Skip to main content

တရုတ်မုန့်ကို ကျေးဇူးရှင်မုန့်လို့ ခေါ်ရမလား – ရှိန်းဝေနောင်



နေပြည်တော်က စားသုံးသူကာကွယ်ရေး အသင်းတာဝန်ခံ ကိုသူရဇော် ကို ခေါ်ပြီးတော့ တရုတ်နဲ့ ဗမာစစ် ဖြစ် အောင် လုပ်နေတာလား။ အဲဒီ လိုမျိုး ပြောတယ်။ နောက်ဆက်ပြီး မသိမ်းဖို့ပေါ့။ သူ့ခွင့်ပြုချက် မရ ဘဲနဲ့ နေပြည် တော်ကောင်စီမှာ ဘာမှမလုပ်ဖို့တားတဲ့အတွက် အခု နေပြည်တော်က အားလုံးရပ်ထားရတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အန္တရာယ်ရှိ တရုတ်မုန့်များဟု ခေါ်ဆိုခြင်းမပြုရန်၊ ထိုသို့ခေါ်ဆိုခြင်းမှာ တရုတ် -မြန်မာ ချစ်ကြည်ရေးကို ထိခိုက် စေနိုင်ကြောင်း နေပြည်တော် ကောင် စီက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ နေပြည်တော် တာဝန် ခံဖြစ်သူ ဦးသူရဇော်အား အောက်တိုဘာလ ၃ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ သည်။

ထိုသို့ခေါ်ယူသတိပေးမှုနှင့်ပတ်သက်၍ ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်၌ ““အန္တရာယ်ရှိသော တရုတ်မုန့်များဟု ခေါ်ဆိုခြင်းမှာ တရုတ်နှင့် ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်ခြင်းကြောင့် ခေါ်ဆိုခြင်း မပြု ရန် နေပြည်တောင်ကောင်စီ သတိပေး””ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ယင်း သတင်းဖော်ပြချက်အား အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ အချင်း ချင်းပြန်လည်မျှဝေကြရာမှ လူထုအကြား ပျံ့နှံ့ခဲ့ပြီး နေပြည်ေ တာ် ကောင်စီ အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။…


တရုတ်မုန့်များဟုခေါ်ဆိုလျှင် တရုတ်-မြန်မာချစ်ကြည်ရေး ပျက်နိုင်သည်ဆို သည့် နေပြည်တော်ကောင်စီ၏ သတိပေးချက်မှာ မလျော်ကန်ကြောင်းနှင့် တရားမ၀င်တင်ပို့လာသည့် ယင်းတရုတ်မုန့်များကိုသာ ကန့်သတ် သင့်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိရာ ယင်းဝေဖန် မှုများကို စုစည်း၍ မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။


ဦးဗအုပ်ခိုင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း)


