Skip to main content

မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့...

မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းမည်



မန္တလေး၊ မတ် ၁၀



မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ လက်နက်ကိုင် လုယက်မှုများ ဖြစ်ပေါ်လျက်ရှိသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ကို မန္တလေး မြို့တော်တွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။



ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ယူခြင်း ဖြစ်ပွားမှု များပြားလာသည့် အတွက် ရေကြောင်း လုံခြုံရေးအတွက် ယင်းသို့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ထပ်မံ ပြောကြားသည်။



“မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ မြစ်ကြောင်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းတာပါ၊ အခု လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မြေနေရာ ရှာနေတယ်။ နေရာရတာနဲ့ ချက်ချင်း လုပ်ဆောင်မှာပါ။ အင်အား ဖွဲ့စည်းပုံကတော့ ဦးရေ ၂၀၀ ကျော်ပါ။ ရဲမှူးတစ်ဦး ဦးဆောင်ပြီး လုပ်ဆောင်မှာပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။



အဆိုပါ လုယက်သူများသည် မန္တလေးတိုင်း ဒေသကြီး ရှမ်းကလေးကျွန်း အနီးရှိ သဲသောင်ပြင်တွင် တံငါလုပ်ငန်းနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများ အဖြစ် ဟန်ဆောင် နေထိုင်ပြီး ညပိုင်း အချိန်များတွင် ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးပါ အုပ်စုတစ်ဖွဲ့ကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီက ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။



“အခုလိုမျိုး ခိုး၊ ဆိုး၊ နှိုက်တွေကို ဖမ်းဆီး ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကုန်ပို့ဆောင်ရေး ယာဉ်တွေ အများကြီး အဆင်ပြေပါတယ်။ အရင်ကဆိုရင် ညတိုင်းနီးပါး ပစ္စည်းယူခံရတယ်။ နေ့တိုင်းကြီးဆိုတော့ အစောင့်ထားလည်း မလွယ်ဘူး။ မသိလိုက်လို့ ခိုးတာ ဘာမှ မဖြစ်ဘူး။ သိသိရက်ကြီးနဲ့ ငြိမ်ခံနေရသလို ဖြစ်နေတာ။ အခုဆိုရင် လုံးဝ မရှိတော့ဘူး။ မြို့နယ်မှူးတွေ ကိုယ်တိုင် ဦးစီးပြီး လုပ်ဆောင်တာ တော်တော်လေးကို ပါးသွားတယ်” ဟု ဧရာဝတီမြစ် ဂေါဝန်ဆိပ်ကမ်းရှိ စွမ်းကေကေ ရေကြောင်းကုန်ပစ္စည်း သယ်ဆောင်ရေး လုပ်ငန်းမှ လုပ်ငန်းရှင် ဦးသောင်းရွှေက ဆိုသည်။



ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင်စက်လှေ၊ သင်္ဘောများကို မတ်လဆန်းပိုင်းမှ စတင်ကာ လူအုပ်စု တစ်စုက ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဓားပြဆန်ဆန် လုယူမှုများ ရှိသဖြင့် မဟာအောင်မြေမြို့နယ် မြစ်ကြောင်း တစ်လျှောက်တွင် စက်လှေ သုံးစင်း၊ အောင်မြေသာစံ မြို့နယ်တွင် တစ်စင်း၊ ပုသိမ်ကြီး မြို့နယ်နှင့် အမရပူရ မြို့နယ်တို့တွင် စက်တပ် လှေများဖြင့် နယ်မြေ ရဲတပ်ဖွဲ့က လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက်နေရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောကြားထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1g40yt0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...