Skip to main content

နိုင်ငံရေးတွင် မွန်အမျိုးသမီးပါဝင်မှု အလွန်နည်းသည်ဟု မွန်ပြည်သစ်ပါတီပြော မော်လမြ...

နိုင်ငံရေးတွင် မွန်အမျိုးသမီးပါဝင်မှု အလွန်နည်းသည်ဟု မွန်ပြည်သစ်ပါတီပြော



မော်လမြိုင်၊ မတ် ၁၁



နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် ယနေ့ခေတ် မွန်အမျိုးသမီးတို့၏ ပါဝင်မှုသည် အလွန်နည်းပါးနေကြောင်း မွန်ပြည်သစ်ပါတီ အမျိုးသမီး ဗဟိုကော်မတီဝင် မိစာတာက ပြောကြားသည်။



ရာခိုင်နှုန်းဖြင့် ဖော်ပြ၍ မရလောက်အောင်ပင် မွန်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုမှာ နည်းပါးပြီး ထိုသို့ ပါဝင်လာရန် အမျိုးသားများကို စည်းရုံးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ပါဝင်ဖို့က အမျိုးသားတွေကိုပါ စည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်” ဟု မိစာတာက ဆိုသည်။



အမျိုးသမီးတို့၏ ကဏ္ဍကို မြှင့်တင်ပေးရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးတွင် အမျိုးသမီးများ တရားနည်းလမ်းတကျ ပါဝင်လာစေရန်နှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍတွင် စွမ်းရည်မြင့် အမျိုးသမီးများ ပါဝင်လာနိုင်ရန် ရည်ရွယ်ပြီး မွန်အမျိုးသမီး ညီလာခံ တစ်ရပ်ကိုလည်း မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပခဲ့သည်။



“လက်ရှိ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားက အင်မတန် နည်းပါတယ်။ လူမှု အဖွဲ့အစည်းတွေမှာပဲ ပါဝင်တာများတယ်။ အကျိုးမရှိဘူးလားဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါတွေက ဆုံးဖြတ်ချက်ချမယ့် အဓိကနေရာ မဟုတ်ဘူး။ ကနေ့ အမျိုးသမီးတွေ တောင်းဆိုနေတာ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အမျိုးသမီးတွေ ရာခိုင်နှုန်း များများပါဝင်ဖို့၊ အဲဒါတွေရဖို့ အဲဒီအဖွဲ့ထဲမှာ အမျိုးသမီးတွေများများ ပါဝင်မှရမှာ” ဟု မွန်အမျိုးသမီး ညီလာခံတွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်တလညီက ဆွေးနွေးခဲ့သည်။



အမျိုးသမီးများ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးမှသာလျှင် အမျိုးသမီးတို့၏ ပါဝင်မှု များလာနိုင်မည် ဖြစ်ပြီး ဖန်တီးပေးခြင်း မရှိသရွေ့ အမျိုးသမီးတို့၏ ပါဝင်မှုသည် မပြောပလောက်အောင် နည်းပါးနေဦးမည်ဟု မွန်အမျိုးသမီး မိကွန်းချမ်းနွံက ပြောကြားသည်။



နိုင်ငံရေး လှုပ်ရှားမှုတွင် မွန်အမျိုးသမီးတို့ ပါဝင်မှု ရာခိုင်နှုန်း များလာစေရန်အတွက် မွန်ပါတီ သစ်တစ်ခုဖြစ်သည့် ‘မွန်အမျိုးသားပါတီ’ ကလည်း ၎င်းတို့ပါတီ၏ ဖွဲ့စည်းပုံ ဥပဒေကို ရေးဆွဲသည့်အခါတွင် အမျိုးသမီး ပါဝင်မှုကို ၂၀ ရာခိုင်နှုန်းထိ ထည့်သွင်း ရေးဆွဲသွားမည်ဟု ဆိုထားသည်။



မွန်အမျိုးသမီး ညီလာခံတွင် အမျိုးသမီးများနှင့် နိုင်ငံရေး၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးများနှင့် ပညာရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့် ပူးပေါင်း ဆောင်ရွက်မှု စသည့် ခေါင်းစဉ်တို့ဖြင့် အဓိကထား ဆွေးနွေးခဲ့ကြသည်။



မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ကျောင်းတွင် သုံးရက်ကြာ ကျင်းပခဲ့သည့် မွန်အမျိုးသမီး ညီလာခံမှာ ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ မွန်အမျိုးသမီး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသာမက မွန် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ကြသည်။



from The Voice Weekly's Facebook Wall http://ift.tt/1nJCJxb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...