Skip to main content

လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည် မန္တ...

လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည်



မန္တလေး၊ မတ် ၁၀



မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက် ထူထောင်သူ အလောင်းဘုရား၏ သားတော် ဆင်ဖြူရှင် ဘုရင်လက်ထက်တွင် ဖမ်းဆီး ခေါ်ဆောင်လာသည့် ထိုင်းဘုရင်ကို ထားရှိသော မန္တလေးမြို့တော် အမရပူရမြို့နယ် လင်းဇင်းကုန်းရပ်တွင် ထိုင်းနိုင်ငံသားများက ဖမ်းဆီးခံ ထိုင်းဘုရင် အထိမ်းအမှတ် အဖြစ် တည်ထားသည့် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲကို မတ်လ ၂၆ ရက်နေ့ (တပေါင်း လပြည့်နေ့) တွင် ထိုင်းမင်းမျိုး မင်းနွယ်များက လာရောက် ကျင်းပမည် ဖြစ်ကြောင်း ယင်းလင်းဇင်းကုန်း တူးဖော်ရေး တာဝန်ခံ ဦးမြင့်စန်းက ပြောကြားသည်။



ထိုင်းမင်းမျိုးမင်းနွယ် များနှင့် ထိုင်းလူမျိုးများ၊ လင်းဇင်းကုန်း ဝန်းကျင်ရှိ အလှူရှင်များက ဗုဒ္ဓ၏ ဓာတ်တော်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ သတ္တဌာန ပုံစံများ ပါဝင်သည့် ဌာပနာများကို ယင်းစေတီ၏ ဒုတိယ အဆင့်တွင် ထည့်သွင်းပြီး ဌာပနာ ပိတ်ပွဲ ကျင်းပမည် ဖြစ်ပြီး အဆိုပါ ဌာပနာ ပိတ်ပွဲသို့ မြို့နယ် သံဃနာယက အပါအဝင် လင်းဇင်းကုန်း ဝန်းကျင်ရှိ ကျောင်းတိုက်များမှ သံဃာတော် ၂၉ ပါးနှင့် ထင်ရှားသော ဆရာတော်ကြီးများ ကြွရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



ဥဒုမ္ဗရ ဘုရင်ကြီး အထိမ်းအမှတ် စေတီ ဌာပနာ ပိတ်ပွဲပြီးပါက စေတီကို မူလ တူးဖော်ထားသည့် လက်ရာအတိုင်း ထားရှိမည် ဖြစ်ပြီး ပြန်လည် မွမ်းမံမည် မဟုတ်ကြောင်း၊ စေတီ၏ ကြံ့ခိုင်မှုကို ဘိုးတော်ဘုရား လက်ထက်တွင် ရှိသည့် အုတ်အမျိုးအစားအတိုင်း အစားထိုး ပြုပြင်သွားမည် ဖြစ်ကာ စေတီ၏ အရှေ့မြောက်ဘက်ရှိ ဥဒုမ္ဗရ အရိုးအိုး စေတီတော်ကို ဧပြီလအတွင်း ယင်းစေတီအတွင်းမှ တွေ့ရှိသည့် အရိုးအိုး သပိတ်ကို ထည့်သွင်း၍ ဌာပနာပိတ်ပွဲ ကျင်းပရန် အစီအစဉ် များလည်း ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



ဌာပနာပိတ်ပွဲ ကျင်းပမည့် ဥဒုမ္ဗရ ဘုရင်ကြီး အထိမ်းအမှတ် စေတီတော်ကို ပြုပြင်ရာတွင် မည်သည့် အထောက်အထားမှ မတွေ့ရှိကြောင်း၊ ခေတ်အဆက်ဆက်က ဌာပနာ ဖောက်ပြီးသား လိုဏ်ခေါင်းကိုသာ တွေ့ရကြောင်း ၎င်းကဆိုသည်။



လင်းဇင်းကုန်းရှိ ဥဒုမ္ဗရစေတီနှင့် တူးဖော်ရေး ကိစ္စများသည် မန္တလေးတိုင်း ဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက တာဝန်ယူ ကြီးကြပ် တူးဖော်ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် မှတ်ချက်ပေးရန် မရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူများက ပြောကြားသည်။



