Skip to main content

အခွန်ဥပဒေကြမ်းနှစ်ခု လွှတ်တော်အမတ်များ တင်ပြချက်ပယ်၍ မူလအတိုင်းအတည်ပြု နေပြည်တော...

အခွန်ဥပဒေကြမ်းနှစ်ခု လွှတ်တော်အမတ်များ တင်ပြချက်ပယ်၍ မူလအတိုင်းအတည်ပြု



နေပြည်တော်၊ မတ် ၁၁



မြန်မာ့အခွန်ကောက်ခံရေးစနစ် အသက်ပြန်သွင်းရန် အရေးကြီးသည့် ဥပဒေအဖြစ် ပညာရှင်အချို့ ထောက်ပြထားသော ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကြမ်းနှင့် ဝင်ငွေခွန် ဥပဒေတို့ကို ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များကို ပယ်၍ အစိုးရက မူလရေးဆွဲထားသည့် ပြဋ္ဌာန်းချက်များ အတိုင်းသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။



ယင်းဥပဒေ နှစ်ခုကို ယနေ့ (မတ်၁၁) ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။



ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဧရာဝတီ အမှတ် (၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီနှင့် ပေါက်တော မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်တို့က ဥပဒေကြမ်း နှစ်ခုပါ ပြဋ္ဌာန်းချက်များကို ဖြည့်စွက်ရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချက် ၂၀ ခန့် တင်ပြခဲ့သော်လည်း လွှတ်တော်က မူလပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

“အခုပြင်ဆင်ဖို့ ပြောတဲ့သူတွေ့ရဲ့ တင်ပြချက်တွေထဲက တစ်ခုမှ အတည်မဖြစ်လိုက်ပါဘူး။ ဒါကိုလည်း လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။



ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် မူလက အကြိုညှိနှိုင်းထားရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ ပြင်ဆင်ရန် တင်ပြသည့် ကိုယ်စားလှယ်များသည် လာရောက် ညှိနှိုင်းခဲ့ခြင်း မရှိကြောင်း ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ပြောကြားသည်။



“သူတို့က လွှတ်တော်ထဲမှာပဲ ဆွေးနွေး တင်ပြမယ်ဆိုတယ်။ ပြင်ဆင်ချင်တဲ့ သူတွေ၊ ဝန်ကြီးဌာနနဲ့ ကော်မတီတွေ အကြိုညှိနှိုင်းကြတော့ သူတို့မပါကြဘူး” ဟု ညှိနှိုင်းသည့် အချိန်တွင် ပါဝင်ခဲ့သော ၎င်းကရှင်းပြသည်။



ဥပဒေကြမ်းနှစ်ခုပါ အချက်အလက်များသည် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှု မရှိသေးမီ ယင်းဥပဒေကို ကိုးကား၍ ပြဋ္ဌာန်းလာခြင်းကြောင့် အချို့သော အချက်များကို ဆွေးနွေးမှု ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း ဦးခင်မောင်ရီက ဆိုသည်။



“အကုန်လုံးကို ပယ်ချလိုက်တာပါ၊ အစည်းအဝေး ကြိုတင်ညှိနှိုင်းဖို့ အတွက်လည်း တစ်ခါမှ မဖိတ်ပါဘူး” ဟု ဥပဒေကြမ်းပါ အချက်များကို အဓိက တင်ပြဆွေးနွေးသူ ဒေါ်တင်နွယ်ဦးက ပြောကြားသည်။



လွှတ်တော်တွင် အခွန်နှင့် ပတ်သက်သော ကိစ္စများကို ကျွမ်းကျင်စွာ တင်ပြဆွေးနွေးသူများ စာရင်းတွင် ဒေါ်တင်နွယ်ဦး ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ (ဥတ္တရသီရိ မဲဆန္ဒနယ်) က ဆိုသည်။



“ဥပဒေက အတည်ဖြစ်သွားပါပြီ။ တိုင်းပြည်အတွက် စိတ်မကောင်းပါဘူး” ဟု ဒေါ်တင်နွယ်ဦးက ထပ်လောင်းပြောဆိုသည်။



အဆိုပါ ဥပဒေများကို ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးနိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာထားသည်။



from The Voice Weekly's Facebook Wall http://ift.tt/1g7Bl0S

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...