Skip to main content

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇွန်လတွင် ရှမ်းနှစ်ပါတီဆွေးနွေးမည် ဟိန်းကိုစိုး ရန်က...



ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇွန်လတွင် ရှမ်းနှစ်ပါတီဆွေးနွေးမည်



ဟိန်းကိုစိုး



ရန်ကုန်၊ ဧပြီ ၆



ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ဇွန်လဆန်း၌ တောင်ကြီးမြို့တွင် ကျင်းပမည့် ပထမ အကြိမ် ပါတီပေါင်းစည်းရေးဆွေးနွေးပွဲအတွင်း ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲအရေး ထည့်သွင်းဆွေးနွေးသွား မည်ဟု နှစ်ပါတီတာဝန်ရှိသူတို့က ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။



“ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ပထမဆုံးအကြိမ်တွေ့ကြမှာ။ အဲဒီမှာလည်း ရွေးကောက်ပွဲအတွက် ဘယ်လိုယှဉ်ပြိုင်ကြမလဲဆိုတာကို ဆွေးနွေးရမှာပေါ့” ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့် လွင်က ဆိုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှစ်ကုန်ပိုင်းတွင် လစ်လပ်မဲဆန္ဒနယ် ၃၁ ခု အတွက် ကြား ဖြတ်ရွေးကောက်ပွဲကျင်းပပေးမည်ဟု မတ်လလယ်တွင် ထုတ်ဖော်ပြောဆိုထားသည်။



ထို့ကြောင့် လစ်လပ်စာရင်းတွင် လေးနေရာပါဝင်နေသည့် ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့်အရေးကို ဒေသအခြေစိုက် အဆိုပါနှစ်ပါတီတို့ ဆွေးနွေးရန်ရှိလာခြင်းဖြစ်သည်။“နှစ်ပါတီ မျက်နှာချင်းဆိုင်တစ်ခါမှမတွေ့ရသေးဘူး။ ရွေးကောက်ပွဲသာမက အကြောင်းရာတွေ အများကြီး ဆွေးနွေး ကြမှာပါ” ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ဆိုသည်။



အဆိုပါ နှစ်ပါတီ ပေါင်းစည်းရန် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကပင် ကြိုးပမ်းမှုများရှိခဲ့သည်။ ထိုစဉ်က ပါတီမှတ်ပုံပြန်မတင်ရသေးသည့် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ဦးဆောင်မှု ကဏ္ဍ၌ ပါဝင်ရန် SNDP ဘက်မှ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ တရားဝင် ပါတီ အဖြစ် ရပ်တည်နေပြီဖြစ်သည့် SNLD က SNDP ကို ပေါင်းစည်းရေး ပြန်လည်ကမ်းလှမ်းခဲ့သည်။ သို့သော် ယနေ့တိုင် တွေ့ဆုံညှိ နှိုင်းနိုင်မှုမရှိသေးပေ။



ယခုအခါ၌မူ လာမည့် ဇွန်လဆန်းတွင် ပထမဆုံးအကြိမ် ဆွေးနွေးမှုများ စတင်တော့မည်ဟု နှစ်ဖက်စလုံး ထုတ်ဖော်ပြော ဆိုကြသည်။ ထို့ကြောင့် ပေါင်းစည်းရေးဆွေးနွေးမှုများနှင့်အတူ အနီးကပ်ဆုံးကာလတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေး ကောက်ပွဲအရေး ပါဝင်လာခြင်းဖြစ်သည်။



၂၀၁၀ပြည့်နှစ်ကပင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် SNDP က ရှမ်းပြည်နယ် လစ်လပ်နေရာအားလုံးနှင့် ကချင်ပြည် နယ်ဒေသ အချို့တွင် ရွေးကောက်ခံရန် ရည်ရွယ်ပြင် ဆင်နေပြီဖြစ်သည်။ သို့သော် SNLD ဘက်ကမူ ရွေး ကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုနှင့် မျှော်မှန်းချက်များ ထုတ်ဖော်ပြောဆို လိုခြင်းမရှိသေးဟု ပြောသည်။



ရှမ်းပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ကွယ်လွန်သွားသည့် တာချီလိတ် (၂)၊ မိုင်းယောင်း (၁)၊ တန့်ယန်း(၂) မဲ ဆန္ဒနယ်တို့ လစ်လပ်နေသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ခန့်အပ်ခံရသည့် နမ့် ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်အုန်း၏ နေရာလည်း လစ်လပ်နေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1khTYHR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...