အမရပူရ မြို့နယ်ရှိ လင်းဇင်းကုန်း သုသာန်အတွင်း ဥဒုမ္ဗရစေတီနှင့် ကျောင်းတော်ရာများ တွေ့ရှိမှုသည် ကုန်းဘောင်ဆက် မဟာရာဇဝင်တော် ကြီးတွင် ဘကြီးတော် ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်၌ ဘကြီးတော်ဘုရားက သံဃာတော်များ ဘွဲ့တံဆိပ် ကပ်ရာတွင် လင်းဇင်းကုန်း သုသာန် ဝန်းကျင်ရှိ ထိုင်းကျောင်းဆရာတော် အရှင်တိသသရဏ ဆရာတော်ကို အရှင်နလိန္ဒဓဇမဟာဓမ္မရာဇဂုရုဘွဲ့ ကပ်လှူခဲ့သည်ဟု မှတ်တမ်းများ ရှိခဲ့သည်ကို ထောက်ခြင်းအားဖြင့် လင်းဇင်းကုန်းတွင် မူလက ထိုင်းဘုန်းကြီးကျောင်း ရှိခဲ့သည်ကို တွေ့ရှိရကာ ကုန်းဘောင်ခေတ် နောက်ပိုင်းနှင့် ကိုလိုနီခေတ်မှ စ၍ လင်းဇင်းကုန်း ဝန်းကျင်ကို သုသာန်မြေ အဖြစ် ဆက်လက် အသုံးချ နေခဲ့သည်မှာ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အထိ ဖြစ်သည်ဟု အမရပူရမြို့ခံ သမိုင်းပညာရှင် အချို့က ထောက်ပြ ပြောဆိုကြသည်။



“အဘတို့ ငယ်စဉ်ကတော့ ဥဒုံစေတီလို့ လူကြီးသူမတွေက ပြောတာကို ကြားဖူးတယ်၊ အဘတို့ကလည်း ဥဒုံစေတီလို့ပဲ ခေါ်တယ်” ဟု အသက် ၈၀ အရွယ်ရှိ အမရပူရမြို့ခံ ဦးသိန်းက ဆိုသည်။



ထိုင်းဘုရင် သင်္ချိုင်းထားရှိသည် ဟူသော လင်းဇင်းကုန်း သုသာန်တွင် တွေ့ရသည့် သပိတ်၊ သင်္ကန်းစ၊ အရိုးစများသည် ဥဒုမ္ဗရဘုရင်၏ အရိုးနှင့် သင်္ကန်းစများ ဖြစ်နိုင်သည်ဟု သေချာစွာ မပြောနိုင်ဘဲ အမရပူရခေတ်တွင် ပျံလွန်တော်မူခဲ့သည့် ထင်ရှားသော ဆရာတော်ကြီးများ၏ အရိုးများ၊ သပိတ်၊ သင်္ကန်းစများ ဖြစ်နိုင်ကြောင်း ယင်းထိုင်းဘုရင် သင်္ချိုင်းကို မတူးရသေးသည့် နေရာများ ရှိသည့်အတွက် ထိုင်းဘုရင် ဥဒုမ္ဗရ သချိုင်းနေရာဟု မပြောနိုင်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် Silapakorn University တွင် ထိုင်းဘုရင် ဥဒုမ္ဗရအကြောင်း စာတမ်းဖတ်ခဲ့သူ ဒေါက်တာ တင်မောင်ကြည်က ပြောကြားသည်။



ဌာပနာ ပိတ်ပွဲအတွက် ရှမ်းပြည်ရောက် ဆရာတော်များနှင့် ဘာသာရေး အသင်းအဖွဲ့များက ဆွမ်းကပ်ရန် အတွက် ဆွေးနွေးမှုများ ရှိနေကြောင်း မြန်မာ-ထိုင်း ရေသဖန်း အဖွဲ့ဝင် ဦးစိုးကျော်သူက ပြောကြားသည်။



အမရပူရ မြို့နယ်ရှိ အိုးတော် ရပ်ကွက်နှင့် ဆင်စွယ်ပွတ် ရပ်ကွက်အတွင်း နယ်နိမိတ်တွင် ပါဝင်သည့် ယခင် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရသင်္ချိုင်းနှင့် စေတီတော် ဧရိယာ ၁ ဒသမ ၀၃၂၄ ဧကကို ဝန်းခြံခတ် တူးဖော်ခွင့်ပြုရန် မြန်မာ-ထိုင်း ရေသဖန်းအဖွဲ့ ချစ်ကြည်ရေး အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က စတင် လျှောက်ထားခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1fnn9oW

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...