Skip to main content

ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှု ကန်ဒေါ်လာသန်း ၉၀ ခန့်ကျဆင်း ရန်ကုန်၊ မတ် ၁၁ ဘဏ္ဍာန...

ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှု ကန်ဒေါ်လာသန်း ၉၀ ခန့်ကျဆင်း



ရန်ကုန်၊ မတ် ၁၁



ဘဏ္ဍာနှစ် ကုန်ဆုံးရန် သီတင်းပတ် အနည်းငယ်ခန့်သာ ကျန်ရှိချိန်ထိ မြန်မာ့ ရေထွက်ကုန် ပြည်ပ တင်ပို့မှုသည် ယမန်နှစ် တင်ပို့မှုကိုပင် ပြည့်မီခြင်း မရှိဘဲ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် လျော့နည်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။



ရေထွက်ကုန် ပြည်ပတင်ပို့မှု လျော့ကျခြင်းသည် သဘာဝအတိုင်း ဖမ်းဆီးရမိမှုကိုသာ အားပြုရလျက်ရှိပြီး မွေးမြူရေးပိုင်းကို တိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ့ရေလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိခဲ့သည့် ၎င်းကဆိုသည်။



ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၅၉၀ နီးပါး ရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် သန်း ၅၀၀ နီးပါးသာ ရရှိထားရာ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် လျော့ကျလျက် ရှိသည်ဟု ၎င်းကရှင်းပြသည်။



ယခုဘဏ္ဍာနှစ်အတွင်း အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ခဲ့သော်လည်း မြန်မာ ရေထွက်ကုန်များမှာ အဆိုပါ နိုင်ငံများသို့ တင်ပို့ရန် နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက်ကြောင့် တင်ပို့နိုင်ရန် ခက်ခဲလျက် ရှိကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“လာမယ့် ဘဏ္ဍာနှစ်မှာလည်း ရေထွက်ပို့ကုန် တင်ပို့မှုက ကျဦးမှာပဲ” ဟု ဦးဟန်ထွန်းက မှတ်ချက်ပြုသည်။



မြန်မာရေထွက်ကုန်ပစ္စည်း ပြည်ပ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့်သာ ရရှိနိုင်ပြီး ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၆၅၂ သန်းအောက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် လျော့နည်းနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ငါးလုပ်ငန်း အဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးတွင် ခန့်မှန်း ပြောကြားထားသည်။



ရေထွက်ပို့ကုန် လုပ်ငန်းရှင်အချို့ကမူ ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းနှင့် ငါးသယံဇာတ ရှားပါးလာခြင်းသည် ပြည်ပတင်ပို့မှု ကျဆင်းခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။



မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို ပြည်တွင်းထွက်ရှိမှု၏ ဆယ်ပုံတစ်ပုံကိုသာ ပြည်ပသို့ တင်ပို့လျက်ရှိပြီး ပြည်ပတင်ပို့မှု လျော့ကျ လာခြင်းသည် ပြည်တွင်း စားသုံးမှု မြင့်မား လာခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရေချိုငါးဖမ်း လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ပြောကြားထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1lUFsp2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...