စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ရွာမြေအနီး ရွှေမျော တိုက်ခြင်းများ ဆက်တိုက် လုပ်ကိုင်မှုကြောင့် ကမ်းပါးပြိုခဲ့ရာ အိမ်သုံးလုံး ပျက်စီးခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံး ခဲ့ခြင်းကြောင့် ရွာခံအိမ်ထောင်ဦးစီး ၄၆ ဦး စုပေါင်း လက်မှတ်ရေးထိုး၍ သမ္မတထံ တိုင်ကြားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။
“ရွာအနီးမှာ ရွှေမျောတွေ ဖောင်ဖွဲ့ပြီးရှာတာ ၂၄ ဖောင်ရှိတယ်။ အဲဒီနေ့က နေ့လယ်ခင်း၂ နာရီလောက်မှာ မျောထိုးနေရင်း မြေတွေပြိုကျပြီး ကမ်းပါးက အိမ်ထဲမှာနေတဲ့ သားဖနှစ်ဦး ပါသွားတာ။ မြေပိပြီး ဆုံးခဲ့တာ၊ ဒဏ်ရာရတဲ့ အဘွားအိုတစ်ဦးကိုတော့ ဟုမ္မလင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပဲ” ဟု ထိန်ကုန်းကျေးရွာတွင် နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။
ရွှေမျောကြောင့် အိမ်သုံးလုံးပြိုကျခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံးခဲ့မှု သမ္မတထံတိုင�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1e1rPlS
Comments
Post a Comment