Skip to main content

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား ပုသိမ်...

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား



ပုသိမ်၊ မတ် ၁၀



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။



ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်သို့ ရောက်ရှိစဉ် ၂၀၁၀ ပြည့်နှစ်က ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည့် မူလ မဲဆန္ဒနယ် ဖြစ်သည့် ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။



တပ်မတော်အစိုးရ လက်ထက်က ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းမှူးအဖြစ် လည်းကောင်း၊ သမဝါယမဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇာတိမြေ ဖြစ်သော ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။



“အခြား နေရာတွေကလည်း ကျွန်တော့်ကို ခေါ်ထားတာတော့ ရှိပေမယ့် ဟင်္သာတ မြို့ကပဲ အရွေးခံမယ်၊ ဒီဒေသမှာ ရှိတဲ့ လယ်သမားတွေကို ငွေချေးဖို့ဆိုပြီး သမဝါယမဝန်ကြီး အဖြစ်နဲ့ရော လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ်နဲ့ပါ ရောက်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အတွက် အမှတ်ရစရာတွေပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။



၎င်းက ယင်းသို့ ပြောဆိုခြင်းသည် လက်ရှိ အာဏာရ ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြိုင်ဘက် ပါတီများအနက် အဓိက ယှဉ်ပြိုင်ရမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ရွေးချယ်မည့် အကြောင်း ထုတ်ဖော် ပြောကြားခြင်း မရှိခင် ပြောဆိုခြင်းလည်း ဖြစ်ကြောင်း ပုသိမ်မြို့ရှိ နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်သည်။



“သူ့နယ်မြေမှာ ပြန်ပြိုင်မယ်ဆိုတာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ လိုတော့ လွယ်မှာ မဟုတ်ဘူး” ဟု ဟင်္သာတမြို့ရှိ လူ့အခွင့်အရေးကွန်ရက် အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးသည်၂၀၁၀ ရွေးကောက်ပွဲ၌ ဟင်္သာတ မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး၂၀၁၂ ခုနှစ် အတွင်းက ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၏ လုပ်ပိုင်ခွင့်များအား ထိပါးစေနိုင်သော စကားများ ပြောဆိုခဲ့ရာ ထိုစဉ်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူထားပြီး ယခု သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူလျက် ရှိသည့် ဦးဆန်းဆင့်က တရားစွဲဆိုရန် စီစဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။



လက်ရှိအချိန်၌ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်လာနိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဟင်္သာတ ခရိုင်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်လျက် ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ခြင်း မရှိသေးပေ။







from The Voice Weekly's Facebook Wall http://ift.tt/1nEvrLf

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3