Skip to main content

NCA လက်မှတ်မထိုးထားသည့် အဖွဲ့သုံးဖွဲ့က လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမ�

သတင်း ပြည်တွင်း ချင်းမိုင်၊ဧပြီ ၂၆ ။ ။ ပလောင်၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့က မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနှင့် ယခင်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ကိုယ်စားလှယ်များ၏ တွေ့ဆုံရန်ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီး လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမည်ဖြစ်ကြောင်း PSLF/TNLA ဥက္ကဌ တာအိုက်ဘုန်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် - TNLA နှင့် ရက္ခိုင့်တပ်မတော် - AA တို့နှင့် ယင်းကိုယ်စားလှယ်အဖွဲ့မှာထိုင်းနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။ ဧပြီ ၂၆ရက်နေ့ ရက်စွဲဖြင့် အဆိုပါ အဖွဲ့(၃)ဖွဲ့မှု ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ယခုကဲ့သို့ တွေ့ဆုံရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ “သူတို့ အာဏာရှိတဲ့ အချိန်ကြတော့ မတွေ့ချိန်ဘူး။ ကျွန်တော်တို့နဲ့ ပါဝင်ခွင့်လည်း မပေးချင်ဘူးဆိုတော့ အခုချိန်မှာ တွေ့ချင်တယ် ဆိုတဲ့ဟာက ကျွန်တော်တို့ဘက်က စဉ်းစားစရာတခုဖြစ်လာတာပေါ့လေ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ လက်ရှိ အာဏာရတဲ့ အစိုးရနဲ့ဘဲ တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာ ဖြစ်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။ ၄င်းတို့ အဖွဲ့ ၃ ဖွဲ့ဖြင့် အလွှတ်သဘော တွေ့ဆုံခြင်း မဟုတ်ဘဲ တပ်ပေါင်းစုတစ်ခု ဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် တွေ့ဆုံမည် ဆိုပါက လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိ အစိုးရနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆက်လက် ဆွေးနွေးသွားရန် သဘောထား ထုတ်ပြန်ထားပြီး ဖြစ်သသည့်အတွက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်လည်း ရှိကြောင်း သူက ပြောသည်။ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ဧပြီ ၁၆ ရက်နေ့မှ ၂၃ ရက်ထိ မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို၊ ယနေ့ထိလည်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်၍ အလွှတ်သဘောတွေ့ဆုံမှုကို လက်မခံခြင်း ဖြစ်ကြောင်း AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။ “အဓိကတော့ဗျာ။ကျနော်တို့ ဒီတိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ဒေသတွေမှာ ထိုးစစ်ဆင်နေတာရယ်၊ နောက်ပြီးတော့ အခုအချိန်မှာ ကျွန်တော်တို့ ရခိုင်တပ်မတော်ကို အပြတ်ခြေမှုန်းရေးဆိုပြီး ရခိုင်ဒေသမှာ ထိုးစစ်ဆင်နေတာရယ်။ အဲဒီထိုးစစ်တွေ မရပ်တဲ့ကာလမှာ ကျွန်တော်တို့က အလွှတ်သဘောမတွေ့သေးသင့်ဘူးဆိုပြီးတော့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။ အဆိုပါ အဖွဲ့အစည်း ၃ ဖွဲ့သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ NCCT,SD တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို အားလုံး ပါဝင် လက်မှတ်ရေးထိုးလိုသော်လည်း ယခင်အစိုးရ တပ်မတော်နှင့် UPWC တို့ သဘောမတူခဲ့ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။ လက်ရှိ ရက္ခိုင် တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း ကိုးကန့် တပ်နှင့်မူ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေသည်ဟု သိရသည်။ PSLF/TNLA ထိန်းချုပ်ရာ နယ်မြေအချို့မှ မြန်မာ့တပ်မတော် တပ်မ ၄ ခု နောက်တန်းသို့ ပြန်လည် ဆုတ်ခွာသွားသည်ကို PSLF/TNLA က ဧပြီ ၁၇ ရက်က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ Tags: PSLF/TNLA ဥက္ကဌ မိုင်းအိုက်ဘုန်း ဖနိဒါ
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1NvJ4x8
via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...