Skip to main content

ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည် အေးမြင...



ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည်



အေးမြင့်စန်း



ရန်ကုန်၊ ဧပြီ ၆



ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနက အကြံပြုချက်များတောင်းခံထားရာ ပြင်ဆင်လိုသည့်အချက်များကို ပြည်တွင်း စာနယ်ဇင်းအဖွဲ့အစည်းအချို့က ပေးပို့သွားမည်ဖြစ်သည်ဟု ဧပြီ ၆ ရက်တွင် စာနယ်ဇင်းအဖွဲ့များမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။



ပြည်တွင်း စာနယ်ဇင်းအဖွဲ့များဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) တို့က အဆိုပါနည်းဥပဒေမူကြမ်း အတွက် ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များထည့်သွင်းကာ ဧပြီ ၁၁ ရက်တွင် နောက်ဆုံးထားပေးပို့သွားမည် ဟုဆိုသည်။



MJN ၏ အကြံပြု ဖြည့်စွက်ချက်တွင် “ထုတ်ဝေခြင်းအသိအမှတ်ပြုလက်မှတ်” စည်းကမ်းချက်များတွင် ပါဝင် သည့် “ထုတ်ဝေခွင့် အသိအမှတ်ပြုလက်မှတ်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်၊ လုပ်ငန်းကို သုံးလတစ်ဆက်တည်း လုပ်ကိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ပြန်လည် ရုပ်သိမ်းမည်” ဟူသည့် အချက်ကို ပြင်ဆင်ပေးရန် အကြံပြုတင်ပြသွားမည်ဖြစ်ပြီး အခြားအချက်တချို့ကိုလည်း အကြံပြု ချက်များ တင်ပြသွားမည်ဖြစ်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း အကြံပြုချက်များပေးပို့သွားမည်ဖြစ်ပြီး မည်သည့် အချက်များ ပေးပို့မည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးဟု စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဒု-ဥက္ကဌ ဦးခင် မောင်လေး (ဖိုးသောကြာ) ကဆိုသည်။



MJA ဗဟို ကော်မတီဝင် ဦးရဲမင်းဦးက မူ “သတင်းအေဂျင်စီဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုချက်အနေနဲ့မဟုတ် ဘဲ သတင်းထုတ် လုပ်တာ၊ လိုင်စင်တိုးတာအစ ဘယ်လို ရပ်တည်ချက်ရမလဲဆိုတာ ရှင်းလင်းကွဲပြားစွာ သေချာပြဋ္ဌာန်းပေးဖို့လိုပါတယ်။ ပုံနှိပ်လုပ်ငန်းနဲ့ ရောထွေးသွားနိုင်တယ်” ဟုပြောသည်။



ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က အကြံပြုချက်များကို နည်းဥပဒေတွင် ပြင်ဆင်ထည့်သွင်း သွားမည်ဖြစ်သော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အဓိကဖြစ်သည်ဟု သတင်းမီဒီယာ အဖွဲ့များ နှင့် ဧပြီ ၄ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံစဉ် ပြောကြားထားသည်ဟု တွေ့ဆုံ ခဲ့သည့် အယ်ဒီတာတစ်ဦးက ပြောသည်။



ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို မတ် ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည် ပြုခဲ့ပြီး သမ္မတက ဆက်လက်အတည်ပြုလက်မှတ်ရေးထိုးရန် ပေးပို့ထားပြီးဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/PDG2dD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...