Skip to main content

" ဒဂုန်တာရာ နှင့် နိုင်ငံရေး " ဆရာ ဒဂုန်တာရာ၏ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာကြည့...



" ဒဂုန်တာရာ နှင့် နိုင်ငံရေး "



ဆရာ ဒဂုန်တာရာ၏ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် နှစ်ပိုင်းတွေ့ ရ၏။ တစ်ပိုင်းမှာ သူ၏ တော်လှန်ရေး အမြင်ဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘ ဝ ကတည်းက မာ့က်စ် လီနင်ဝါဒကို လက်ခံသူဖြစ်ကြောင်း သူ ၏စာများနှင့် သူ့အပေါင်းအသင်းများ ကိုလေ့လာဆန်းစစ်ကြည့်ရာတွင် တွေ့ ရလေသည်။သူသည် ဗ မာပြည်ကွန်မြူ နစ်ပါတီခေါင်းဆောင်များနှင့် ရင်းနှီးပြီး သူတို့နှင့် သဘောတရားအမြင်ချင်းတူ သော်လည်း ကွန်မြူနစ်ပါတီနှင့်ပတ်သက် ခြင်းမရှိပေ။



သူ့ကို ဖဆပလနှင့် အေ နာက် အုပ်စုက လက်ဝဲစာရေးဆရာအဖြစ် သတ် မှတ်ကြသည်။ ထိုသို့ဖြစ်အောင်လည်း သူက ဆိုရှယ်လစ်စနစ်တို့ကို ဦးတည် ရေးလေ့ ရှိပါသည်။



ဆရာတာရာသည် လွတ်လပ်မှုကိုမြတ်နိုးသူဖြစ်၏။ သူသည် ပါတီအဖွဲ့အစည်းများ၏ ချုပ်ကိုင်မှု အောက်တွင် မရှိလိုသူဖြစ်ပါသည်။ စစ် ပြီးခေတ်သူ၏ စာပေလှုပ် ရှားမှု များမှာ ဆိုရှယ်လစ်စနစ်ကို ဦးတည်လေသည်။ တော်လှန်ရေးအသံများဖြင့် ထုံမွှန်းနေသည်။



ဆရာတာရာ၏ နိုင်ငံရေးအမြင် မှာအမြဲလိုလို ခေတ်မီတိုးတက်လျက်ရှိ ပါသည်။ ဥပမာ ၂ဝဝဝပြည့်နှစ်ဝန်းကျင် များက နိုင်ငံရေးနှင့် စီးပွားရေး ကမ္ဘာ့ အင်အားစုတွင် ဂလိုဘယ်လိုက်ဇေးရှင်း မှာရှေ့တန်းရောက်နေ၏။ ထိုအချိန်က ဆရာသည် ကျွန်တော့်အား ဂလိုဘယ် လိုက်ဇေးရှင်းအကြောင်းမေးလေသည်။ ထိုစဉ်က ဆရာသည် မျက်စိကောင်း ကောင်း မမြင်ရတော့။ ဘေးမှ သူ့တူမ ကလည်းကောင်း၊ သူ့မြေး ကသော်လည်း ကောင်း စာများဖတ်ပြရသည်။



သောတ အာရုံဖြင့် သူက ထိုဂလိုဘယ်လိုက်ဇေး ရှင်းကို ကျွန်တော့်ထံမှလည်း သိရှိလို သောကြောင့် မေးလိုက်ခြင်းဖြစ်၏။ ကျွန်တော်က ရှင်းပြပြီး သောအခါဆရာ က”ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ အရင်းရှင်စနစ်ရဲ့ ဈေးကွက်ဖြန့်ကြက်မှုပါလား”ဟု ကောက်ချက်ချသွားသည်ကို ကျွန် တော် အ မှတ်ရနေမိပါသည်။ ထိုကောက် ချက်ကိုကြည့်၍ ဆရာသည် အလွန် ခေတ်မီကြောင်း ကျွန်တော် တွေးမိပါသည်။



ဆရာက တော်လှန်ရေးအမြင်များ၊ မာ့က်စ်ဝါဒ အတွေးအမြင်များရှိသည် ဆိုသော်လည်း သူသည် စစ်ဆန့်ကျင် ရေးသမားဖြစ်သည်။ ၁၉၅၆ ခုနှစ် ဟန် ဂေရီကို ဆိုဗီ ယက် တပ်နီတော်က ဝင် သိမ်းသည်ကို သူက ဆန့်ကျင်၏။ အင်အားနည်းသောနိုင်ငံကို အင်အားကြီး နိုင်ငံတစ်ခုက မည်သည့် ရည်ရွယ်ချက် ဖြင့်ပင်တိုက်တိုက် ကျူးကျော် မှုဖြစ် သည်။ နယ်ချဲ့မှုဖြစ်သည်ဟု သူကျင်လည်ရာ စာပေအသိုင်းအဝိုင်းတွင် ဟန်ဂေရီကိစ္စ ကို ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့သည်။ ဆရာတာ ရာက ကျူးကျော်မှုတစ်ခုအဖြစ် ဆန့် ကျင်ခဲ့ ပါသည်။



