ ခုနှစ်တွင် ဖက်ဆစ်ဂျပန် တော်လှန်ရာတွင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) တွင် တပ် သားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် စစ်တက်္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၃)ကို တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၄၅ ခုနှစ် တော်လှန်ရေးကာလမှ ဒု-ဗိုလ်အဆင့်ဖြင့် တော်လှန်ရေးပြီး ဆုံး သည်အထိ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်ခဲ့သည်။



- အမှတ်(၄) ဗမာ့သေနတ်ကိုင် တပ်ရင်းသို့ ၀င်ရောက်ပြီး ၁၉၅၀ ပြည့်နှစ်တွင် ဗိုလ်သင်တန်းတက် ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်ဇန်န၀ါရီ ၅ ရက်တွင် ဗိုလ်သင်တန်းဆင်းခဲ့သည်။



- ၁၉၆၆ခုနှစ်တွင် အမှတ်(၁) ကယား သေနတ်ကိုင်တပ်ရင်း တပ်ရင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမှတ်(၅)ဗမာ့ သေနတ်ကိုင်တပ်ရင်း တပ်ရင်းမှူး(ဒု-ဗိုလ်မှူးကြီး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။



-၁၉၇၀-၇၁ ခုနှစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးကြီး)အဖြစ် တာဝန်ပေးအပ်ခံ ရပြီး တစ်ချိန်တည်းမှာပင် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် ပထမအကြိမ်ပါတီညီလာခံတွင် ရွေးချယ် ခံရသည်။



- ၁၉၇၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့် ပေးအပ်ခြင်းခံရသည်။ ၁၉၇၇ တတိယအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရသည်။



- ၁၉၇၈ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တွင် စစ်ဆင်ရေး အထူးအဖွဲ့မှူးတာဝန်ကို ထမ်းဆောင် ရပြီး ၁၉၇၉ ခုနှစ် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခြင်းခံရသည်။ ၁၉၈၂ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရရှိ ခဲ့သည်။



- ၁၉၈၅ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၈၅ ခုနှစ်မှ စတင်ကာ မြန်မာဆိုရှယ်လစ် လမ်း စဉ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၃-၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ ပါတီကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် ကွယ်လွန်ချိန်အထိ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီ(တစည) ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။





from Mizzima - News in Burmese's Facebook Wall http://ift.tt/PDG4ly

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...