““နေပြည်တော်မှာ စားသုံးဖို့မသင့်တဲ့ အန္တရာယ်ရှိတဲ့ မုန့်တွေကိုလိုက်ပြီး သိမ်းဆည်း တာတွေ၊ ဖျက်ဆီးတာတွေ လုပ်တော့ ခုနက ပြောတဲ့ တရုတ်မုန့်ပဲ ပြောရမလား၊ တရုတ်စာတန်းပါတဲ့ မုန့်ပဲ ပြောရမလား။ အဲဒါတွေက ပါဝင် မှုနှုန်းများတယ်။ များတော့ နေပြည်တော်က စားသုံးသူ ကာကွယ်ရေးအသင်း တာဝန်ခံ ကိုသူရဇော်ကို ခေါ်ပြီး တော့ တရုတ်နဲ့ဗမာ စစ်ဖြစ်အောင် လုပ်နေတာလား။ အဲဒီလိုမျိုးပြောတယ်။ နောက်ဆက်ပြီး မသိမ်းဖို့ ပေါ့။ သူ့ ခွင့်ပြုချက်မရဘဲနဲ့ နေပြည်တော်ကောင်စီမှာ ဘာမှမလုပ် ဖို့တားတဲ့အတွက် အခုနေပြည်တော်က အားလုံးရပ် ထားရတယ်။ အဲဒီလိုမျိုး အန္တရာယ်ရှိတဲ့မုန့်တွေ သိမ်းဆည်းလို့ မရဘူးပေါ့။ မြန်မာ ပြည်က သွင်းတဲ့ ဆန်ကျ တော့ရော အန္တရာယ်ရှိလို့လား။ စားသုံးဖို့ မသင့်လို့လား။ ဗမာကုန်သည်တွေ နစ်နာတယ်။ ပြန်သယ်ဖို့ကျတော့ လည်း မဖြစ်နိုင်တော့ မူဆယ်မှာတင် ဆန်တွေက ပိတ်မိနေတော့ အဲဒီမှာပဲ လျှော့ဈေးနဲ့ရောင်းရတယ်။ ပြောရ မယ်ဆိုရင် ကုန်သွယ်မှုက တစ်ဖက်စောင်းနင်းကြီး ဖြစ်နေတယ်။ ဆန်ကျတော့ ဖမ်းတယ်။ သစ်တွေ ကျတော့ ဘာလို့ မဖမ်းလဲ။ နယ်စပ်ကနေပြီးတော့ ကချင်ပြည်နယ်ထဲမှာ သစ်တွေ ခိုးထုတ်နေတာ တော်တော်ကြာပြီ။ ကျွန်တော်တို့ ကတော့ ကလေးတွေမှာ တကယ်အန္တရာယ်ဖြစ်လို့ လုပ်ရတာလေ။ တရုတ်ပြည်က ထုတ်လို့ တရုတ်မုန့်လို့ခေါ်တာတော့ ချစ်ကြည်ရေး မထိခိုက်နိုင်ပါဘူး။ သူတို့ ကျေးဇူးရှင်ဖြစ်နေလို့လားတော့ မသိဘူး။ အိနိ္ဒယကလုပ်ရင် ကုလားမုန့်လို့ခေါ်ရမှာ ပဲလေ။ မြန်မာပြည်ကလုပ်ရင် မြန်မာမုန့်ပေါ့။ အခု လုပ်တဲ့ မုန့်တွေ ဆိုရင် မန္တလေးက တရုတ်တွေကလည်း လုပ်တယ်လေ။ တရုတ် စာတန်းတွေနဲ့။ မြန်မာပြည်က တရုတ်တွေပဲ လုပ်လုပ်၊ ပြည်ပက တရုတ်တွေပဲ လုပ်လုပ် တရုတ်မုန့်ပဲပေါ့။ ဒီလောက်နဲ့တော့ မြန်မာ-တရုတ်ချစ်ကြည်ရေး မပျက်နိုင်ပါဘူး။ စစ်မဖြစ်နိုင်ပါဘူး။


ဦးဘိုဘိုကျော်ငြိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)


အဲဒါတော့ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါတွေက Politically corruption ဆိုတာတွေကနေလာ တာ။ ဒါ ဘာ အဓိ္ပာယ်မှ မရှိဘူး။ ဦးကတော့ လုံးဝလက်မခံဘူး။ တင်းကျပ်မှုရှိတာတွေ၊ လူတွေကို ဒုက္ခပေးနိုင်လို့ တင်းကျပ်မှု ရှိတာ တွေကိုတော့ လုံးဝထောက်ခံတယ်။ ဒါပေမဲ့ တရုတ်မုန့်မို့လို့ပြောတာတော့ ဘာမှမဆိုင်ဘူး။ တရုတ်မုန့် လို့ခေါ်လို့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပျက်ပြားစေနိုင်တယ်ဆိုတာ အဓိပ္ပာယ်မဲ့တာပေါ့။ တရုတ်ကို တရုတ်လို့ မခေါ်လို့ ဘာဘူကြီး လို့ခေါ်ရမှာလား။ ဒါနှိမ်တာလည်း မဟုတ်ဘူး။ သဘောကနော်။ တရုတ်ဆိုတဲ့စကားက နှိမ်တဲ့ အဓိပ္ပာယ် မပေါက်ဘူး။ တရုတ်မုန့်လို့ မခေါ်ရဘူးဆိုရင် တရုတ်သမ္မတလို့ မပြောရတော့ဘူးပေါ့။


ဦးထက်မြက်(စာရေးဆရာ)


