Skip to main content

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်



ရန်ကုန်၊ အောက်တိုဘာ ၁၅

ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပြစ်မှုပုဒ်မ ၄၀၉/၁၀၉နှင့် အစိုးရကို အကြည် ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) အမှုတို့ဖြင့် စွဲဆိုထားသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဦးဆန်းဆင့်၏ အစ်ကိုလည်းဖြစ်၊ တရား လွှတ်တော် ရှေ့နေလည်း ဖြစ်သူ ဦးဆန်းမြင့်က အောက်တိုဘာ ၁၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။


နောက်ဆုံး အမိန့်ချမှတ်မည့် အောက်တိုဘာ ၁၇ ရက်နေ့သည် ဦးဆန်းဆင့်၏ (၂၆) ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ (၂၅) ကြိမ်မြောက် ရုံးချိန်း တွင် နှစ်ဖက် ရှေ့နေများ က နောက်ဆုံး လျှောက်လဲချက် အပြန်အလှန် ပေးခဲ့ကြသည်။


““အောက်တိုဘာ ၁၇ ရက်နေ့မှာ နောက်ဆုံး အမိန့်ချပါမယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကတော့ နောက် ဆုံး လျှောက်လဲချက် ပေးကြတာပေါ့။ ကျွန်တော် တို့ ဘက်ကတော့ အမှု နှစ်ခုစလုံးကို စွပ်စွဲထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ ၁၂၄(က) စွဲဆိုချက်ပါ အင်္ဂါရပ်တွေနဲ့ အမှုအကြောင်း အခြင်းအရာသည် ညီညွတ်မှု မရှိသည့် အတွက် ဒီအမှုကနေ အပြီးအပြတ် ပြန်လွှတ် ဖို့ လျှောက်လဲ ချက် ပေးပါတယ်။ ဟိုဘက်က တရားလိုဆိုက်မှာ ပါဝင်ဆောင်ရွက်နေတဲ့ စသုံးလုံး ရှေ့နေနဲ့ ခရိုင်ဥပဒေ အရာရှိတွေကတော့ အပြစ်ပေးဖို့ပေါ့ဗျာ။ ကျွန်တော်တို့ ဘက်ကတော့ လွှတ်ဖို့ပေါ့။ လွှတ်ဖို့ဆို တာကလည်း အမှုမှာ ပေါ်ပေါက်ချက်တွေနဲ့ စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ အင်္ဂါရပ်တွေကို ကျွန်တော်တို့က ရှင်းလင်း သုံးသပ်ပြီးတော့ ငြိစွန်းမှု လုံးဝမရှိသည့်အတွက် လွှတ်ပေးဖို့ ဦးဆန်းဆင့် ဘက်ကရှေ့နေများက လျှောက်လဲချက် ပေးပါတယ်။ ဒါကိုရုံးတော်မှာ ဒီအမှုကို မှန်ကန်စွာ သုံးသပ်ပြီးတော့ ဆုံးဖြတ်ချက်ကို ရုံးတော်က ချရမှာပါ””ဟု တရားလွှတ်တော်ရှေ့နေ ဦးဆန်းမြင့်က မြန်မာ သံတော်ဆင့်သို့ ပြော သည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ရုံးချိန်းအား တစ်ပတ်တွင် ၂ ကြိမ် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ““တစ်ပတ် ၂ ကြိမ် ချိန်းတယ်။ အဲဒီ တစ်ပတ် ၂ ချိန်ကို ကျောခိုင်း လာပြီ၊ ရှေ့ပဲ ကြည့်တော့မယ်။ ကံကောင်းလို့ မသေတယ်။ အခုတော့ နောက် ဆုံး လျှောက်လဲချက် ပေးပြီးပြီ””ဟု တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဒက္ခိဏခရိုင် တရားရုံး၌ ဦးဆန်းဆင့်၏ (၁၅)ကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ၀န်ကြီး အပါအ၀င် ပြန်ခေါ် သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ၁၉ ကြိမ်မြောက် ရုံးချိန်းတွင် အဓိက စစ်ဆေးချက်များ စစ်ဆေး၍ တရားခံပြ သက်သေများအား စတင် စစ်ဆေးခဲ့သည်။


အောက်တိုဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့လျှင် အောက်တိုဘာ ၁၈ ရက်နေ့တွင် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို တော်ဝင်နှင်းဆီခန်း မ၌ မီဒီယာသမားများနှင့် အမေးအဖြေ အစီအစဉ်တစ် ရပ် ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းနေ့တွင် အမိန့်မချမှတ် ခဲ့ပါက အမေးအဖြေ အစီအစဉ် ပြုလုပ် မည့် ရက်ပြောင်း လဲနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ဆက်လက် ပြောကြားသည်။


တင်ဇာအောင်


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL










from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rDy678

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...