Skip to main content

သမီးကလေးရွာသားများကို တပ်ထဲသို့ သွင်းမည်မဟုတ်ဟု ဒီကေဘီအေ ဆို ကေဇူး ရန်ကုန်၊ ဧြ...



သမီးကလေးရွာသားများကို တပ်ထဲသို့ သွင်းမည်မဟုတ်ဟု ဒီကေဘီအေ ဆို



ကေဇူး



ရန်ကုန်၊ ဧပြီ ၆



သမီးကလေးရွာသားများကို ဒီကေဘီအေ စစ်တပ်တွင်းသို့ ထည့်သွင်းမည်မဟုတ်ဟု အဆိုပါဒုက္ခသည်များ ကို တာဝန်ယူခေါ် ဆောင်သွားသူ ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧပြီလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။



ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာ၊ အင်မတီးကျေးရွာနှင့် ဒေါ် ကာလီကျေးရွာမှ အိမ် ထောင်စု ၈၀၊ လူဦး ရေ ၃၀၀ ခန့်သည် ဒီကေဘီအေ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ခတ်ရွာသို့ ရောက်ရှိပြီး ထိုကျေးရွာတွင် နေအိမ်များ ဆောက်ပေးမည်ဟု ဗိုလ်ကြီးစောဆန်းအောင်က ပြောသည်။



“သူတို့ကို ဒုက္ခတွင်းထဲခေါ်လာတာ မဟုတ်ဘူး။ ဒီကေဘီအေတပ်ထဲကိုမသွင်းဘူး။ သူတို့ဝင်ချင်တယ်ဆို ရင်တောင် သွင်းမှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကဆိုသည်။



သမီးကလေးကျေးရွာမှ ရွာသားများ အပါအ၀င် ဒုက္ခသည် ၃၀၀ ခန့်သည် ဒီကေဘီအေနှင့်အတူ လိုက်ပါခဲ့ သော်လည်း ကရင်ပြည်နယ် အစိုးရကတားဆီးမှုကြောင့် မွန်ပြည်နယ်သို့ သုံးရက်ခန့် ဘုရားဖူးခရီးအဖြစ် သွားရောက်ခဲ့သည်။



ထိုကာလတွင် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောစန်းအောင် တို့၏ ညှိနှိုင်းမှုအရ ဒုက္ခသည်များ ဒီကေဘီအေ ထိန်းချုပ်နယ်မြေတွင် အခြေချခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။



“နေစရာရှိရင် စားသောက်ရေးအတွက် ဘာအလုပ်ပဲလုပ်ရလုပ်ရ ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ ဇွတ်မှိတ်ပြီး ဒီကို လိုက်လာတာပါ။ ဟိုကိုပြန်လို့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု ဒီကေဘီအေနှင့်လိုက်ပါသွားသည့် ဒေါ်ကာလီကျေးရွာမှ ဦးလှရွှေက ဆိုသည်။



ဒီကေဘီအေနှင့် လိုက်ပါသွားသူ ဒုက္ခသည် ၃၀၀ ခန့်ကို ကျေးရွာအဟောင်းတစ်ခုဖြစ်သည့် ကျောက်ခတ် ကျေးရွာတွင် လတ်တလောနေထိုင်စေပြီး ထိုကျေးရွာတွင်ပင် နေအိမ်များစတင်ဆောင်လုပ်ရန် ပြင်ဆင် လျက်ရှိသည်ဟု ကျေးရွာသားများက ဆိုသည်။



ဒုက္ခသည်များအတွက် အလုပ်အကိုင်များနေရာချထားပေးရန် စီစဉ်နေသော်လည်း တိကျစွာ သတင်းထုတ် ပြန်ပေးနိုင် ခြင်းမရှိသေးပေ။



ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာ၊ အင်မတီး ကျေးရွာနှင့် ဒေါ်ကာလီကျေးရွာ များ မှော်ဘီစစ်သင်တန်းကျောင်းပိုင်မြေဟုဆိုကာ ဖေဖော်ဝါရီလအတွင်း ဖယ်ရှားခဲ့သဖြင့် အိမ်ထောင်စု ၄၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့သည်။



ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြေယာများအစား ပြန်ပေးခြင်းကြောင့် ဒုက္ခသည် များအနက် အိမ်ထောင်စု ၁၅၇ စုကို ၀ါးယားကုန်း ကျေးရွာသို့ မတ်လအတွင်းက ပြောင်းရွှေ့ ခဲ့သည်။



သို့သော် အလုပ်အကိုင်နှင့်မြေနေရာ အဆင်မပြေသဖြင့် ပဲခူးတိုင်းဒေသကြီး အောင်သိဒ်္ဓိဘုန်းတော်ကြီး ကျောင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရာတွင် ယင်းဘုန်းကြီး ကျောင်းကိုလည်း ပြောင်းရွှေ့ဆောက်လုပ်ရန် ဆည်မြောင်းဝန်ကြီးဌာနက စာထုတ်ထားသဖြင့် ဒီကေဘီအေနှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။





from Mizzima - News in Burmese's Facebook Wall http://ift.tt/PDG2u6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...