အဲဒါက သဘာဝမှ မကျတာပဲ။ တရုတ်က လုပ်တဲ့မုန့်ဆိုတာက ဒါတွေပါကြတာပဲ။ ဆရာ့မြေးတွေ ဆိုရင် အဲဒါ တွေ စားတာ ပါးစပ်တွေက အနာတွေ ပေါက်လာတာမျိုးတွေ၊ အဲဒါနဲ့ ဆေးခန်းသွားရတာမျိုး တွေရှိတာပဲ။ အဲဒီ တော့ တရုတ်မုန့် လို့ ပြောတာနဲ့ ချစ်ကြည်ရေးပျက် ပြားတယ်ဆိုတာတော့ ဒါတရုတ်ကို သက်သက်ကြီး ကြောက်လန့်နေ တဲ့ သဘောသက်ရောက်တာ ပေါ့။ ဒါကတော့ ဆရာတို့ လက်မခံနိုင်ပါဘူး။ အဲဒီဟာကအာဏာ ပိုင်တွေအနေနဲ့က ဒါကို မခေါ်ရ၊ မရေးရ၊ မပြောရဆိုရင်တော့ ဒါ သူတို့တွေရဲ့ သတ်မှတ် ချက်ပဲဖြစ် မယ်။ အဲဒါ ကို ပိတ်ပင်တာကလည်း သူတို့ပိတ်ပင်တဲ့ဟာပဲ။ ဒီဟာက တကယ်ကျတော့ လွတ်လပ်စွာရေး သားခွင့်ကို တား ဆီးတာပဲ။ ဒါကိုတော့ ဆရာတို့ လက်မခံနိုင်ဘူး။ အမှန်တော့ တရုတ်မုန့်ဆိုတာ တရုတ်ကလုပ်တဲ့မုန့်ဆိုရင် တရုတ်မုန့်ပဲ။ အဲဒီအန္တရာယ်ရှိနေတဲ့ တရုတ်မုန့်ကို အန္တရာယ်ရှိတယ်ဆို တာ ရေးသင့်တယ်လို့ ထင်ပါတယ်။


ဗိုလ်ကြီးဟောင်းနေမျိုးဇင် (မြန်မာ့လူမှုဘ၀မြှင့်တင်ရေး ကွန်ရက်)


တရုတ်မုန့်ကို တရုတ်မုန့်လို့ မခေါ်ရဘူးဆိုရင်တော့ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ပြောသလိုပဲ ကျေးဇူးရှင် မုန့်လို့ခေါ်ရမှာ ထင်တယ်။ ဒီတရုတ်မုန့်လို့ အခေါ်မခံချင်ရင် အရည်အသွေးနိမ့်တဲ့ တရုတ်စာ တွေနဲ့ဟာတွေ သူတို့ မတင်သွင်းရုံ ပဲရှိတာလေ။ ကျွန်တော်တို့က တရုတ်မုန့်ကို တရုတ်မုန့်လို့မခေါ်လို့ ဘယ်လိုအမည် ခေါ်ရ မလဲခင်ဗျ။ အဲဒီတော့ မခေါ်နဲ့လို့ပြောတဲ့အစိုးရ ကိုယ်၌က အဲဒီလိုအခေါ်မခံစေချင်ရင် အဲဒီလိုခေါ်ဖို့ဖြစ်လာတဲ့ အရည်အသွေးနိမ့်ပြီးတော့ မျိုးဆက်တွေအတွက် ကျန်းမာရေးထိခိုက်စေတဲ့ ဒီတရုတ်နိုင်ငံက စာရိတ္တမကောင်း တဲ့စီးပွားရေးသမားတွေရဲ့ တင်သွင်း ကုန်တွေကို ပိတ်ပေးရုံပဲရှိတယ်လေ။ သူတို့အနေနဲ့ အဲဒီလို ပြောပိုင်ခွင့် မရှိဘူး။ သူတို့ဘာကြောင့်လုပ်တာလဲ ဒီအပြောအဆိုကို။ ဒီအပြောအဆို ဖြစ်လာခြင်း အကြောင်းရင်းကို ဖြေရှင်း ပေးရမှာက အစိုး ရရဲ့တာဝန်။ အကယ်၍ ဒီလိုပြော တာကိုလက်မခံနိုင်ရင် ကျွန်တော် တို့ကလည်း ပြန်ရွဲ့ရ မှာ ပေါ့။ ကျေးဇူး ရှင်ကြီးတွေ မုန့်ဆိုပြီးတော့ ၀န်ကြီးတစ်ယောက်ရဲ့ အသုံးအနှုန်းအတိုင်း သုံးနှုန်းသွားရမလို ဖြစ် နေတာပေါ့။ ချစ်ကြည်ရေးပျက်ပြား တယ်ဆိုတဲ့အလုပ် က အရည်အသွေး ညံ့တဲ့ဟာတွေကို သွင်းခွင့်ပေးတဲ့ အစိုးရနဲ့ ထုတ်လုပ်တဲ့ တရုတ်လုပ် ငန်းရှင်တွေကသာလျှင် တရုတ်-မြန်မာချစ်ကြည်ရေးကို ပျက်ပြား စေတဲ့ အဓိကတရားခံဖြစ်ပါတယ်။


