Skip to main content

လူသုံးသောင်း အလုပ်ရနိုင်မည့် ဟောင်ကောင်အထည်ချုပ်များ ဝင်ရောက်မည် ရန်ကုန်၊ မတ် ၁...

လူသုံးသောင်း အလုပ်ရနိုင်မည့် ဟောင်ကောင်အထည်ချုပ်များ ဝင်ရောက်မည်



ရန်ကုန်၊ မတ် ၁၁



သီလ၀ါ စီးပွားရေး အထူးဇုန်တွင် အနည်းဆုံး လုပ်သားသုံးသောင်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည့် ဟောင်ကောင် စီးပွားရေးကုမ္ပဏီ ၁၂ ခု၏ အစုအဖွဲ့လိုက် အထည်ချုပ်လုပ်ငန်းများ လာမည့် ၂၀၁၅ နှစ်လယ်ပိုင်း၌ တည်ထောင် လုပ်ကိုင်မည် ဖြစ်ကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။



အဆိုပါ စီမံကိန်းကို အထည်ချုပ် ကုမ္ပဏီများ သီးသန့် စုစည်းထားသော (Industrial Park) အဖြစ် တည်ထောင်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။



မြန်မာလုပ်သား တစ်ဦးအတွက် တစ်လလျှင် လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀၀ (ကျပ် ၉၇,၀၀၀) မှ ၁၂၀ (ကျပ် ၁၁၆,၄၀၀) ကျပ်အကြား လုပ်အားခပေးမည် ဖြစ်ပြီး ချုပ်လုပ်ပြီး အထည်များကို ဥရောပ နိုင်ငံများသို့ တင်ပို့မည် ဖြစ်ကြောင်း South China Morning Post က ဖော်ပြသည်။



မြန်မာနိုင်ငံတွင် လုပ်အားခ ဈေးပေါခြင်းကြောင့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ဟောင်ကောင်မှ လစ်ဘရယ်ပါတီ ဥပဒေပြုရေးအဖွဲ့မှ Felix Chung Kwok-pan ၏ပြောကြားချက်ကို ကိုးကား၍ South China Morning Post က ဖော်ပြသည်။



ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်များ သီလဝါ စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်ဟု ကြားသိထားပြီး ဟောင်ကောင်နည်းတူ ထိုင်းလုပ်ငန်းရှင်များကလည်း အစုအဖွဲ့လိုက် အထည်ချုပ် သီးသန့် လုပ်ကိုင်ရန် စိတ်ဝင်စားလျက် ရှိသည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

“သေချာတာကတော့ သူတို့မလာလည်း လာမယ့် (ရင်းနှီးမြှုပ်နှံသူ) လူတွေ အများကြီး ရှိနေတယ် ဆိုတာပဲ” ဟု ၎င်းကဆိုသည်။



သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူ (ကုမ္ပဏီနှင့် လုပ်ငန်းရှင်) ၄၀ ခန့် ရှိကြောင်း Myanmar Thilawa SEZ Holdings Public Limited ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားထားသည်။



မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ စာရင်းများအရမူ မြန်မာ့ အထည်ချုပ်ကဏ္ဍတွင် ဟောင်ကောင်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1lUJmOU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...