Skip to main content

ဒုချီးရားတန်း ကောလာဟလ အဖွဲ့အစည်းတစ်ခုက စနစ်တကျ လုပ်ဆောင်ဟု ကော်မရှင်ဆို ရန်ကုန်...

ဒုချီးရားတန်း ကောလာဟလ အဖွဲ့အစည်းတစ်ခုက စနစ်တကျ လုပ်ဆောင်ဟု ကော်မရှင်ဆို



ရန်ကုန်၊ မတ် ၁၁



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များတွင် ဘင်္ဂါလီများ အကြမ်းဖက် ခံရသည်ဟု အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်း တစ်ခုခုက စနစ်တကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဖွဲ့စည်း တာဝန်ပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြားသည်။



ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။



အဆိုပါ ဖြစ်စဉ်များတွင် ရခိုင် တိုင်းရင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များက လုပ်ဆောင်သည်ဟု စွပ်စွဲချက်များသည် အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်း တစ်ခုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆောင်နေသည်ဟု သုံးသပ်ရသော်လည်း တိကျခိုင်မာသည့် သတင်းများ မရရှိသေးသဖြင့် မည်သည့် အဖွဲ့အစည်း ဆိုသည်ကို တိတိကျကျ ပြောဆို၍ မရသေးကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

“လုပ်သွားတဲ့ ပုံစံကို ကြည့်မယ်ဆိုရင်၊ သတင်းတွေ ဖြန့်ဝေတာ၊ Social Media ပေါ်ရောက်လာတာ ကြည့်မယ်ဆိုရင် အဖွဲ့တစ်ဖွဲ့ဖွဲ့က စနစ်တကျ လုပ်နေ တယ်လို့ သုံးသပ်လို့ ရပါတယ်” ဟု ဒေါက်တာကျော်ရင်လှိုင်က ဆိုသည်။



သို့သော်လည်း မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်နေသည်ကို အချိန်ယူ စောင့်ကြည့်ရမည် ဖြစ်ပြီး RSO (Rohingya Solidarity Organization) စစ်သင်တန်းဆင်း ဘင်္ဂါလီများက ရွာခံများကို စစ်သင်တန်း ပေးခဲ့သည်ဟု ဘင်္ဂါလီအချို့က ထွက်ဆိုခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။



ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် ဘင်္ဂါလီများ ဆယ်နှင့်ချီ သတ်ဖြတ်ခံရသည်ဟု ဘင်္ဂါလီများက ပြောဆိုကြသော်လည်း အမှန်တကယ် အသတ်ခံရသည့် မြေပြင်အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောဆိုသည်။



ပြည်တွင်း ပြည်ပရှိ ဘင်္ဂါလီများက မီဒီယာ ကျွမ်းကျင်စွာ အသုံးပြုကာ ကောလာဟလများကို ပိုမိုပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့၍ မြေပြင် အခြေအနေများကို ပိုဆိုးသွားစေခဲ့ကြောင်း၊ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အခြေအနေများကို ပိုမိုရှုပ်ထွေးစေရန် ရည်ရွယ်ချက်ဖြင့် ကောလာဟလ သတင်းများကို ထုတ်လွှင့် ဖြန့်ဝေနေသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။



ဇန်နဝါရီလ ၃ ရက်နေ့က ဒုချီးရားတန်း အလယ်ရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးသည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် နိုင်ငံတကာ စာမျက်နှာ၌ ရခိုင် တိုင်းရင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၄၀ ကျော် သတ်ဖြတ်ခံရသည့် သတင်းများ ပျံ့နှံ့ခဲ့သည်။



ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဒုချီးရားတန်း အနောက်ရွာတွင် ဖြစ်ပွားသည့် မီးရှို့မှုတွင်လည်း ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် တိုင်းရင်းသားများက လုပ်ဆောင်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။



အဆိုပါ ဖြစ်စဉ်များမှာ မြေပြင် အခြေအနေတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ခြင်း မရှိဘဲ နိုင်ငံတကာ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ပုံကြီးချဲ့ရေးသား ဖော်ပြမှုများ ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။



ဒုချီးရားတန်း အနောက်ရွာ မီးလောင်မှုမှာ ပထမနေအိမ် မီးလောင်သည့် နေရာနှင့် ဒုတိယနေအိမ် မီးလောင်သည့်နေရာမှာ ကိုက် ၂၀၀ ခန့် ကွာဝေးပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် နေအိမ်နှင့် ကပ်လျက်တွင် အိမ်ကြီးများ ရှိသော်လည်း လောင်ကျွမ်းခြင်း မရှိဘဲ အိမ်ငယ်များကိုသာ လောင်ကျွမ်းခြင်း ဖြစ်သဖြင့် စနစ်တကျ ပြုလုပ်သည့် မီးရှို့မှုဟု ယူဆရသော်လည်း မည်သူမည်ဝါ မီးရှို့ခဲ့သည် ဆိုသည့် အထောက်အထား မရရှိခဲ့ကြောင်း ဒေါက်တာသာလှရွှေက ဆိုသည်။



ဒုချီးရားတန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် ဘင်္ဂါလီ လူဦးရေ ၂၁၀၀၀ ကျော် ရှိပြီး ရခိုင် တိုင်းရင်းသားဦးရေမှာ ၁၃၀၀ ဝန်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသာရှိသဖြင့် ရဲနှင့် တိုင်းရင်းသားများ လာရောက် မီးရှို့သည်ဆိုသည့် စွပ်စွဲချက်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။



ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ဘင်္ဂါလီများ၏ ဝိုင်းဝန်း တိုက်ခိုက်ခံရကာ လယ်ကွင်းထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားခံရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုခဲ့ကြပြီး ၎င်း၏အလောင်းကို တွေ့ရှိခြင်း မရှိရသေးသဖြင့် သေဆုံးသည်ဟု မသတ်မှတ်နိုင်သေးသော်လည်း အသက်ရှင်နိုင်ရန် အခြေအနေ နည်းပါးသွားပြီ ဖြစ်ကြောင်း ဒေါက်တာသာလှရွှေက ဆိုသည်။



ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသည့်စာရင်းကို အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသဖြင့် ကော်မရှင်၏ အစီရင်ခံစာမှာ ပြည့်စုံခြင်းမရှိဘဲ တစ်ဖက်သတ် ဖြစ်နေကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ အစ္စလာမ် ဘာသာဝင် ဦးစောလွင်က ပြောကြားသည်။



စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သည်။







from The Voice Weekly's Facebook Wall http://ift.tt/1lUJnlK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...