ဒေါ်ခင်သန္တာ (NLD ပါတီ ဗဟိုကော်မတီဝင်)


လွှတ်တော်ထဲမှာလည်း တစ်ခုတော့ ရှိတယ်။ အဲဒီလို နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြားစေမယ့် အသုံးအနှုန်း မျိုး၊ မေးခွန်းမျိုးဆိုရင် ကျွန်မတို့တွေ မမေးရဘူးဆိုတဲ့ အချက်တော့ရှိတယ်။ ဒါပေမဲ့ ဒါက ချစ်ကြည်ရေးနဲ့ ဆိုင် တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ချစ်ကြည်တာ၊ မချစ်ကြည်တာထက်ကိုပဲ ကျွန်မ တို့နိုင်ငံသားတွေအတွက် အမှန်တ ကယ်ကိုပဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီးတော့မှ ဆိုးဆိုးရွားရွားဖြစ်စေတဲ့ ဟာမျိုးဆိုလို့ရှိရင် ကျွန်မတို့က ခေါ်ဝေါ်သုံးစွဲရုံတင် မဟုတ်ဘဲနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်သင့်တဲ့ အတိုင်းအတာ ထိအောင် လုပ်ဆောင် သင့်တယ်လို့ ကျွန်မကတော့ ထင်ပါတယ်။


ဒေါ်နန်းဝါနု (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)


အဲဒါတော့ ထူးဆန်းတယ်။ များသောအားဖြင့် တံဆိပ်ကိုကြည့်ရင် တရုတ်စာ ဆိုရင် တရုတ်မုန့် ပေါ့။ ဂျပန်စာဆို ရင် ဂျပန်မုန့်ပေါ့။ သူတို့က ဘာကြောင့် ဒီလိုမျိုးစိုးရိမ်ရတာလဲ ဆိုတဲ့အချက်ကိုတော့ ကြည့်ရမှာပေါ့။ တရုတ် နိုင်ငံက ထုတ်လုပ်လိုက်တဲ့ စားသောက်ကုန် ပစ္စည်းတွေက ဒီမှာ စားသောက်မှု စစ်ဆေးတာတို့၊ မြန်မာနိုင်ငံကို တရားဝင်တင်ပို့ထားတဲ့ မုန့်တွေ မဟုတ်ဘူးလေ။ သူတို့ကတော့ ဒီလိုမျိုးပြောမယ့်အစား ဒါကိုတော့ စိစစ်ကြပ် မတ်သင့်တာပေါ့။ သူတို့ နိုင်ငံက ပိတ်ပင်ထားတဲ့ဟာတွေ လား။ မပိတ်ပင်ထားဘူးဆိုရင် တောင် ကျွန်မတို့နိုင်ငံ က ကျန်းမာ ရေးအဖွဲ့ အစည်းတွေ၊ အစား အသောက်တွေစိစစ်တဲ့ အဖွဲ့အစည်းတွေက လုပ်ပေးဖို့ တာဝန်ရှိတယ် လေ။ ဒီလိုမျိုးပြောလိုက်ရုံနဲ့ တော့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူးလေ။ ပြဿနာပြေလည် သွား အောင် ဆိုရင် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပေါ့။ ဒီမုန့်တွေစားလို့ ဒီလိုမျိုးတွေဖြစ်နေတယ်။ တာဝန်ယူ ပေးပါဆိုတဲ့ အနေ အထားမျိုးပြော ရမှာပေါ့။ တရုတ်က လုပ်တဲ့မုန့်မို့ လို့ တရုတ်မုန့်လို့ခေါ်တာလေ။ ဒါ့ ကြောင့်လည်း တရုတ် -မြန်မာ ချစ်ကြည်ရေးကို ထိခိုက်မယ်လို့ မထင်ပါဘူး။


ရှိန်းဝေနောင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/ZwVVXy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...