ထို့အပြင် တိန့်ရှောင်ပင် အာဏာရသော တရုတ်အစိုးရက ဗီယက်နမ်သို့ ဝင်တိုက်ခဲ့သည်အား သူ ဆန့်ကျင်ခဲ့သည်။ ထိုစဉ်က သူရေး လိုက် သော အသုံး အနှုန်းတစ်ခုမှာ ”ယနေ့ ခေတ်၌စစ်ပွဲမျိုးစုံပေါ်နေ၏။ နယ်ချဲ့ စစ်၊ ကျူးကျော်စစ်၊ တော်လှန်စစ်၊ နောက်ဒဏ်ပေးစစ်” ဟူ၍ ဖြစ်သည်။ ဒဏ်ပေးစစ် ဆို သည် မှာ ဗီယက် နမ်ကို တရုတ်တပ်များ ဝင်ရောက်တိုက်ခိုက်စဉ် တိန့်ရှောင်ပင်က ဗီယက်နမ်ကို ဒဏ်ခတ်ရမည်ဟု သုံးနှုန်းလိုက်သော စကားကို အနောက် မီဒီယာများက Punishing War ဟုသုံးနှုန်းလိုက်ခြင်းအပေါ် ဆရာကလည်း ဒဏ်ပေးစစ်ဟု သုံးနှုန်းလိုက်လေသည်။ ထိုဒဏ်ပေးစစ်ကိုလည်း ဆရာက လက်မခံပေ။ သူရေးသော စာပေသဘော တရား များ၌ သူ၏ နိုင်ငံရေးမှာ အမြဲထင်ဟပ်နေ၏။ သူက ဆိုရှယ်လစ်သရုပ်ဖော်စာပေကို လေးလေး နက်နက်သုံးစွဲတတ်ပါသည်။



မကြာသေးခင်တစ်ရက်က စာရေး ဆရာတစ်ဦးနှင့် စာပေဆွေးနွေးပွဲကို ရုပ်မြင်သံကြားတွင် ကြည့်ရပါသည်။ ထို စာရေးဆရာကို ပရိသတ်ထဲမှ လူငယ် စာရေးဆရာ တစ်ယောက်က ထမေး၏။ ထိုသူငယ်က Realism (သရုပ်မှန် စာပေ)ကို ဘယ်လိုမြင်ပါသလဲ။ သရုပ်မှန် လို့ခေါ်မလား။ သရုပ်ဖော်ဟုခေါ်မလားဟု မေးသည်။ အမေးခံ ရသော စာရေးဆရာက Realism ကို အကျယ်ချဲ့ပြီး ရှင်းပြမနေဘဲ”သရုပ်ဖော်စာပေလို့ ကျွန်တော်တို့ လက်ခံထားတဲ့ Realism ကို တချို့ကတော့ ဆင်းရဲသားတွေ အကြောင်းရေးမှ သရုပ်ဖော်စာပေဖြစ်တယ်လို့ ပြောနေကြတာကို ကျွန်တော် လက်မခံဘူး။ ကျွန်တော်ကတော့ ချမ်းသာတဲ့သူတွေ အကြောင်းရေးတာ လည်း သရုပ်ဖော် စာပေလို့ လက်ခံတယ်”ဟု ဖြေကြားသွားပါသည်။



သရုပ်ဖော်စာပေ ခေါ်ခေါ်၊ သရုပ်မှန်စာပေ ပြောပြော၊ မြန်မာ လိုပြန်လိုက်သည့် ထိုစာပေ၏ အင်္ဂလိပ်ဝေါဟာရမှာ Realism သာဖြစ်ပါသည်။ ဘဝ၏ လက်တွေ့ဖြစ် ရပ်မှန် ကို ဖော်ပြသောစာပေဖြစ်၏။ ထိုစာပေတွင် သရုပ်ခွဲထားကြသည်။ ဆင်းရဲသား သရုပ်ဖော်စာပေ၊ ဓနရှင်သရုပ်ဖော်စာပေ သို့မဟုတ် သရုပ်မှန်စာပေ၊ ဆိုရှယ်လစ် သရုပ် မှန်စာပေ တော်လှန်ရေးသရုပ်မှန် စာပေ၊ ဝေဖန်မှုသရုပ်မှန် စာပေစသဖြင့် Realismနှင့်ပတ်သက်ပြီး သရုပ်ခွဲထားကြသည်။ ထိုအပေါ်တွင် ဆရာဒဂုန်တာရာ၏ သဘောထားမှာ ”ဆိုရှယ်လစ်သရုပ်ဖော်စာပေ (Socialist Realism) ဟူသော စာပေဝေါဟာရ စာလုံးတစ်လုံးကို ၁၉၄၇ ခုနှစ်အကုန် ၁၉၄၈ နှစ်ဦးပိုင်းက တာရာ မဂ္ဂဇင်းတွင် တွေ့လိုက်ရသည်။



