Skip to main content

နာမည်ကျော်ဘဏ်နှင့် ကုမ္ပဏီအချို့ အခွန်မဆောင်စာရင်း မှားယွင်း ထည့်သွင်းခြင်းခံရမှု...

နာမည်ကျော်ဘဏ်နှင့် ကုမ္ပဏီအချို့ အခွန်မဆောင်စာရင်း မှားယွင်း ထည့်သွင်းခြင်းခံရမှု အခွန်ရုံးတောင်းပန်



ရန်ကုန်၊ မတ် ၁၁



ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် ကုမ္ပဏီ တစ်သောင်းကျော် စာရင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့ရာ နာမည်ကျော် ဘဏ်များနှင့် ကုမ္ပဏီအချို့ မှားယွင်း ဖော်ပြခံရသဖြင့် တောင်းပန်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။



ကွန်ပျူတာစာရင်း မှားယွင်းသဖြင့် ထုတ်ပြန်မှု မှားခြင်းဖြစ်ပြီး ယခုအခါ အခွန်မဆောင်သည့် ကုမ္ပဏီများ စာရင်းကို ပြန်လည် ပြင်ဆင် ဖော်ပြလျက် ရှိကြောင်း မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောဆိုသည်။



၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု ခံယူရခြင်း မရှိသေးသည့် ကုမ္ပဏီများ စာရင်းကို မတ်လ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာန အင်တာနက် စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ရာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်တို့အပြင် အခြားနာမည်ကျော် ကုမ္ပဏီ များကိုလည်း မှားယွင်း ထည့်သွင်းခဲ့သဖြင့် တောင်းပန်ကြောင်း ဦးတင်ထွန်းနိုင်က ပြောဆိုသည်။



“အဲဒီနေ့က နှစ်နာရီ၊ သုံးနာရီအတွင်း သိတာနဲ့ တစ်ပြိုင်နက် စာရင်းကို ပြန်ဖြုတ်ခဲ့တယ်။ အခုပြန်တင်ထားတဲ့ စာရင်းက အကုန်လုံး မှန်လားဆိုတော့ မှန်တယ်လို့ အားပျော့ပျော့လေးနဲ့တော့ ပြန်ဖြေတယ်” ဟု ၎င်းကဆိုသည်။



ဘဏ်များသည် အခြားသော ကုမ္ပဏီများနှင့် လုပ်ငန်း ဆောင်ရွက်ပုံခြင်း ကွဲပြားကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင် လုပ်ကိုင်ရခြင်း ဖြစ်ပြီး နေ့စဉ် ဝင်ငွေထွက်ငွေ စာရင်းများကို တင်ပြရသောကြောင့် ပြည်တွင်းဘဏ်များ အားလုံးအခွန် ပုံမှန်ဆောင်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းပြသည်။

“မြန်မာနိုင်ငံမှာ အခွန်မဆောင်တဲ့ဘဏ် တစ်ခုမှ မရှိဘူး” ဟု ၎င်းကဆိုသည်။



ပြည်တွင်းအခွန်များ ဦးစီးဌာန ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသည် မတ်လ ၇ ရက်နေ့က အခွန်စည်းကြပ်မှု ခံယူခြင်း မရှိသော ကုမ္ပဏီ တစ်သောင်းကျော်ကို ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီကိုးခု မှားယွင်း ဖော်ပြခဲ့ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။



အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB)၊ Korea Development Bank Co.,Ltd. နှင့် A-1 Garment စသည့်ကုမ္ပဏီ ငါးခုတို့မှာလည်း အခွန် ပေးဆောင်ပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် မတ်လ ၁၁ ရက်နေ့တွင် ထပ်မံ သတင်းထုတ်ပြန် ခဲ့သော်လည်း တောင်းပန်ချက် ရေးသားထားခြင်း မရှိပေ။



from The Voice Weekly's Facebook Wall http://ift.tt/1lUwqbI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...