လွန်ခဲ့သော ၂၈ နှစ် လွတ်လပ်ရေးရပြီးခါစက အမျိုးသား လွတ်မြောက်ရေး လှိုင်းတံပိုးမှာ လှုပ်ရှားပြင်းထန်လာ၏။ လူထုလှုပ်ရှားမှု တက်ကြွလာ သည့်အလျှောက် ယင်းနိုင်ငံရေးသဘောတရားအလိုက် နိုင်ငံရေးလှုပ် ရှားမှုသည်လည်း နိုးကြားလာခဲ့ပေသည်။ ထိုအခါ နိုင်ငံရေး ဝေါ ဟာရအ သစ်များပေါ်လာရသည်။



စာပေအဘိဓမ္မာလေ့လာရေးသည်လည်း လေးနက်ထက်သန်၍ လာခဲ့ရာ စာပေဝေါဟာရများသည်လည်း တိုးပွား၍ လာရလေသည်။ လူထု၊ ပြည်သူ၊ တော်လှန်ရေး စသည့် စကားလုံးများသည် သာမန်အရပ်သုံးဖြစ်သော်လည်း နိုင်ငံရေး ဝေါဟာရဖြစ်သွားသည်။



လူထုဆိုသည် ညီညွှတ်စည်းလုံး၍ ထုနှင့်ထည်နှင့်ရှိသော လူထု၊ ပြည်သူ ဆို သည်မှာ အဖိနှိပ်ခံ၊ အအုပ်စိုးခံ ပြည်သူ၊ အဟောင်းတစ်ရပ် ပျက်ယွင်း၍ အသစ်တစ်ရပ် ဖြစ်ထွန်းလာသော အဖြစ်သနစ်ကို တော်လှန်ရေး။ ယင်းသို့ သူ့အဓိပ္ပာယ်နှင့်သူ တိ ကျခိုင်မာသော ဝေါဟာရများအဖြစ် နားလည် သိရှိလာပေမည်။ ဆိုရှယ်လစ်သရုပ်ဖော်စာပေဆိုသည်မှာလည်း စာ ပေဝေါဟာရဖြင့် သိရှိလာသည်။



တစ်နည်းပြောရလျှင်အတွေး အခေါ်စာပေသည် စာပေဝေဖန်ရေး အနုပညာနယ်ပယ်၌ ရောက်ရှိခဲ့ပေသည်။ ဤနေရာ၌ စကားလုံး အသုံးအနှုန်းပြဿနာရှိ၏။ Realism ဟူေ သာ အနောက်နိုင်ငံမှ ရရှိသောအတွေး အခေါ်ကို မြန်မာ ဝေါဟာရအဖြစ် သုံးနှုန်းရာ၌ တချို့ကသရုပ်မှန်စာပေဟု ရေးသားဖော်ပြလာသည်လည်းရှိခဲ့ဖူးသည်။ ၁၉၅ဝ ပတ် ဝန်းကျင်လောက်က ဖြစ်သည်။ သို့သော် သူ၏ အဓိပ္ပာယ်ကတော့မကွဲပြားပေ”ဟု ရေးသားထားပါသည်။ ဆရာဒဂုန်တာရာ၏ နိုင်ငံရေး အမြင်တွင် စစ်အာ ဏာ ရှင်စနစ်ကို ဆန့်ကျင်ထားပါသည်။



”တစ်နေ့က အမေရိကန်တိုင်းမ် မဂ္ဂဇင်းကိုဖတ်ရာ ‘အုပ်စိုးနေသော ဗိုလ် ချုပ်များ’ဟူ၍ မြေပုံနှင့်တကွ ကိုင်ရိုမှ ဘန်ကောက်အထိ ဖော်ပြထား သည်ကို တွေ့ရ သည်။ သည်တွင်မြန်မာပြည် မြေ ပုံ၌ ဗိုလ်ချုပ်နေဝင်း၏ ဓာတ်ပုံကို မြင် ရသည်။ စစ်အာဏာရှင်စနစ်သည် နောက် တစ်လှမ်း ဆုတ်ခြင်းပင်ဖြစ်သည်။ ထို့ နောက် ရှေ့ တစ်လှမ်း တက်ချင်တက် မည်။ မတက်ဘဲနေချင်လည်းနေမည်ဟု တိုင်းမ်က ဖော်ပြထားသည်။



နိုင်ငံတစ်နိုင်ငံတွင် စစ်အာဏာ ရှင်စနစ် ထူထောင်ကာ အစိုးရအပြောင်း အလဲဖြစ်သဖြင့် ယင်းနိုင်ငံအစိုးရက အမေရိကန်နိုင်ငံခြားရေး ပေါ်လစီအား အကျိုးပြုသည်လည်း ရှိမည်။ မပြုသည် လည်းရှိမည်။ သို့သော် စစ်အာဏာရှင်စနစ် ........



ဆက်လက်ဖတ်ရန် >> http://ift.tt/1mSH5kL





from Popular Myanmar News Journal's Facebook Wall http://ift.tt/1mSH4gF

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3